၈ မှတ်ဖြတ်ထားတဲ့ အာဆင်နယ် ထက် မန်စီးတီး ကိုပဲ ယုံကြည်ထားတဲ့ မန်ယူ ဂန္တဝင်ကြီး

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း ကတော့ အာဆင်နယ် အသင်း ရဲ့ ဒီရာသီ စွမ်းဆောင်ရည် အပေါ် ချီးကျူး ပြောကြား သွားခဲ့ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် မန်စီးတီးပဲ အောင်ပွဲ ခံနိုင်လိမ့်မယ်လို့ ယူဆကြောင်း ပြောကြား လိုက်ပါတယ်။

” အာဆင်နယ် က သိပ်ကောင်းတဲ့ အဆင့် ရပ်တည်မှု တခု မှာ ရှိနေပါတယ် ။ ရာသီ အစမှာတုန်းက သူတို့ အခုလို ရပ်တည် နိုင်လိမ့်မယ်လို့ မတွေးခဲ့မိပါဘူး၊

ဒါပေမယ့် သူတို့ အတော်လေး ကောင်းပါတယ် ၊ လူငယ် ကြယ်ပွင့် အတော်များများက တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသ နိုင်ခဲ့ကြပါတယ် ။သူတို့ အခု လိဂ်ပြိုင်ပွဲကိုပဲ အာရုံစိုက်စရာ ရှိပါတယ် ။ ”

” အာဆင်နယ် က ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး အသင်း ဖြစ်နေတာမှန်ပါတယ် ။ ဒါပေမယ့် သူတို့ ချန်ပီယံ ဖြစ်လိမ့်မယ်လို့တော့ မထင်ပါဘူး ၊ ဒါကြောင့် မန်စီးတီး ပဲ ဆက်လက် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ကျနော် ကတော့ ပြောချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၀၃-၀၄ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို တစ်ကျော့ပြန် ရယူဖို့ ကြိုးပမ်း နေတဲ့ အသင်း ဖြစ်ပြီး လက်ကျန် ၉ ပွဲ ကျန်ချိန်မှာ ဒုတိယနေရာက မန်ချက်စတာ စီးတီး အသင်းကို ရမှတ် ၈ မှတ် အထိ ဖြတ်ထား နိုင်ပါတယ် ။