မန်စီးတီးနဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ချန်ပီယံ အဆုံးအဖြတ် အဖြစ် Play-Off ကစားရနိုင်သလား

မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်မှုက ဧပြီလအတွင်းသို့ ရောက်လာပြီ ဖြစ်ကာ အဆုံးအဖြတ်ပေးမယ့် ဇာတ်သိမ်းပိုင်းသို့ ချဉ်းကပ်လာပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ အစောပိုင်းတုန်းက မန်စီးတီး က လီဗာပူးကို ၄-၁ဂိုးဖြင့် အနိုင်ယူခဲ့မှုအား အာဆင်နယ်ဟာ လိဒ်ကို၄-၁ဖြင့်အနိုင်ယူပြီး တုံ့ပြန်ကာ အမှတ်ပေးဇယားထိပ်မှာ ၈မှတ်ဖြတ်ပြီး ဆက်လက် ဦးဆောင်ထားနိုင်ပါတယ်။

ဒါပေမဲ့ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ တစ်ပွဲလျှော့ ကစားထားတဲ့ အပြင် ယခုလနှောင်းပိုင်းမှာ အီတီဟတ်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံ ကစားရပါမယ်။

ဒါကြောင့်လည်းမန်စီးတီးအနေဖြင့် ပရီးမီးယားလိဂ်ဖလားနှင့်ဝေးကွာလာခဲ့တာ ၁၉နှစ်တိုင်ရှိပြီဖြစ်တဲ့ အာဆင်နယ်ကို လိုက်မီနိုင်သေးတယ်လို့ အပြည့်အဝယုံကြည်နေပါတယ်။

တဖက်မှာ မန်စီးတီးနှင့်အာဆင်နယ်တို့ဟာ ချန်ပီယံဖြစ်ရေး အတွက် Play-Off ပွဲကစားပြီး ဆုံးဖြတ်ရနိုင်တဲ့ အခြေအနေမျိုးမှာ လည်း ရှိနေပါတယ်။

ပရီးမီးယားလိဂ်စည်းမျဉ်းအရ ချန်ပီယံဆုကို ရမှတ်၊ ဂိုးကွာခြားချက်၊ သွင်းဂိုးတို့နှင့် အရင် ဆုံးဖြတ်ပါတယ်။

အာဆင်နယ် ဟာ လောလောဆယ်မှာ မန်စီးတီးထက် သွင်းဂိုး ၁ဂိုး နည်းနေပြီး ပေးဂိုး ၁ဂိုး ပို ထားပါတယ်။ ဒါကြောင့် ဂိုးကွာခြားချက်မှာ စီးတီးက ၄၅၊ အာဆင်နယ်က ၄၃ ဖြစ်နေပါတယ်။

တကယ်လို့များ ရာသီအကုန်မှာ နှစ်သင်းလုံး သွင်းဂိုး၊ ပေးဂိုးတူ၊သွင်းဂိုးတူလာတဲ့ အပြင် ထိပ်တိုက်တွေ့ဆုံမှု အဝေးကွင်းပွဲ ဂိုးသွင်းမှုပါတူလာပါက Play-Off ကစားရပါမယ်။

ဒါကြောင့်အာဆင်နယ်ဟာ အီတီဟတ်မှာ ကစားရမဲ့ပွဲစဉ်မှာမန်စီးတီးကို ၃ဂိုးပြတ်နဲ့ အနိုင်ရမှသာလျှင် ထိုသို့ Play-Off ကစားရမှာလည်း ဖြစ်လာပါမယ်။

ဒီ အခြေအနေတွေကြောင့် Play-Off ပွဲကစားရဖို့ဖြစ်လာဖို့က ခက်တော့ ခက်ခဲနေပါတယ်။ဒါပေမဲ့ လုံးဝ ဖြစ်လာနိုင်ဘူးလို့လည်း ပြောလို့မရပါဘူး။

လက်ရှိခြေစွမ်းအရ အာဆင်နယ်ဟာ လက်ကျန်ပွဲတွေမှာ ပွဲအမြောက်အမြားရှုံးလာနိုင်တဲ့အခြေအနေမျိုးမှာ မရှိမှုနဲ့အတူ အမှတ် အနည်းငယ်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။ မန်စီးတီးကတော့ ချန်ပီယံ ဆု အတွက် လက်လျှော့မှာ မဟုတ်ဘဲ နောက်ဆုံးပွဲအထိ ကြိုးစားသွားမှာပါ။