စီးတီးကို လာခဲ့၊ ဒေါ့မွန်ကို လာခဲ့ ဆိုပြီး အပြန်အလှယ် ဆွယ်နေကြတဲ့ ဂရီးလစ်ရှ်နဲ့ ဘယ်လင်ဟမ်

အင်္ဂလန်သားတွေ ဖြစ်တဲ့ ဂရီးလစ်ရှ်နဲ့ ဘယ်လင်ဟမ်တို့ကတော့ နိုင်ငံအသင်းနဲ့ အတူရှိစဉ် အချင်းချင်း အသင်းပြောင်းဖို့ ဆွယ်နေကြပြီး အင်စတာဂရမ်ထိပါ အပြန်အလှန် ပြောဆို စည်းရုံးရင်း နောက်ပြောင်နေကြပါတယ်။

ဒေါ့မွန်ကွင်းလယ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ် အား ဂရီးလစ်ရှ်က မန်စီးတီး ပြောင်းရွှေ့လာဖို့ အရင် တောင်းဆိုခဲ့ပြီးနောက် ဘယ်လင်ဟမ်ကလည်း ဒေါ့မွန်ကို လာခဲ့လို့ ပြန်ပြီး မျက်နှာပြောင်ကာ တုံ့ပြန်ခဲ့ပါတယ်။

ဘယ်လင်ဟမ်နဲ့ ဂရီးလစ်ရှ်တို့ဟာ အီတလီ၊ ယူကရိန်းတို့နဲ့ ကစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အတွက် အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပြီး အင်္ဂလန်ဟာ ယူရို ၂၀၂၀ ချန်ပီယံ အီတလီကို ပြီးခဲ့တဲ့အပတ်မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ယူကရိန်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဂရီးလစ်ရှ်နဲ့ ဘယ်လင်ဟမ်တို့ ၂ ဦးစလုံးဟာ ယူကရိန်းနဲ့ အီတလီတို့ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဆောက်ဂိတ်ရဲ့အသင်းဟာ အုပ်စု C ထိပ်ဆုံးမှာ ဒုတိယနေရာက အီတလီအသင်းနဲ့ ၃ မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာ ပရိသတ်တွေဟာ ဂရီးလစ်ရှ်က လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ သတင်းထွက်နေတဲ့ ဘယ်လင်ဟမ်ကို အီတီဟတ်ကို ပြောင်းရွှေ့လာအောင် စည်းရုံးဖို့ ကြိုးပမ်းနေတာကို မြင်တွေ့ခ့ရတာဖြစ်ပါတယ်။

အကန်းဂျိရဲ့ အင်စတာဂရမ်ပို့စ်က ဘယ်လင်ဟမ်ရဲ့မှတ်ချက်ကို တုံ့ပြန်ရာမှာ ဂရီးလစ်ရှ်က အင်္ဂလန်အသင်းဖော်ကို “စီးတီးကို လာခဲ့ပါ”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဂရီးလစ်ရှ်က တနင်္ဂနွေနေ့မှာ မန်စီးတီးကို မပြန်ခင် ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ၂ ပွဲဆက်တိုက် နိုင်ပွဲ ရရှိခဲ့မှုကို အောင်ပွဲခံတဲ့ အနေနဲ့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

“ကောင်လေးတွေနဲ့ အဝေးမှာ ပြီးပြည့်စုံတဲ့ရက်သတ္တပတ်ဖြစ်ခဲ့တယ်။ အရမ်းကောင်းတဲ့ အစုအဖွဲ့”လို့ ရေးသားခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်က ဂရီးလစ်ရှ်ကို မျက်နှာပြောင်ဖို့အတွက် အချိန်မဖြုန်းတီးနေဘဲ “ဒေါ့မွန်ကို လာခဲ့ပါ”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ စိတ်ဝင်စားခြင်းခံနေရတဲ့ ဘယ်လင်ဟမ်ကို အံ့အားသင့်ဖွယ် ခေါ်ယူသွားနိုင်မယ်လို့ ယုံကြည်မှုတွေ ကြီးထွားနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒေါ့မွန်အသင်းဟာ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဘယ်လင်ဟမ်အတွက် ဈေးကိုင်သွားမှာဖြစ်ပြီး ဘွန်ဒက်စ်လီဂါကလပ်အသင်းက အင်္ဂလန်ကြယ်ပွင့်အတွက် ပေါင် ၁၃၃ သန်းအထိ တောင်းဆိုသွားမယ်လို့ ယုံကြည်ရပါတယ်။