မန်ချက်စတာ ကလပ်တွေ စောင့်ကြည့်လာလို့ မီတိုမာ ကို ဆက်ထိန်းဖို့ ဘရိုက်တန် လှုပ်ရှားလာ

နည်းပြ ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းဟာ သူတို့ အဓိကအားကိုးအားထားပြုနေရတဲ့ ဂျပန်လူမျိုး တောင်ပံ တိုက်စစ် ကစားသမား မီတိုမာကို မန်စီးတီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားလာတာကြောင့် စာချုပ်သက်တမ်း တိုးမြှင့်သွားရန် ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းက တိုက်စစ်ပိုင်းမှာ အဓိက ကစားသမား ထရိုဆက်ဒ်ကို ရောင်းချလိုက်အပြီးတွင် မီတိုမာက ပွဲထွက် ကစားသမားအဖြစ် ပုံမှန်ကစားခွင့်ရလာခဲ့ကာ ထိပ်တန်းခြေစွမ်းပိုင်းအချို့ကို ပြသလာနိုင်တာ ဖြစ်ပါတယ်။
နည်းပြ ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းနဲ့ အတူ အသက် ၂၅နှစ်အရွယ် ကာအိုရူမီတိုမာ အနေဖြင့် ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားအပြီးတွင် သွင်းဂိုး ၆ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်ကာ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။
ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းအပြင် ဇယားထိပ်နေရာမှ နည်းပြ အာတီတာရဲ့ အာဆင်နယ်နဲ့ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ကလည်း မီတိုမာကို ခေါ်ယူရန် စိတ်ဝင်စားလျှက်ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘရိုက်တန်ကတော့ လက်ဦးမှု ယူပြီး မီတိုမာကို သက်တမ်းတိုးက အသင်းမှာ ဆက်ထိန်းဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
ZG – နည္းျပ ဒီဇာဘီရဲ႕ ဘ႐ိုက္တန္အသင္းဟာ သူတို႔ အဓိကအားကိုးအားထားျပဳေနရတဲ့ ဂ်ပန္လူမ်ိဳး ေတာင္ပံ တိုက္စစ္ ကစားသမား မီတိုမာကို မန္စီးတီးအသင္းက ေခၚယူရန္ စိတ္ဝင္စားလာတာေၾကာင့္ စာခ်ဳပ္သက္တမ္း တိုးျမႇင့္သြားရန္ ျပင္ဆင္လာတာပဲ ျဖစ္ပါတယ္။
ဘ႐ိုက္တန္အသင္းက တိုက္စစ္ပိုင္းမွာ အဓိက ကစားသမား ထ႐ိုဆက္ဒ္ကို ေရာင္းခ်လိုက္အၿပီးတြင္ မီတိုမာက ပြဲထြက္ ကစားသမားအျဖစ္ ပုံမွန္ကစားခြင့္ရလာခဲ့ကာ ထိပ္တန္းေျခစြမ္းပိုင္းအခ်ိဳ႕ကို ျပသလာႏိုင္တာ ျဖစ္ပါတယ္။
နည္းျပ ဒီဇာဘီရဲ႕ ဘ႐ိုက္တန္အသင္းနဲ႔ အတူ အသက္ ၂၅ႏွစ္အ႐ြယ္ ကာအို႐ူမီတိုမာ အေနျဖင့္ ယခုႏွစ္ရာသီမွာ ၿပိဳင္ပြဲစုံ ပြဲ ၂၀ ကစားအၿပီးတြင္ သြင္းဂိုး ၆ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ႀကိမ္ျပဳလုပ္ကာ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိေနတာလည္း ျဖစ္ပါတယ္။
ဂြာဒီယိုလာရဲ႕ မန္စီးတီးအသင္းအျပင္ ဇယားထိပ္ေနရာမွ နည္းျပ အာတီတာရဲ႕ အာဆင္နယ္နဲ႕ တန္ဟက္ရဲ႕ မန္ခ်က္စတာ ယူနိုက္တက္ အသင္းတို႔ကလည္း မီတိုမာကို ေခၚယူရန္ စိတ္ဝင္စားလွ်က္ရွိေၾကာင္း သတင္းေတြ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။
ဒါေၾကာင့္ ဘရိုက္တန္ကေတာ့ လက္ဦးမႈ ယူျပီး မီတိုမာကို သက္တမ္းတိုးက အသင္းမွာ ဆက္ထိန္းဖို႔ ျပင္ဆင္လာတာ ျဖစ္ပါတယ္။