ဘိုင်ယန်နည်းပြ ဖြစ်လာတဲ့ တူချယ်က ချန်ပီယံလိဂ်မှာ ဆုံနေတဲ့ မန်စီးတီးအား သတိပေးစကား ဆို

ဘိုင်ယန်မြူးနစ် နည်းပြသစ် ဖြစ်လာတဲ့ သောမတ်စ် တူချယ်က သူ့အသင်းကို ဘယ်သူမှ မရင်ဆိုင်ချင်တဲ့ အသင်း ဖြစ်လာအောင် လုပ်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ တွေ့ဆုံနေတာပါ။ အသက် ၄၉ နှစ်သားဟာ ကြာသပတေးနေ့တုန်းက နာဂယ်စမန်းနေရာမှာ အစားဝင်လာခဲ့တာဖြစ်ပြီး ဘိုင်ယန်ကို ဆုဖလားတွေ ရယူပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဘိုင်ယန် ဘုတ်အဖွဲ့ဟာ တူချယ် လိုအပ်တာတွေကို ပြင်ဆင်ပေးနေပြီး အသင်းက ဂျာမန်ဖလား ကွာတားဖိုင်နယ်နဲ့ ချန်ပီယံလိဂ်မှာ စီးတီးနဲ့ ကွာတားဖိုင်နယ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘာရီဟာ လမ်းပတ် ခန့်အပ်ခဲ့တဲ့သူ ဖြစ်ပေမယ့် ဘိုဟီလေနဲ့ ပေါ်တာတို့က ဆက်ထိန်းထားခဲ့တာဖြစ်ပြီး ချဲလ်ဆီး နဲ့ ပေါ်တူဂီ အသင်းတို့ကို ပူးတွဲ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

တူချယ်ဟာ ၂၀၂၁ တုန်းက လမ်းပတ်နေရာမှာ အစားဝင်လာခဲ့ပြီး မန်စီးတီး ကို ၃ ကြိမ်တိုင် အနိုင်ရခဲ့ပြီး အက်ဖ်အေ နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီအသင်းနဲ့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ဒီလူစာရင်းနဲ့ ဆုဖလားတိုင်းကို ယှဉ်ပြိုင်နိုင်ပါတယ်။ ဆုဖလားတိုင်းက ဖြစ်နိုင်ချေ ရှိနေပါတယ်။ ကျွန်တော့်မှာ အတွေးတွေရှိပြီးသားပါ။

ဂျူလီယန်က ဒီအသင်းကို ဖန်တီးခဲ့ပြီး ဆုဖလား ၃ လုံးလမ်းကြောင်းပေါ် တင်ပေးထားပါတယ်။ စိန်ခေါ်မှုတွေရှိပေမယ့် ကျွန်တော် အကောင်းဆုံး စွမ်းဆောင်သွားမှာပါ။ ပြီးတော့ ဘိုင်ယန်နဲ့ ဘယ်အသင်းမှ မကစားချင်အောင် လုပ်ဆောင်သွားမှာပါ ” လို့ တူချယ်က ပြောကြားခဲ့ပါတယ်။