ရိုဒရီက ဒီည စကော့နဲ့ပွဲမှာ မန်ယူကွင်းလယ် တော်မီနေးနဲ့ တွေ့မယ့် အပေါ် ပွဲကြိုစကား ဆိုလာ
စပိန်ကွင်းလယ်လူ ရိုဒရီက ယနေ့ည စကော့တလန်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ မန်ချက်စတာမြို့ခံ ပြိုင်ဘက်အသင်းမှ တိုမီနေးနဲ့ ပြန်လည် ရင်ဆိုင်ရမှာဖြစ်လို့ ကလပ်မှာလို ပြိုင်ဆိုင်မှုပြင်းထန်မယ်လို့ ယုံကြည်နေပါတယ်။
မန်စီးတီးကွင်းလယ်လူဟာ ယနေ့ညမှာ ကွင်းလယ်တိုက်ပွဲအဖြစ် ယူနိုက်တက်ကွင်းလယ်လူ တိုမီနေး၊ အက်စတွန်ဗီလာ ကွင်းလယ်လူ မက်ဂင်းတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ရိုဒရီက နော်ဝေနဲ့ပွဲမှာ အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်ကို အဖျက် ကြမ်းလို့ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။
ယနေ့ည စကော့တလန်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ပရီးမီးယားလိဂ် ကွင်းလယ်လူတွေနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်အပေါ် ရိုဒရီက –

“သူတို့ကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူတို့က ကြံ့ခိုင်မှုအားကောင်းကောင်းနဲ့ ဧရိယာထဲ တိုးဝင်တတ်ကြသူတွေပါ”
“သူတို့က နိုင်ငံအသင်းအတွက် အရမ်းအရေးပါပြီး ပရီးမီးယားလိဂ်မှာ ပွဲကြီးကစားဖူးတဲ့ အတွေ့အကြုံတွေလည်း ရှိကြပါတယ်။ ဥပမာ ကျွန်တော်တို့ မန်စီးတီးကိုပေါ့”
“စကော့နဲ့ကျတော့လည်း ကလပ်မှာကတည်းက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာပါ။ သူတို့က အကောင်းဆုံး ကစားသမားတွေ ဖြစ်သလို ကျွန်တော်တို့မှာလည်း ကစားသမားကောင်းတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ကစားသမားတွေအကြောင်း တစ်ဦးချင်း လိုက်ကြည့်နေမှာမဟုတ်ဘဲ အသင်းလိုက်ပဲ ကစားဖို့ပဲ လုပ်မှာပါ”
“ဒါပေမယ့် စကော့တလန်မှာ ဘယ်လိုကစားသမားတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ သူတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိပြီး လူစာရင်းလည်း တောင့်ပါတယ်။ ကျွန်တော်တို့ ဒါကိုသိထားပေမယ့် အသင်းကောင်း တစ်သင်းနဲ့ ရင်ဆိုင်တဲ့အခါ စွမ်းဆောင်ရည်ကောင်းဖို့ကိုပဲ အာရုံစိုက်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
တော်မီနေးဟာ ယူရို၂၀၂၄ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဆိုက်ပရက်စ်နဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ ဒုတိယပိုင်းပြီးခါနီးမှာ လူစား ဝင်လာပြီး အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။
