တမနက်လုံး အိမ်သာပြေး၊ နေမကောင်း ဖြစ်နေခဲ့ပေမယ့် လီဗာပူးနဲ့ပွဲမှာ အစွမ်းပြခဲ့တဲ့ ဂရီးလစ်ချ်
ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးရဲ့ လီဗာပူးအား ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂရီးလစ်ချ်ဟာ အကောင်းဆုံ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါဟာ မန်စီးတီးကစားသမားတစ်ယောက်အနေနဲ့ သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်မှုဖြစ်ပြီး မနက်ခင်ပိုင်းမှာ အိမ်သာထဲတွင် နာရီဝက်လောက် အချိန်ကုန်ခဲ့ပြီးနောက် သူဟာ ကစားဖို့အတွက် ၁၀၀% မဟုတ်ကြောင်း ဝန်ခံခဲ့ပါတယ်။

ရာသီဥတုဒဏ်ခံကို ကြံ့ကြံ့ခံခဲ့ရသော်လည်း လီဗာပူးနှင့်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကြောင်း ဂရီးလစ်ချ်က ပြောဆိုလိုက်ပါတယ်။
ပွဲ အပြီးမှာ ဂရီးလစ်ချ်က “ကျွန်တော် အိမ်သာထဲမှာ နာရီဝက်လောက် ရှိနေခဲ့ပါတယ်။ တစ်မနက်လုံး နေမကောင်း ဖြစ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ပေါင် သန်း ၁ဝဝ တန် ကစားသမားရဲ့ ခြေစွမ်းကို ယခင်က မေးခွန်း ထုတ်ခံခဲ့ရပေမယ့် မန်စီးတီးကစားသမားဘဝ အတိုးတက်ဆုံးကာလမှာ ဂရီးလစ်ရှ်ဟာ ဂွာဒီယိုလာရဲ့ ပထမပွဲထွက်လူစာရင်းတွင် ပါဝင်လာခဲ့ပါတယ်။
မန်စီးတီးဟာ အာဆင်နယ်အသင်းကို အမှီလိုက်ဖို့ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့လတွေမှာ သူ့ရဲ့နေရာဖြစ်တဲ့ ဘယ်တောင်ပံ နေရာတွင် အထူးခြေစွမ်းပြထားတာဖြစ်ပါတယ်။
ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်နှင့် ၂ ကျော့မကစားမီ ဆောက်သမ်တန်အသင်းနှင့် ရင်ဆိုင် ကစားရမှာဖြစ်ပါတယ်။
