ဟာလန်း ဒဏ်ရာ သတင်းဆိုးနဲ့ နော်ဝေသား တိုက်စစ်မှုး လွဲချော်နိုင်မယ့် မန်စီးတီးပွဲစဉ် ၈ ပွဲ

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဒဏ်ရာကြောင့် စပိန်၊ ဂျော်ဂျီယာတို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် နော်ဝေ လက်ရွေးစင်အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေအတွက် လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာ ပြင်းထန်မှုအခြေအနေပေါ်မူတည်ပြီး ရက်သတ္တပတ်အများအပြား အနားယူရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် မန်စီးတီးဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးမပါဘဲ ရာသီကုန် အရေးကြီးတဲ့ပွဲစဉ်တွေကို ကစား သွားရတော့မှာ ဖြစ်ပါတယ်။

ဟာလန်း ပေါင်ခြံဒဏ်ရာဟာ အဆင့် ၁ ကနေ ၃ အထိ သတ်မှတ်ထားပြီး ဒဏ်ရာ ဘယ်လောက်အထိ ပြင်းထန်လဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ၃ ပတ်ကနေ ၆ ပတ်အထိ ပြန်လည်သက်သာလာဖို့ အချိန်ယူရနိုင်တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ လာမယ့် ၄၈ နာရီအတွင်း ပြုလုပ်သွားမယ့် ဟာလန်းရဲ့ ဒဏ်ရာအခြေအနေ အကဲဖြတ်မှု အပြည့်အစုံကို သိရဖို့ စောင့်ဆိုင်းရတော့မှာဖြစ်ပြီး နော်ဝေကြယ်ပွင့်ရဲ့ ဒဏ်ရာသာ သိသိသာသာ ကြီးမားခဲ့မယ်ဆိုရင် အချိန်ကာလ အတော်ကြာ အနားယူရမှာ ဖြစ်ပါတယ်။

တကယ်လို့ ဟာလန်းသာ ပေါင်ခြံဒဏ်ရာ အဆင့် ၃ ဒဏ်ရာကို ခံစားခဲ့ရမယ်ဆိုရင် ဘယ်ပွဲစဉ်တွေကို လွဲချော်နိုင်မလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

  1. လီဗာပူးလ်(အိမ်)-ပရီးမီးယားလိဂ်- ဧပြီ ၁
  2. ဆောက်သမ်တန်(အဝေး)-ပရီးမီးယားလိဂ်- ဧပြီ ၈
  3. ဘိုင်ယန်မြူးနစ်(အိမ်)-ချန်ပီယံလိဂ်- ဧပြီ ၁၁(အဆင့် ၁ ဒဏ်ရာဆိုရင် ပြန်လာနိုင်ပြီဖြစ်)
  4. လက်စတာစီးတီး(အိမ်)-ပရီးမီးယားလိဂ်- ဧပြီ ၁၅
  5. ဘိုင်ယန်မြူးနစ်(အဝေး)-ချန်ပီယံလိဂ်- ဧပြီ ၁၉
  6. ရှက်ဖီး ယူနိုက်တက်(အိမ်)-အက်ဖ်အေ- ဧပြီ ၂၂
  7. အာဆင်နယ်(အိမ်)-ပရီးမီးယားလိဂ်- ဧပြီ ၂၆
  8. ဖူလ်ဟမ်(အဝေး)- ပရီးမီးယားလိဂ်- ဧပြီ ၃၀

ဂွါဒီယိုလာရဲ့အသင်းဟာ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပြီး အာဆင်နယ်နဲ့လည်း ပရီးမီးယားလိဂ်ဖလား အတွက် ပြင်းထန်တဲ့ တိုက်ပွဲ ဆင်နွှဲနေရတာ ဖြစ်ပါတယ်။