ပက် လွယ်လွယ်တွေးမှာ မဟုတ်တဲ့ ဆောက်သမ်တန် – မန်စီးတီး ပွဲ လို့ ခရစ်ဆက်တန် ပွဲကြို ခန့်မှန်းလာပါပြီ

မန်စီးတီးအသင်းက ဒီအပတ် ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရမှာပါ။ ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က ဒီပွဲ အတွက် သုံးသပ်ခန့်မှန်းထားချက်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

” ဒီပွဲမှာ မန်စီးတီးက သေချာပေါက် အနိုင် ၃ မှတ် ယူနိုင်မယ်လို့ လူတိုင်းက ပြောကြမှာပါ၊ ဒါပေမယ့် နောက်ဆုံး အကြိမ် စိန့်မေရီကွင်းမှာ ယှဉ်ပြိုင်တဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ သူတို့အသင်း အရေးနိမ့်တာကို ဂွာဒီယိုလာ မေ့မယ် မထင်ပါဘူး။

အဲ့ပွဲတုန်းက ကျနော် ရှိနေခဲ့ပြီး စီးတီးက ရလဒ်ကို ပြန်မလှန်နိုင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရပါမယ်။ ဟာလန်းက ကြံ့ခိုင်မှု ကောင်းနေပါတယ်။

အဲဗာရက်စ်က လီဗာပူးကို အနိုင်ရတဲ့ပွဲအတွင်း သူ့ရဲ့ ခြေစွမ်းအတွက် ပွဲထွက် နေရာရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာက ဟာလန်းနဲ့ အဲဗာရက်စ်တို့ နှစ်ဦးလုံးကို တွဲဘက်ပေးမလား မသေချာပါဘူး။ ဇန်နဝါရီနဲ့ မတူတော့တာက ဒီပွဲမှာ ခြေချော်လို့ မရဘူးဆိုတာကို စီးတီးတို့ သိပါတယ်။

မန်စီးတီး ခြေချော်ခဲ့မယ်ဆိုရင် အာဆင်နယ်က သိပ်ကောင်းတဲ့ အနေအထားကို ရောက်သွားမှာပါ။ ဒီပွဲမှာ စီးတီးက သက်သေပြမှာဖြစ်ပြီး သူတို့ရဲ့ အရည်အချင်းကောင်းကို ပြသပြီး သက်သောင့်သက်သာ အနိုင်ရသင့်ပါတယ်။ ” လို့ ဆက်တန်က ဆိုပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းခဲ့တဲ့ ပွဲရလဒ်ကတော့ ဆောက်သမ်တန် 0-3 မန်စီးတီး ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

Zawgyi – မန္စီးတီးအသင္းက ဒီအပတ္ ေဆာက္သမ္တန္နဲ႕ ပရီးမီးယားလိဂ္ပြဲ ယွဥ္ျပိဳင္ရမွာပါ။ ဘီဘီစီ သတင္းဌာနမွ ခရစ္ဆက္တန္ က ဒီပြဲ အတြက္ သံုးသပ္ခန္႔မွန္းထားခ်က္က ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

” ဒီပြဲမွာ မန္စီးတီးက ေသခ်ာေပါက္ အႏိုင္ ၃ မွတ္ ယူႏိုင္မယ္လို႔ လူတိုင္းက ေျပာၾကမွာပါ၊ ဒါေပမယ့္ ေနာက္ဆုံး အႀကိမ္ စိန႔္ေမရီကြင္းမွာ ယွဥ္ၿပိဳင္တဲ့ ကာရာေဘာင္းဖလား ပြဲစဥ္မွာ သူတို႔အသင္း အေရးနိမ့္တာကို ဂြာဒီယိုလာ ေမ့မယ္ မထင္ပါဘူး။

အဲ့ပြဲတုန္းက က်ေနာ္ ရွိေနခဲ့ၿပီး စီးတီးက ရလဒ္ကို ျပန္မလွန္ႏိုင္ခဲ့ပါဘူး။ ဒီတစ္ႀကိမ္မွာ ဘယ္လိုျဖစ္လာမလဲ ေစာင့္ၾကည့္ရပါမယ္။ ဟာလန္းက ႀကံ့ခိုင္မႈ ေကာင္းေနပါတယ္။

အဲဗာရက္စ္က လီဗာပူးကို အႏိုင္ရတဲ့ပြဲအတြင္း သူ႔ရဲ႕ ေျခစြမ္းအတြက္ ပြဲထြက္ ေနရာရဖို႔ ထိုက္တန္ပါတယ္။ ဒါေပမယ့္ ဂြာဒီယိုလာက ဟာလန္းနဲ႔ အဲဗာရက္စ္တို႔ ႏွစ္ဦးလုံးကို တြဲဘက္ေပးမလား မေသခ်ာပါဘူး။ ဇန္နဝါရီနဲ႔ မတူေတာ့တာက ဒီပြဲမွာ ေျခေခ်ာ္လို႔ မရဘူးဆိုတာကို စီးတီးတို႔ သိပါတယ္။

မန္စီးတီး ေျခေခ်ာ္ခဲ့မယ္ဆိုရင္ အာဆင္နယ္က သိပ္ေကာင္းတဲ့ အေနအထားကို ေရာက္သြားမွာပါ။ ဒီပြဲမွာ စီးတီးက သက္ေသျပမွာျဖစ္ၿပီး သူတို႔ရဲ႕ အရည္အခ်င္းေကာင္းကို ျပသၿပီး သက္ေသာင့္သက္သာ အႏိုင္ရသင့္ပါတယ္။ ” လို႔ ဆက္တန္က ဆိုပါတယ္။

ခရစ္ဆက္တန္ ခန္႔မွန္းခဲ့တဲ့ ပြဲရလဒ္ကေတာ့ ေဆာက္သမ္တန္ 0-3 မန္စီးတီး ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ မနက္ျဖန္ စေနေန႔ည ၁၁ နာရီမွာ ယွဥ္ျပိဳင္ၾကမွာပါ။