ဂရီးလစ်ရှ်ရဲ့ ထူးခြား အကျင့်၊ ဂန်ဒိုဂမ်၊ စကော့သားတွေ ကစားပုံ ပြစ်တင်တဲ့ ရိုဒရီနဲ့ မန်စီးတီး သတင်းတိုများ
စီးတီး ကွင်းလယ်လူ ဂန်ဒိုဂမ်ဟာ ဒီနွေမှာ ဘာစီလိုနာထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ဖို့ ပိုနီးစပ်လာပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ စနေနေ့ လီဗာပူးနဲ့ပွဲမှာ ဟာလန်း ကစားနိုင်မလားဆိုတာကို သေချာသိရဖို့အတွက် ဒီအပတ်ထဲမှာ သူ့ရဲ့ ပေါင်ခြံဒဏ်ရာကို စစ်ဆေးမှု လုပ်သွားမှာပါ။

မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ကတော့ စပိန်အသင်းရဲ့ စကော့တလန်အား ရှုံးနိမ့်ခဲ့မှု အတွက် ကွင်းဟာ အကြောင်းပြချက် မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဒါပေမယ့် စကော့တလန်အသင်းရဲ့ ကစားပုံကိုလည်း ရိုဒရီက ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ စကော့တလန် အသင်းက ထိလိုက်တိုင်း လဲလဲကျ၊ အချိန်ဆွဲနေသလို စပိန်ဘက်ကိုလည်း ဆွ ကစားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်စစ်မှူး အာလင်း ဟာလန်းက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ မန်ချက်စတာမြို့ အတွင်း ကားမောင်းရင်း ဖုန်းသုံးမိခဲ့တာကြောင့် မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှုကို ခံနေရကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ဂျက် ဂရီးလစ်ရှ်ဟာ မန်စီးတီးအိမ်ကွင်းပွဲတိုင်း အပြီးမှာ တရုတ်ဟင်းလျာ စားစရာတွေ ပါဆယ်တွေမှာပြီးတော့ အကြိမ်တိုင်း ပေါင် ၅၀ ဖိုး အမြဲသုံးလေ့ ရှိတယ်လို့ သိရပါတယ်။
