မန်စီးတီး – လီဗာပူး ပွဲစဉ် အတွက် ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက် ထွက်ပါပြီ
ဒီ စနေနေ့ည ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ ပွဲကောင်း အတွက် ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ဒီနှစ်သင်းဟာ လာမယ့် စနေနေ့ ညနေ ၆ နာရီ၊ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဆက်တန် က – ” ဒီပွဲမှာ မန်စီးတီးတို့ ခြေချော်လို့ မရသလို အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအတွက် လုံးဝ အရေးနိမ့်လို့ မရပါဘူး။ ဒီပွဲက သူတို့အတွက် နိုင်မှာကိုဖြစ်မယ့် ပွဲစဉ်ပါပဲ။
လီဗာပူးက တိုက်စစ်ကစားပြီး မန်စီးတီးကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားမှာပါ။ လီဗာပူးက မန်စီးတီးကို ပြဿနာတွေ ပေးနိုင်မှာ ဖြစ်ပေမယ့် သူတို့ရဲ့ ခံစစ်ကို ကျနော် စိတ်ပူမိနေဆဲပါ။
လီဗာပူးရဲ့ ခံစစ်လိုင်း မြင့်မြင့်ကစားမှုဟာ ဒီရာသီမှာ မကြာခဏ ပြဿနာတွေ ရှိနေတယ်။ လီဗာပူးက တည်ငြိမ်ခြင်းလည်း ကင်းမဲ့တယ်။ သူတို့ကို ကျနော် မယုံပါဘူး။ ဒီပွဲမှာ စီးတီးက တောင့်တင်းလွန်းတယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်း ရလဒ်ကတော့ မန်စီးတီး ၃-၁ လီဗာပူး ဖြစ်ပါတယ်။