ပရီးမီးယားလိဂ် လုပ်ခ အများဆုံး ကစားသမား ဖြစ်အောင် ဟာလန်းကို လစာ တိုးပေးတော့မယ့် မန်စီးတီး

အာလင်း ဟာလန်းဟာ မန်စီးတီးရဲ့ အံ့မခန်းများပြားတဲ့ စာချုပ်သစ်နဲ့ သက်တမ်းတိုး ကမ်းလှမ်းခံရဖို့ ရှိနေပါတယ်။ နော်ဝေ တိုက်စစ်မှူးဟာ ဒီရာသီမှာ ၄၂ဂိုး သွင်းယူခဲ့ပြီး စီတီဇန်တွေဟာလဲ ဖလား၃လုံး လမ်းကြောင်းပေါ်မှာ ရှိနေဆဲပ

ဂိုးသွင်းစက်လိုမျိုး ဟာလန်းရဲ့ အရည်အသွေးကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ၎င်းတို့ဟာ ၂၀၂၄ နွေရာသီမှာ ဟာလန်းကို ခေါ်ယူဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာ အခြေစိုက် ကလပ်ဟာ ဒီရာသီကုန်မှာ ဟာလန်းကို စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးသွားမှာဖြစ်ပြီး အဲ့စာချုပ်သစ်ဟာ တစ်ပတ်လုပ်ခ ပေါင်၅သိန်းနဲ့အတူ ဟာလန်းကို ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံး ကစားသမား ဖြစ်လာစေပါလိမ့်မယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၇ မတိုင်ခင်အထိ ဖြစ်ပေမယ့် မန်စီးတီးဟာ ဟာလန်းကို ဆက်ထိန်းထားဖို့အတွက် နောက်တစ်နှစ် သက်တမ်းထပ်တိုးမှာ ဖြစ်ပါတယ်။

ဟာလန်းဟာ အခုချိန်မှာ တစ်ပတ်လုပ်ခ ပေါင်၃၇၅,၀၀၀ ရရှိနေတာဖြစ်ပြီး ဒီဘရိုင်း၊ ဒီဂီယာတို့နဲ့အတူ ပရီးမီးယားလိဂ် ရဲ့ အမြင့်ဆုံး လုပ်ခရထားတာဖြစ်ပါတယ်။

မန်စီးတီးဟာ သူ့ကို ဝယ်ချင်သူတွေ လက်မြှောက်သွားအောင်လို့ တစ်ပတ်ကို ပေါင်တစ်သန်းဝက် လုပ်ခရတဲ့ ပရီးမီးယားလိဂ် ရဲ့ ပထမဆုံး ကစားသမားဖြစ်လာအောင် လုပ်ပေးချင်နေတာဖြစ်ပါတယ်။

ကလပ်မှာ ဟာလန်းရဲ့ အနာဂတ်ဟာ သူ့ရဲ့ ဒေါ့မွန်အသင်းဖော်ဟောင်း ဘယ်လင်ဟမ်ကိုပါ ဆွဲဆောင်နိုင်ဖို့ စီးတီးက မျှော်လင့်နေတာပါ။