ဇာခါကို အာဆင္နယ္မွာ ဆက္ထိန္းထားဖို႕ စည္းရံုးခဲ့ပံုအား အာတီတာ ဖြင့္ဟ

အာဆင္နယ္ အသင္းေခါင္းေဆာင္ လက္ပတ္ကို ၂၀၁၉ နွစ္ကုန္ပိုင္းနားမွာ စြန္႕လႊတ္ခဲ့ရတဲ့ ဇာခါက ေျမာက္လန္ဒန္အသင္းမွာ ဆက္ေနဖို႔ စိတ္မပါေတာ့ဘဲ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ဘြန္ဒစ္လီဂါကလပ္ ဟယ္သာဘာလင္အသင္းထံ ေျပာင္းေရႊ႕ဖို႔ စီစဥ္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ထားခဲ့ပါတယ္။

ဇာခါအတြက္ ဟယ္သာဘာလင္အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၁ သန္းနီးပါးျဖင့္ ကမ္းလွမ္းခဲ့ေပမယ့္ နည္းျပသစ္ အာတီတာက ဆြစ္စ္ ကြင္းလယ္သမားကို လက္မလႊတ္လုိတာေၾကာင္း အေျပာင္းအေရႊ႕ကို လက္ခံျခင္း မရွိခဲ့ပါဘူး။ အသင္း ကစားပံုပိုင္း တိုးတက္မႈေတြ ရွိလာတဲ့ အာဆင္နယ္အသင္းမွာ အာတီတာက ဇာခါကို အဓိက ေဒါက္တိုင္ အျဖစ္ ထည့္သြင္းထားလိုဆဲ ျဖစ္ပါတယ္။

အာတီတာက ဇာခါကို အာဆင္နယ္မွာ ဆက္ရွိေနေစဖို႔ စည္းရံုးကာ ဘယ္လို စကားေတြ ဆိုခဲ့ရသလဲ ဆိုတဲ့အေၾကာင္း ဒီတပတ္ ပဲေလ့စ္နဲ႕ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။

” ဇာခါ အတြက္ က်ေနာ့္ ဘက္က ပထမဦးဆံုး ေပးခ်င္တဲ့ မက္ေဆ့ခ်္ကေတာ့ သူဘယ္လုိခံစားေနရလဲဆုိတာရယ္၊ ဘာေၾကာင့္ ဒီလုိခံ စားေနရလဲ ဆုိတာကုိ သိခ်င္ခဲ့တာပါပဲ။ က်ေနာ့္ ဘက္က ေတြးထားတဲ့ အေတြးေလးေတြကုိလည္း သူ႔ကုိ ခ်ျပခ်င္ခဲ့ပါတယ္။ ဒီအေတြးကေတာ့ ကၽြန္ေတာ္ဟာ အျမဲတမ္းသူ႔ရဲ႕ေနာက္ကြယ္ကေန ကူညီေထာက္ပံ့ေပးေနမယ္ ဆုိတာပါပဲ။

ျပီးေတာ့ သူ႔ကုိ အေရးပါတဲ့ ကစားသမားတစ္ေယာက္ျဖစ္လာေအာင္ တြန္းအားေပးမယ္၊ ကလပ္အသင္းကလည္း သူ႔ဘက္ေန အျမဲတမ္း ရပ္တည္ေနမွာပါ။ က်ေနာ့္ အျမင္မွာေတာ့ သူဟာ အရမ္းေကာင္းတဲ့ ကစားသမားတစ္ေယာက္ပါ။ က်ေနာ့္ လက္ေအာက္မွာ ကစားခြင့္ရလုိ႔လည္း ေဘာလံုး ကစားတဲ့ေနရာမွာ ေပ်ာ္ရႊင္မႈရလာလိမ့္မယ္လုိ႔ ထင္ပါတယ္

ဒီအေတြးေတြကုိ သူ႔ကုိ ေျပာျပျပီးေတာ့ စည္းရုံးသိမ္းသြင္းခဲ့တာပါ။ သူလည္း က်ေနာ္ ေျပာတာကို စဥ္းစားခဲ့ပါတယ္။ သူ႕ဘက္ကလည္း ေကာင္းမြန္တ္ဲ့ တုန္႔ျပန္မႈေတြ ရွိလာပါတယ္။ ဒါဟာ သူ႔ရဲ႕စိတ္ကုိ ေျပာင္းလဲလိုက္တယ္ဆုိတဲ့ သက္ေသပါ” လုိ႔ အာတီတာက ေျပာသြားခဲ့ပါတယ္။

အာတီတာက ဇာခါကို နွစ္သက္သူ ပရိသတ္တစ္ဦး ျဖစ္ျပီး မန္စီးတီးမွာ ရွိစဥ္ကလည္း ဇာခါကို ေခၚယူဖို႔ စီစဥ္ခဲ့ဖူးပါတယ္။ ေအာက္တိုဘာလ အတြင္းက ပဲေလ့စ္နဲ႕ သေရက်တဲ့ ပြဲစဥ္မွာ ဇာခါက အာဆင္နယ္ပရိသတ္မ်ားနဲ႕ အခ်င္းမ်ားခဲ့တာ ျဖစ္ျပီး အသင္းေခါင္းေဆာင္ ရာထူးကို လက္လႊတ္ရသည္ထိ ျပင္းထန္ခဲ့တာပါ။

Unicode – အာဆင်နယ် အသင်းခေါင်းဆောင် လက်ပတ်ကို ၂၀၁၉ နှစ်ကုန်ပိုင်းနားမှာ စွန့်လွှတ်ခဲ့ရတဲ့ ဇာခါက မြောက်လန်ဒန်အသင်းမှာ ဆက်နေဖို့ စိတ်မပါတော့ဘဲ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘွန်ဒစ်လီဂါကလပ် ဟယ်သာဘာလင်အသင်းထံ ပြောင်းရွှေ့ဖို့ စီစဉ် ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

ဇာခါအတွက် ဟယ်သာဘာလင်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းနီးပါးဖြင့် ကမ်းလှမ်းခဲ့ပေမယ့် နည်းပြသစ် အာတီတာက ဆွစ်စ် ကွင်းလယ်သမားကို လက်မလွှတ်လိုတာကြောင်း အပြောင်းအရွှေ့ကို လက်ခံခြင်း မရှိခဲ့ပါဘူး။ အသင်း ကစားပုံပိုင်း တိုးတက်မှုတွေ ရှိလာတဲ့ အာဆင်နယ်အသင်းမှာ အာတီတာက ဇာခါကို အဓိက ဒေါက်တိုင် အဖြစ် ထည့်သွင်းထားလိုဆဲ ဖြစ်ပါတယ်။

အာတီတာက ဇာခါကို အာဆင်နယ်မှာ ဆက်ရှိနေစေဖို့ စည်းရုံးကာ ဘယ်လို စကားတွေ ဆိုခဲ့ရသလဲ ဆိုတဲ့အကြောင်း ဒီတပတ် ပဲလေ့စ်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

” ဇာခါ အတွက် ကျနော့် ဘက်က ပထမဦးဆုံး ပေးချင်တဲ့ မက်ဆေ့ချ်ကတော့ သူဘယ်လိုခံစားနေရလဲဆိုတာရယ်၊ ဘာကြောင့် ဒီလိုခံ စားနေရလဲ ဆိုတာကို သိချင်ခဲ့တာပါပဲ။ ကျနော့် ဘက်က တွေးထားတဲ့ အတွေးလေးတွေကိုလည်း သူ့ကို ချပြချင်ခဲ့ပါတယ်။ ဒီအတွေးကတော့ ကျွန်တော်ဟာ အမြဲတမ်းသူ့ရဲ့နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးနေမယ် ဆိုတာပါပဲ။

ပြီးတော့ သူ့ကို အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာအောင် တွန်းအားပေးမယ်၊ ကလပ်အသင်းကလည်း သူ့ဘက်နေ အမြဲတမ်း ရပ်တည်နေမှာပါ။ ကျနော့် အမြင်မှာတော့ သူဟာ အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ကျနော့် လက်အောက်မှာ ကစားခွင့်ရလို့လည်း ဘောလုံး ကစားတဲ့နေရာမှာ ပျော်ရွှင်မှုရလာလိမ့်မယ်လို့ ထင်ပါတယ်

ဒီအတွေးတွေကို သူ့ကို ပြောပြပြီးတော့ စည်းရုံးသိမ်းသွင်းခဲ့တာပါ။ သူလည်း ကျနော် ပြောတာကို စဉ်းစားခဲ့ပါတယ်။ သူ့ဘက်ကလည်း ကောင်းမွန်တ်ဲ့ တုန့်ပြန်မှုတွေ ရှိလာပါတယ်။ ဒါဟာ သူ့ရဲ့စိတ်ကို ပြောင်းလဲလိုက်တယ်ဆိုတဲ့ သက်သေပါ” လို့ အာတီတာက ပြောသွားခဲ့ပါတယ်။

အာတီတာက ဇာခါကို နှစ်သက်သူ ပရိသတ်တစ်ဦး ဖြစ်ပြီး မန်စီးတီးမှာ ရှိစဉ်ကလည်း ဇာခါကို ခေါ်ယူဖို့ စီစဉ်ခဲ့ဖူးပါတယ်။ အောက်တိုဘာလ အတွင်းက ပဲလေ့စ်နဲ့ သရေကျတဲ့ ပွဲစဉ်မှာ ဇာခါက အာဆင်နယ်ပရိသတ်များနဲ့ အချင်းများခဲ့တာ ဖြစ်ပြီး အသင်းခေါင်းဆောင် ရာထူးကို လက်လွှတ်ရသည်ထိ ပြင်းထန်ခဲ့တာပါ။