မန်စီးတီးမှာ တစ်စုံတစ်ရာ ထူးခြားပြီး ခြေစွမ်းထက်နေတဲ့ ကစားသမားကို ပက် ဖော်ထုတ် ချီးကျူး

လီဗာပူးအသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ တစ်စုံတစ်ခု ထူူးခြားနေတယ်လို့ ပက် ဂွာဒီယိုလာက ချီးကျူးပြောကြားလိုက်ပါတယ်။

ဟာလန်း တစ်ယောက် ပေါင်ခြံဒဏ်ရာကြောင့် နားနေရချိန်မှာ အာဂျင်တီးနားသားက စီးတီးတိုက်စစ်ကို ဦးဆောင်ခဲ့ကာ ဆာလက်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပြန်လည်ချေပနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အယ်လ်ဗာရက်ဇ်ဟာ မာရက်ဇ်ရဲ့သွင်းဂိုးမှာလည်း အမြင်ရှိရှိဘောလုံးပေးပို့ခဲ့ကာ စီးတီးအတွက် နောက်ထပ် ဂိုးတွေကို ဒီဘရိုင်း နဲ့ ဂန်ဒိုဂန်တို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။

“နည်းစနစ်ပိုင်းက ကစားသမားတွေပါ။ ဟာလန်းက တစ်စုံတစ်ခုထူးခြားသလို အယ်လ်ဗာရက်ဇ်က ထူးခြားပါတယ်။ သူ့အမြင်က မာရက်ဇ်ရဲ့ဒုတိယဂိုးမှာ ပါဝင် ပတ်သက်ခဲ့ပါတယ်။

ပြီးတော့ ပထမဆုံး ၃ ဂိုးမှာလည်း ပါဝင် ပတ်သက်ခဲ့ပါတယ်။ သူက အရမ်းပါးနပ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့တာပါ။ မင်း မကောင်းရင် ကမ္ဘာ့ဖလားချန်ပီယံ အသင်းမှာ ကစားနိုင်မှာမဟုတ်ပါဘူး။

အသင်းကို ကျေးဇူးအများကြီးတင်သလို နည်းစနစ်ဒါရိုက်တာ ဘီဂရစ်စတိန်းတို့ကို ကျေးဇူးတင်ပါတယ်။ သူက လူငယ် ကစားသမားပါ။ ပြီးတော့ အရမ်းကောင်းတဲ့ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ အသင်းဟာ ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်နှင့် ၂ ကျော့မကစားမှီ ဆောက်သမ်တန်အသင်းနှင့် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။