မန်စီးတီးနဲ့ ပွဲမတိုင်ခင် အိပ်ရေးတွေပျက်ပြီး အတွေးများနေတဲ့ ဘိုင်ယန်မြူးနစ် နည်းပြ တူချယ်

ဘိုင်ယန်မြူးနစ် နည်းပြသောမတ်စ်တူချယ်က မန်စီးတီးနှင့်ရင်ဆိုင်ကစားရမဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မတိုင်မီ အိပ်ရေးပျက်ညများ ကြုံနေရကြောင်း ဝန်ခံပြောကြားလာပါတယ်။

တူချယ်ဟာ စက်တင်ဘာလတုန်းက ချဲလ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ယနေ့ညတွင် ဘိုင်ယန်မြူးနစ် နည်းပြ အဖြစ်ဖြင့် ပထမဆုံးအကြိမ် အဖြစ် အင်္ဂလန်တွင် မန်စီးတီးနှင့် ရင်ဆိုင် ကစားရပါမယ်။

တူချယ် ဟာ ယခင်တုန်းကဂွါဒီယိုလာနှင့် ၁၀ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ဖူးရာတွင် ၃ကြိမ်ရှုံးနိမ့်ထားပါတယ်။

တူချယ်က “အိပ်ယာစောစောဝင်ဖို့လုပ်တယ်။ အိပ်ပျော်နိုင်ဖို့မျှော်လင့်ခဲ့တယ်။ အကောင်းဆုံး ပြင်ဆင်မှုက အိပ်စက်တာပါ။ဒါပေမဲ့ အတွေးများနေတဲ့အခါ အိပ်ဖို့ခက်ပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့ မနက်ကဆို စောစောနိုးနေတယ်။ ပြန်အိပ်မရတော့တာကြောင့် လေ့ကျင့်ရေးကွင်းဆီ စောစောစီးစီးသွားခဲ့တယ်။ဒီပွဲ အကြောင်းပဲ တွေးနေတယ်” လို့ ပြောကြားသွားပါတယ်။

တူချယ်ရဲ့ ဂွါဒီယိုလာကို နောက်ဆုံးအကြိမ်အနိုင်ရခဲ့တာကတော့ ၂၀၂၁ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာဖြစ်ပါတယ်။

ယင်းနောက် ဂွါဒီယိုလာရဲ့မန်စီးတီးဟာ တူချယ်အထုတ်မခံရမီ ချဲလ်ဆီးကို ပရီးမီးယားလိဂ်မှာ နှစ်ကြိမ်တိုင်တိုင် အနိုင်ယူနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး တူချယ်ဟာ ဘိုင်ယန်မြူးနစ်အနေဖြင့်ဂွါဒီယိုလာရဲ့မန်စီးတီးကိုအနိုင်ရရှိရန် အကောင်းဆုံး ပုံစံရရှိရန် လိုအပ်နေကြောင်းလည်း ဆိုသွားပါတယ်။

တူချယ်က “ပက်နဲ့ ရင်ဆိုင်ရတဲ့ပွဲတွေဆီက အခြားပွဲတွေထက် ပိုသင်ယူနိုင်ခဲ့တယ်။ ပက် လုပ်တာတွေက ပြိုင်ဘက်ကင်းပါ။ ဒါပေမဲ့ မန်စီးတီးကိုပြဿနာကြုံရအောင်လုပ်ဖို့ အကောင်းဆုံး ပုံစံရနေဖို့လိုနေတယ်” လို့ ဆိုသွားပါတယ်။

ZG – ဘိုင္ယန္ျမဴးနစ္ နည္းျပေသာမတ္စ္တူခ်ယ္က မန္စီးတီးႏွင့္ရင္ဆိုင္ကစားရမဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ ပြဲစဥ္မတိုင္မီ အိပ္ေရးပ်က္ညမ်ား ႀကဳံေနရေၾကာင္း ဝန္ခံေျပာၾကားလာပါတယ္။

တူခ်ယ္ဟာ စက္တင္ဘာလတုန္းက ခ်ဲလ္ဆီးနည္းျပရာထူးမွ ထုတ္ပယ္ျခင္းခံရၿပီးေနာက္ ယေန႔ညတြင္ ဘိုင္ယန္ျမဴးနစ္ နည္းျပ အျဖစ္ျဖင့္ ပထမဆုံးအႀကိမ္ အျဖစ္ အဂၤလန္တြင္ မန္စီးတီးႏွင့္ ရင္ဆိုင္ ကစားရပါမယ္။

တူခ်ယ္ ဟာ ယခင္တုန္းကဂြါဒီယိုလာႏွင့္ ၁၀ႀကိမ္တိုင္တိုင္ ရင္ဆိုင္ခဲ့ဖူးရာတြင္ ၃ႀကိမ္ရႈံးနိမ့္ထားပါတယ္။

တူခ်ယ္က “အိပ္ယာေစာေစာဝင္ဖို႔လုပ္တယ္။ အိပ္ေပ်ာ္ႏိုင္ဖို႔ေမွ်ာ္လင့္ခဲ့တယ္။ အေကာင္းဆုံးျပင္ဆင္မႈက အိပ္စက္တာပါ။ဒါေပမဲ့ အေတြးမ်ားေနတဲ့အခါ အိပ္ဖို႔ခက္ပါတယ္။ ဒီေန႔ တနဂၤေႏြေန႔ မနက္ကဆို ေစာေစာႏိုးေနတယ္။ ျပန္အိပ္မရေတာ့တာေၾကာင့္ ေလ့က်င့္ေရးကြင္းဆီ ေစာေစာစီးစီးသြားခဲ့တယ္။ဒီပြဲ အေၾကာင္းပဲ ေတြးေနတယ္” လို႔ ေျပာၾကားသြားပါတယ္။

တူခ်ယ္ရဲ႕ ဂြါဒီယိုလာကို ေနာက္ဆုံးအႀကိမ္အႏိုင္ရခဲ့တာကေတာ့ ၂၀၂၁ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာျဖစ္ပါတယ္။

ယင္းေနာက္ ဂြါဒီယိုလာရဲ႕မန္စီးတီးဟာ တူခ်ယ္အထုတ္မခံရမီ ခ်ဲလ္ဆီးကို ပရီးမီးယားလိဂ္မွာ နွစ္ႀကိမ္တိုင္တိုင္ အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ဆက္လက္ၿပီး တူခ်ယ္ဟာ ဘိုင္ယန္ျမဴးနစ္အေနျဖင့္ဂြါဒီယိုလာရဲ႕မန္စီးတီးကိုအႏိုင္ရရွိရန္ အေကာင္းဆုံး ပုံစံရရွိရန္ လိုအပ္ေနေၾကာင္းလည္း ဆိုသြားပါတယ္။

တူခ်ယ္က “ပက္နဲ႔ ရင္ဆိုင္ရတဲ့ပြဲေတြဆီက အျခားပြဲေတြထက္ ပိုသင္ယူႏိုင္ခဲ့တယ္။ ပက္ လုပ္တာေတြက ျပိဳင္ဘက္ကင္းပါ။ ဒါေပမဲ့ မန္စီးတီးကိုျပႆနာႀကဳံရေအာင္လုပ္ဖို႔ အေကာင္းဆုံး ပုံစံရေနဖို႔လိုေနတယ္” လို႔ ဆိုသြားပါတယ္။