ဟာလန်း ဒဏ်ရာ အခြေအနေနဲ့ လီဗာပူးနဲ့ ပွဲ ကစားနိုင်မလား ဆိုတာ အဖြေပေးလာတဲ့ ဟာလန်းဖခင်

မန်စီးတီးနဲ့ နော်ဝေ တိုက်စစ်မှုး ဟာလန်း က ဒီတပတ်မှာ နော်ဝေ လက်ရွေးစင် အသင်းကနေ နုတ်ထွက်ခဲ့ရသလို လက်ရှိမှာ ပေါင်ခြံဒဏ်ရာကြောင့် စပိန်မှာ ဆေးကုသမှုခံယူနေပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှုးဟာ ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ၃၇ ပွဲကစားကာ ၄၂ ဂိုးသွင်းယူကာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုးတစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် ဂွါဒီယိုလာရဲ့အသင်းကတော့ လာမယ့် ရက်သတ္တပတ်အကုန် ပရီးမီးယားလိဂ်ပွဲစဉ်များ ပြန်စမယ့်အချိန်မှာ ဟာလန်းက ကြံ့ခိုင်မှု ပြည့်ဝမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဟာလန်း ဒဏ်ရာနဲ့ ပတ်သြတ်ပီး ဟာလန်းရဲ့ အေးဂျင့်လည်း ဖြစ်တဲ့ ဖခင် ဖြစ်သူက အခုလို အသိပေး ထုတ်ဖော် ပြောဆိုလာပါတယ်။

“သူက ဒီနိုင်ငံတကာပွဲ ၂ ပွဲလောက် ကစားချင်ပေမယ့် အခုတော့ အဲဒီလိုဖြစ်မလာခဲ့ပါဘူး။ သူ့ရဲ့ကျန်းမာရေးကို ဦးစားပေးပြီး ခန္ဓာကိုယ်ကို ပြန်လည်ကြံ့ခိုင်လာအောင် ကြိုးစားရမှာပါ။ ဆေးစစ်ချက်တွေအရ သူကကောင်းနေပေမယ့် အရမ်း ဝမ်းနည်းနေပါတယ်”

“ပထမဆုံးအချက်ကတော့ ဆုံးဖြတ်ချက်ချတဲ့ နိုင်ငံလက်ရွေးစင်အသင်းပါပဲ၊ ဒါပေမယ့် သူတို့က ပူးပေါင်း ဆောင်ရွက်တာတော့ ဟုတ်ပါတယ်။ ဒီအကြောင်း တတ်နိုင်သမျှ သိရှိထားရမှာဖြစ်ပြီး သေချာတာကတော့ မန်စီးတီးက ဆရာဝန်တွေကို မေးရမှာပါ။ အဲ့ဒီနောက် တစ်စုံတစ်ခုနဲ့ အတူတူ လာကြတာပါ”

“မန်စီးတီးက ဘာစီလိုနာမှာရှိတဲ့ ဆေးရုံတစ်ရုံနဲ့ ပူးတွဲလုပ်ဆောင်နေပါတယ်။ ဆက်လက်စစ်ဆေးပြီး ကုသမှုခံယူဖို့ ဟာလန်းက အဲ့ဒီနေရာမှာ ရှိနေပါတယ်။ ကလပ်၏ ကြံ့ခိုင်မှုရေးမှုးနဲ့အတူ ရက်အနည်းငယ်ကြာအောင် မာဘယ်လာမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် သူက ကောင်းကောင်းလုပ်နိုင်မှာပါ။ ” ဟာလန်းရဲ့ဖခင် က TV2 သို့ပြောပါတယ်။

ဟာလန်းက လီဗာပူးနဲ့ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝပါ့မလားလို့ မေးရာတွင် “ပထမဆုံးအနေနဲ့ ကျွန်တော်က ဆရာဝန် မဟုတ်သလို ဒုတိယကတော့ ကြံ့ခိုင်မှု ပြည့်ဝတယ်လို့ ပြောဖို့ခက်ပါတယ်”

“၂ ပတ်လောက် လေ့ကျင့်ရေး မဆင်းဘဲနဲ့ ကစားလို့မရပါဘူး။ အဲဒီမှာ တိုးတက်မှုဆိုတာရှိရမှာပါ။ သူက အသင်းနဲ့ သင့်တော်တဲ့ လေ့ကျင့်မှုမျိုးမရှိရင် ကစားနိုင်မှာ မဟုတ်ပါဘူး”

“ကစားနိုင်ဖို့ဆိုတာက နောက်ရက်အနည်းငယ်အတွင်း သူ့ရဲ့ဒဏ်ရာတိုးတက်မှုက ဘယ်လို တုန့်ပြန်မလဲ ဆိုတာ ကြည့်ရမှာပါ။ ဂရိုစိုက်မှုတွေ အများကြီးလိုပါတယ်” လို့ ကစားသမားရဲ့ဖခင်က ပြောပါတယ်။