ဒီည ဆောက်သမ်တန် vs မန်စီးတီး ပွဲ မှာ ဘယ်လိုရလဒ် ထွက်မလဲ ပေါမာဆန်ကြီး က ဟောကိန်းထုတ်ပါပြီ

မန်ချက်စတာ စီးတီးက ဒီအပတ် ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန် အသင်းကို အဝေးကွင်း စိန့်မေရီကွင်းမှာ သွားရောက် ရင်ဆိုင်မှာ ဖြစ်ပါတယ်။

ဘောလုံးပွဲ သုံးသပ်ဆရာကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဆောက်သမ်တန် vs မန်စီးတီး တို့ ပွဲ အတွက် ခုလို သုံးသပ် ဟောကိန်းထုတ်ထားပါပြီ။

” မန်စီးတီးက နောက် ၃ရက်အတွင်း ဘိုင်ယန်မြူးနစ်နဲ့ ကစားရဖို့ရှိလို့ တချို့ ကစားသမားတွေကို အနားပေးရမှာပါ။ အရင်က မြင်ခဲ့ရပါတယ်။

သူတို့ အာဆင်နယ်ကို နိုင်ခဲ့ပေမယ့် ဖောရက်စ် နဲ့ သရေကျလို့ အာဆင်နယ်ကို အဆင့် ၁ နေရာ ပြန်ပေးလိုက်ရတယ်။ ဒီပွဲတော့ သူတို့ ဂရုစိုက်ရတော့မှာပါ။

စီးတီးက အရမ်း ခြိမ်းခြောက်နိုင်တယ်။ ဟာလန်း မပါပဲနဲ့တောင် တော်တော် ကောင်းနေပါပြီ။ ဂရီးလစ်ရှ်က ပို ပို ကောင်းလာတယ်။ သူ ဗီလာမှာတုန်းက ခြေစွမ်းမျိုး ပြန်ရလာပါပြီ။

လီဗာပူးနဲ့ပွဲမှာ စီးတီး က အရမ်းကောင်းခဲ့တယ်။ တချို့ဂိုးတွေဆီ PlayStation ထဲကလိုပဲ။ ဒီတစ်ပတ်မှာ ဆောက်သမ်တန် အတွက် သူတို့က အများကြီး တောင့်တင်းလွန်းနေမှာပါ။ ” လို့ ပေါမာဆန်က ဆိုထားပါတယ်။

ပွဲ ရလဒ်ကိုတော့ ဆောက်သမ်တန် 0-3 မန်စီးတီး လို့ ပေါမာဆန်က ခန့်မှန်း ဟောကိန်းထုတ်ခဲ့ပါတယ်။

ZG – မန္ခ်က္စတာ စီးတီးက ဒီအပတ္ ပရီးမီးယားလိဂ္မွာ ေဆာက္သမ္တန္ အသင္းကို အေဝးကြင္း စိန္႔ေမရီကြင္းမွာ သြားေရာက္ ရင္ဆိုင္မွာ ျဖစ္ပါတယ္။

ေဘာလံုးပြဲ သံုးသပ္ဆရာၾကီး တစ္ဦး ျဖစ္တဲ့ ဂန္းနားေဟာင္းၾကီး ေပါမာဆန္ က ေဆာက္သမ္တန္ vs မန္စီးတီး တို႔ ပြဲ အတြက္ ခုလို သံုးသပ္ ေဟာကိန္းထုတ္ထားပါျပီ။

” မန္စီးတီးက ေနာက္ ၃ရက္အတြင္း ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားရဖို႔ရွိလို႔ တခ်ိဳ႕ ကစားသမားေတြကို အနားေပးရမွာပါ။ အရင္က ျမင္ခဲ့ရပါတယ္။

သူတို႔ အာဆင္နယ္ကို ႏိုင္ခဲ့ေပမယ့္ ေဖာရက္စ္ နဲ႔ သေရက်လို႔ အာဆင္နယ္ကို အဆင့္ ၁ ေနရာ ျပန္ေပးလိုက္ရတယ္။ ဒီပြဲေတာ့ သူတို႔ ဂ႐ုစိုက္ရေတာ့မွာပါ။

စီးတီးက အရမ္း ၿခိမ္းေျခာက္ႏိုင္တယ္။ ဟာလန္း မပါပဲနဲ႔ေတာင္ ေတာ္ေတာ္ ေကာင္းေနပါၿပီ။ ဂရီးလစ္ရွ္က ပို ပို ေကာင္းလာတယ္။ သူ ဗီလာမွာတုန္းက ေျခစြမ္းမ်ိဳး ျပန္ရလာပါၿပီ။

လီဗာပူးနဲ႔ပြဲမွာ စီးတီး က အရမ္းေကာင္းခဲ့တယ္။ တခ်ိဳ႕ဂိုးေတြဆီ PlayStation ထဲကလိုပဲ။ ဒီတစ္ပတ္မွာ ေဆာက္သမ္တန္ အတြက္ သူတို႔က အမ်ားႀကီး ေတာင့္တင္းလြန္းေနမွာပါ။ ” လို႔ ေပါမာဆန္က ဆိုထားပါတယ္။

ပြဲ ရလဒ္ကိုေတာ့ ေဆာက္သမ္တန္ 0-3 မန္စီးတီး လို႔ ေပါမာဆန္က ခန္႔မွန္း ေဟာကိန္းထုတ္ခဲ့ပါတယ္။