ဝေဖန်ခံနေရတဲ့ ဆိုးရှားနဲ့ ပက်သက်ပြီး အရေးပါတဲ့ ထောက်ပြမှုကို ဘာဘာတော့ ပြုလုပ်

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့က မန်နေဂျာဆိုးရှားအပေါ် ကျရောက်နေတဲ့ ဖိအားတွေအတွက် ကာကွယ်ပြောဆိုမှုတစ်ခုကို ပြုလုပ်သွားခဲ့ပြီဖြစ်ပါတယ်။

မန်နေဂျာဆိုးရှား ကိုင်တွယ်မှုအောက်မှာ ယူနိုက်တက်ဟာ ရလဒ်တွေ ဆိုးရွားနေသလို နိုင်ပွဲယူနိုင်မှု ရာခိုင်နှုန်းကလည်း ဆိုးဆိုးရွားရွား ကျဆင်းနေတာပါ။ ဒီတလောမှာ အသင်းတိုက်စစ်သမားဟောင်း ဗန်ပါစီက ဆိုးရှားရဲ့ အုပ်ချုပ်မှု နည်းစနစ်ကို ဝေဖန်ခဲ့ပေမယ့် ဘာဘာတော့က အိုလီရဲ့ နောက်ကွယ်က ကိုင်တွယ်မှုကို လူတိုင်း မသိနိုင်ပါဘူးလို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

ဘာဘာတော့က ” ယူနိုက်တက်ကို ဘယ်သူ ကိုင်တွယ်နေတယ်ဆိုတာ ကိစ္စမရှိဘူး။ ဘယ်သူပဲ ဖြစ်နေပါစေ ကလပ်ကို ရလဒ်ကောင်းတွေ မယူပေးနိုင်ဘူးဆိုရင် ဝေဖန်မှုတွေ ရမှာပါပဲ။ ဝေဖန်တယ်ဆိုတာ အလွယ်ကူဆုံး အလုပ်ပဲလေ။ တစ်ခါတစ်လေမှာတော့ ဝေဖန်မှုတွေကို ခံယူပြီး ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းဖို့ လိုပါတယ်။ တစ်ခါတစ်လေတော့ မလိုပါဘူး။

မန်နေဂျာတစ်ယောက်က အကောင်းမြင်တဲ့ အတွေးတွေ ရှိဖို့ လိုအပ်ကာ သူက အရာရာတိုင်းကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်တယ်ဆိုတာ ပြသဖို့တော့ လိုပါတယ်။ အိုလီက လူတွေရှေ့မှာ အကောင်းမြင်ပြီး ပြံးရွှင်နေပေမယ့် အဝတ်လဲခန်းမှာတော့ အသင်းရဲ့ ရလဒ်အတွက် ဒေါသတကြီး ပေါက်ကွဲနေမယ်ဆိုတာ သေချာပါတယ်။

ကျနော်တို့ဟာ တစ်ခါတစ်လေမှာတော့ ပရော်ဖက်ရှင်နယ်တွေ ပီသစွာ တည်ငြိမ်မှုရှိပြီး အရာရာတိုင်းကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်တယ်ဆိုတာ ပြသသွားရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့က မန္ေနဂ်ာဆိုးရွားအေပၚ က်ေရာက္ေနတဲ့ ဖိအားေတြအတြက္ ကာကြယ္ေျပာဆိုမႈတစ္ခုကို ျပဳလုပ္သြားခဲ့ျပီျဖစ္ပါတယ္။

မန္ေနဂ်ာဆိုးရွား ကိုင္တြယ္မႈေအာက္မွာ ယူႏုိက္တက္ဟာ ရလဒ္ေတြ ဆိုးရြားေနသလို ႏုိင္ပြဲယူႏုိင္မႈ ရာခိုင္ႏႈန္းကလည္း ဆိုးဆိုးရြားရြား က်ဆင္းေနတာပါ။ ဒီတေလာမွာ အသင္းတိုက္စစ္သမားေဟာင္း ဗန္ပါစီက ဆိုးရွားရဲ႕ အုပ္ခ်ဳပ္မႈ နည္းစနစ္ကို ေဝဖန္ခဲ့ေပမယ့္ ဘာဘာေတာ့က အိုလီရဲ႕ ေနာက္ကြယ္က ကိုင္တြယ္မႈကို လူတိုင္း မသိႏုိင္ပါဘူးလို႔ တုန္႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဘာဘာေတာ့က ” ယူႏိုက္တက္ကို ဘယ္သူ ကိုင္တြယ္ေနတယ္ဆိုတာ ကိစၥမရွိဘူး။ ဘယ္သူပဲ ျဖစ္ေနပါေစ ကလပ္ကို ရလဒ္ေကာင္းေတြ မယူေပးႏုိင္ဘူးဆိုရင္ ေဝဖန္မႈေတြ ရမွာပါပဲ။ ေဝဖန္တယ္ဆိုတာ အလြယ္ကူဆံုး အလုပ္ပဲေလ။ တစ္ခါတစ္ေလမွာေတာ့ ေဝဖန္မႈေတြကို ခံယူျပီး ျပႆနာေတြကို ရင္ဆိုင္ ေျဖရွင္းဖို႔ လိုပါတယ္။ တစ္ခါတစ္ေလေတာ့ မလိုပါဘူး။

မန္ေနဂ်ာတစ္ေယာက္က အေကာင္းျမင္တဲ့ အေတြးေတြ ရွိဖို႔ လိုအပ္ကာ သူက အရာရာတိုင္းကို ေကာင္းေကာင္းမြန္မြန္ ထိန္းခ်ဳပ္ႏုိင္တယ္ဆိုတာ ျပသဖို႔ေတာ့ လိုပါတယ္။ အိုလီက လူေတြေရွ႔မွာ အေကာင္းျမင္ျပီး ျပံးရႊင္ေနေပမယ့္ အဝတ္လဲခန္းမွာေတာ့ အသင္းရဲ႕ ရလဒ္အတြက္ ေဒါသတၾကီး ေပါက္ကြဲေနမယ္ဆိုတာ ေသခ်ာပါတယ္။

က်ေနာ္တို႔ဟာ တစ္ခါတစ္ေလမွာေတာ့ ပေရာ္ဖက္ရွင္နယ္ေတြ ပီသစြာ တည္ျငိမ္မႈရွိျပီး အရာရာတိုင္းကို ေကာင္းေကာင္းမြန္မြန္ ထိန္းခ်ဳပ္ႏုိင္တယ္ဆိုတာ ျပသသြားရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။