ပရီးမီးယားလိဂ္မွာ အၾကိဳက္ဆံုး ခံစစ္မွဴးအေၾကာင္း ဆုိကေရးတစ္ ဖြင့္ဟ
အာဆင္နယ္အသင္း ခံစစ္မွဴး ဆုိကေရးတစ္ ကေတာ့ သူ႔အေနနဲ႔ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ခ္ရဲ႕ ေဘာလုံးကစားပုံကို အရမ္းကို ႀကိဳက္ႏွစ္သက္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဒါ့အျပင္ သူက လက္ရွိမွာ ခံစစ္ ကစားသမားေတြဟာလည္း ခ်ီးက်ဴးဂုဏ္ျပဳမႈေတြ ရသင့္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။
လီဗာပူးအသင္း ဗဟိုခံစစ္မွဴး ဗန္ဒိုက္ခ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ လီဗာပူးအသင္းနဲ႔အတူ အေကာင္းဆုံးေျခစြမ္းကို ျပသခဲ့ၿပီး တစ္ဦးခ်င္း ဆုတံဆိပ္ေတြကိုလည္း ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ဗန္ဒိုက္ခ္ဟာ လီဗာပူးကို ေဆာက္သမ္တန္ကေန ေပါင္ ၇၅ သန္းဝန္းက်င္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး သူ႔ ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးထက္ အမ်ားႀကီး ပိုတန္ေအာင္ စြမ္းေဆာင္ေပးခဲ့တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္မွာ UEFA ရဲ႕တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆု ၊ ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆု ၊ Ballon d’Or ဆုမွာ ဒုတိယေနရာကေန ရပ္တည္ႏိုင္ခဲ့တဲ့ ဗန္ဒိုက္ခ္ေၾကာင့္ ေနာက္ခံလူေတြရဲ႕ အခန္းက႑ဟာလည္း တျဖည္းျဖည္း ပိုမို ထင္ရွားလာခဲ့ပါတယ္။ အခုေတာ့ အာဆင္နယ္ကြင္းလယ္လူ ဆုိကေရးတစ္ကလည္း သူ႔အေနနဲ႔ ဗန္ဒိုက္ခ္ကို အရမ္း သေဘာက်တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။
“ ဗန္ဒိုက္ခ္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ တကယ့္ကို အေကာင္းဆုံးပုံစံနဲ႔ ကစားႏိုင္ခဲ့ပါတယ္။ သူ လုပ္ျပခဲ့တဲ့အရာေတြက ေတာ္႐ုံ တန္႐ုံလူေတြ မလုပ္ႏိုင္တဲ့ အရာေတြပါပဲ။ သူက အကူအညီေတြလည္း ရခဲ့သလို သူကိုယ္တိုင္လည္း ၿပီးျပည့္စုံမႈကို ဖန္တီးႏိုင္ခဲ့ပါတယ္။”
” ဗန္ဒိုက္ခ္က တကယ့္ကို ေကာင္းမြန္ေအာင္ ကစားခဲ့တာပါ။ လူေတြက တိုက္စစ္မႉးေတြကို ပိုၾကည့္ၾကေပမယ့္ ခံစစ္ ကစားသမားေတြရဲ႕ အေရးပါမႈကိုလည္း မ်က္ကြယ္ျပဳလို႔မရပါဘူး။ သူတို႔ကိုလည္း ခ်ီးက်ဴးသင့္ပါတယ္” လို႔ ဆုိကေရးတစ္ က ဗန္ဒိုက္ခ္နဲ႔ ပတ္သက္ၿပီး ေျပာဆိုသြားခဲ့ပါတယ္။
ဆိုကရာတစ္ ဟာ ေဒါ့မြန္ကေန အာဆင္နယ္ကို ၿပီးခဲ့တဲ့ႏွစ္မွာ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး သူဟာ အသင္းခံစစ္မွာလည္း ပြဲထြက္ ကစားသမားအျဖစ္ အသုံးေတာ္ ခံေနခဲ့တာပါ။ လက္ရွိမွာေတာ့ အာဆင္နယ္ခံစစ္မွာ အမွားအယြင္းေတြရွိေနတဲ့အတြက္ သူတို႔ကလည္း ေဝဖန္ခံေနရပါတယ္။ ဆိုကရာတစ္ က လက္ရွိမွာ ခံစစ္မႉးေတြကလည္း အေရးပါတဲ့ေနရာရွိသလို အမွားအယြင္းေတြက ေပးဆပ္မႈႀကီးမားတယ္ လို႔ ဆိုသြားခဲ့တာပဲ ျဖစ္ပါတယ္။
Unicode – အာဆင်နယ်အသင်း ခံစစ်မှူး ဆိုကရေးတစ် ကတော့ သူ့အနေနဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ခ်ရဲ့ ဘောလုံးကစားပုံကို အရမ်းကို ကြိုက်နှစ်သက်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူက လက်ရှိမှာ ခံစစ် ကစားသမားတွေဟာလည်း ချီးကျူးဂုဏ်ပြုမှုတွေ ရသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးအသင်း ဗဟိုခံစစ်မှူး ဗန်ဒိုက်ခ်ဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးအသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပြီး တစ်ဦးချင်း ဆုတံဆိပ်တွေကိုလည်း ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်ဟာ လီဗာပူးကို ဆောက်သမ်တန်ကနေ ပေါင် ၇၅ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့ပြီး သူ့ ပြောင်းရွှေ့ကြေးတန်ဖိုးထက် အများကြီး ပိုတန်အောင် စွမ်းဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်မှာ UEFA ရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ၊ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ၊ Ballon d’Or ဆုမှာ ဒုတိယနေရာကနေ ရပ်တည်နိုင်ခဲ့တဲ့ ဗန်ဒိုက်ခ်ကြောင့် နောက်ခံလူတွေရဲ့ အခန်းကဏ္ဍဟာလည်း တဖြည်းဖြည်း ပိုမို ထင်ရှားလာခဲ့ပါတယ်။ အခုတော့ အာဆင်နယ်ကွင်းလယ်လူ ဆိုကရေးတစ်ကလည်း သူ့အနေနဲ့ ဗန်ဒိုက်ခ်ကို အရမ်း သဘောကျတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
“ ဗန်ဒိုက်ခ်ဟာ ပြီးခဲ့တဲ့နှစ်မှာ တကယ့်ကို အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်။ သူ လုပ်ပြခဲ့တဲ့အရာတွေက တော်ရုံ တန်ရုံလူတွေ မလုပ်နိုင်တဲ့ အရာတွေပါပဲ။ သူက အကူအညီတွေလည်း ရခဲ့သလို သူကိုယ်တိုင်လည်း ပြီးပြည့်စုံမှုကို ဖန်တီးနိုင်ခဲ့ပါတယ်။”
” ဗန်ဒိုက်ခ်က တကယ့်ကို ကောင်းမွန်အောင် ကစားခဲ့တာပါ။ လူတွေက တိုက်စစ်မှူးတွေကို ပိုကြည့်ကြပေမယ့် ခံစစ် ကစားသမားတွေရဲ့ အရေးပါမှုကိုလည်း မျက်ကွယ်ပြုလို့မရပါဘူး။ သူတို့ကိုလည်း ချီးကျူးသင့်ပါတယ်” လို့ ဆိုကရေးတစ် က ဗန်ဒိုက်ခ်နဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ်။
ဆိုကရာတစ် ဟာ ဒေါ့မွန်ကနေ အာဆင်နယ်ကို ပြီးခဲ့တဲ့နှစ်မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး သူဟာ အသင်းခံစစ်မှာလည်း ပွဲထွက် ကစားသမားအဖြစ် အသုံးတော် ခံနေခဲ့တာပါ။ လက်ရှိမှာတော့ အာဆင်နယ်ခံစစ်မှာ အမှားအယွင်းတွေရှိနေတဲ့အတွက် သူတို့ကလည်း ဝေဖန်ခံနေရပါတယ်။ ဆိုကရာတစ် က လက်ရှိမှာ ခံစစ်မှူးတွေကလည်း အရေးပါတဲ့နေရာရှိသလို အမှားအယွင်းတွေက ပေးဆပ်မှုကြီးမားတယ် လို့ ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။