ဒီတခါလည်း မက်ဆီကြောင့် ဟာလန်းကို လူစားလဲခဲ့တာလို့ အရွှန်းဖောက်သွားတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းရဲ့ မနေ့ညက ဘန်လေကို ၆-၀ ဖြင့် အနိုင်ရတဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဟာလန်းကို လူစားလဲရခြင်း နဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက နောက်ပြောင်ခဲ့ပါတယ်။
ဟာလန်းဟာ အရင်အပတ်က လိုက်ပ်ဇစ်ကို ၇ဂိုးပြတ်နိုင်တဲ့ပွဲ မှာ ဟက်ထရစ် အပြင် ၅ဂိုးထိ သွင်းခဲ့သလို ညက ပွဲမှာလည်း နောက်ထပ် ဟက်ထရစ် တစ်ကြိမ် ထပ်ရခဲ့ပေမယ့် ပွဲချိန် စောစောမှာပဲ သူ့ကို လူစားလဲခဲ့တာပါ။ ဟာလန်းဟာ ဒီရာသီမှာ သူရခဲ့တဲ့ ဟက်ထရစ် ၆ ကြိမ် အပါအဝင် သွင်းဂိုး ၄၂ ဂိုးထိ ရထားခဲ့ပြီ ဖြစ်ပါတယ်။
ဟာလန်းကို အနားပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းအတွက် ဂွာဒီယိုလာက ‘ အက်ဖ်အေဖလားမှာ မက်ဆီရဲ့ စံချိန်ကို ဟာလန်း ချိုးသွားမှာ မမြင်ချင်လို့ လူစားလဲခဲ့တာ ’ လို့ အရွှန်းဖောက်ခဲ့တာပါ။
ယခင် လိုက်ပ်ဇစ်နဲ့ပွဲမှာ ဟာလန်းကို လူစားလဲခဲ့စဉ်က ယခင်တပည့်ဟောင်း မက်ဆီ စံချိန်ထက် ဟာလန်းက ကျော်သွားမှာ စိုးလို့ ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေးခဲ့ပါတယ်။
ဟာသလုပ်ပြီးတဲ့နောက် ဂွာဒီယိုလာက ပြန်ပြောရာမှာတော့ ‘ အနာဂတ်မှာ ဟာလန်းက ပြဿနာဖြစ်လာပါလိမ့်မယ်။ လူတိုင်းက တစ်ပွဲတည်းမှာ သူ သွင်းဂိုး ၃-၄ ဂိုး သွင်းဖို့ မျှော်လင့်လာလိမ့်မယ်။ အဲ့လို ဖြစ်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် သူ့ကို ကျနော် သိပါတယ်။ သူက အဲ့တာတွေကို ဂရုမစိုက်ပါဘူး။ သူက သူ့ဘဝသူ အကောင်းမြင်ပါတယ်။ ဒီအသင်းမှာ ပြင်းထန်တဲ့ စိတ်ဓါတ်ပိုင်းတွေနဲ့ ကစားနေသမျှ၊ ဂိုးတွေသွင်းနေသမျှ သူက ဘာစောဒကမှ မတက်ပါဘူး။
သူက အရမ်းကို သက်ရောက်မှု ကြီးမားတယ်။ သူ့ရဲ့ ပါဝါနဲ့ ပွဲတွေမှာ တကယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။ သူ့ရဲ့ ဘဝ ပျော်ရွှင်စွာ နေထိုင်နည်းနဲ့ဆိုရင် သူတွေးထားတဲ့ ကောင်းတဲ့ ကိစ္စတွေက အမြဲဖြစ်လာလိမ့်မယ်။ အဲ့တာက အကူအညီလည်း ဖြစ်ပါတယ် ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ မန်စီးတီးမှာ ဟာလန်းရဲ့ တောက်ပမှုဟာ မန်ချက်စတာကလပ်ရဲ့ အသင်းသမိုင်းမှာ ပထမဆုံးသော ချန်ပီယံလိဂ် ဖလား အောင်မြင်ရေးအထိ သက်ရောက်မှု ကြီးမားနိုင်မယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။