စီးတီး ပစ်မှတ်တွေကို ဈေးတင်လိုက်တဲ့ ရီးရဲလ်နဲ့ ဘာစီ၊ ဟာလန်း ပြန်ပါမယ့် ပွဲ၊ ကန်ဆယ်လို အနာဂတ်နဲ့ မန်စီးတီး သတင်းတိုများ

ဘိုင်ယန်မြူးနစ် နည်းပြသစ် သောမတ်စ် တူချယ် က အငှား ခေါ်ထားတဲ့ မန်စီးတီး အစွန် နောက်ခံလူ ကန်ဆယ်လို ဟာ သူ့အသင်း အတွက် အရေးကြီးတယ် ပြောဆိုနေပေမယ့် ဆက်ခေါ်ထားဖို့ လိုလားခြင်း မရှိဘူးလို့ သိရပါတယ်။
ဘာစီလိုနာ အသင်းကတော့ မန်စီးတီး ပစ်မှတ်ထားနေတဲ့ လူငယ်ကြယ်ပွင့် အန်ဆု ဖာတီ အတွက် ပေါင် သန်း ၉ဝ လို့ ဈေးသတ်မှတ်လိုက်ပြီး အဲဒီထက် နည်းတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ ညှိနှိုင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။
မန်စီးတီး တိုက်စစ်မှုး ဟာလန်း က လာမယ့် စနေနေ့ ဆောက်သမ်တန်နဲ့ ပွဲမှာတော့ ပြန် ပါဝင် ကစားနိုင်ဖွယ် ရှိပါတယ်။
အာဆင်နယ်၊ မန်စီးတီးနဲ့ နယူးကာဆယ်တို့ အပြိုင် စိတ်ဝင်စားနေတဲ့ ဖာလန်း မန်ဒီကို ရီးရဲလ်မက်ဒရစ်က ဈေးချိုချိုနဲ့ ရောင်းချမှာ မဟုတ်ဘဲ အနည်းဆုံး ယူရို သန်း ၆ဝ ရရှိလိုနေတယ်လို့ သိရပါတယ်။
လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို အဘက်ဘက်မှာ မယှဉ်နိုင်ခဲ့ဘူးလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။
ကတ်စ်မဲရိုးနဲ့ ရိုဒရီတို့က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ၅ဦး စာရင်းထဲ ပါဝင်တာကြောင့် နှစ်ယောက်ထဲမှာ ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းတခု ထွက်ပေါ်လာခဲ့ပြီး ရီယို ဖာဒီနန်ကတော့ ကတ်စ်မဲရိုးဟာ ခေါင်းဆောင်နိုင်တဲ့ အရည်အသွေးမျိုး ရှိတာကြောင့် ပိုကောင်းတယ်လို့ ဆိုလာပါတယ်။