မန်စီးတီး ပရိသတ်တွေ Boo လုပ် လှောင်ပြောင်တာခံခဲ့ရပေမဲ့ အသင်းကို ချစ်နေဆဲ ကန်ဆယ်လို

ဒီတပတ် ကြားရက်မှာ ချန်ပီယံလိဂ် ပွဲအဖြစ် ဘိုင်ယန်နဲ့ အတူ အီတီဟတ်ကို အိမ်ပြန်လာခဲ့တဲ့ ကန်ဆယ်လိုရဲ့ အလည်ခရီးက ထင်ထားသလိုမဖြစ်ခဲ့ပါဘူး။ မန်စီးတီးကို ရင်ဆိုင်ခဲ့တဲ့ပွဲမှာ အရန်အဖြစ်နဲ့ပဲ လူစားဝင်ခဲ့ရသလို ဝင်ခဲ့ရတဲ့ အခိုက်အတန့်မှာလည်း ပရိသတ်တွေရဲ့ ငြိုငြင်မှုကိုခံခဲ့ရပါတယ်။
ကန်ဆယ်လိုကို တူချယ်က လူစားထည့်ချိန်မှာ တစ်ကွင်းလုံးက ဘူး လုပ်တာခံခဲ့ရပါတယ်။ နည်းပြ ပက် ဂွာဒီယိုလာ နဲ့ ပွဲထွက်ခွင့်ပြဿနာတက်လို့ အသင်းကနေ ဘိုင်ယန်ကို အငှားထွက်သွားရပေမဲ့ အငှားထွက်ချိန်မှာလည်း ပွဲထွက်ခွင့် မရခဲ့လို့ပါ။
ဒါပေမဲ့ ကန်ဆယ်လိုဘက်က သဘောထားကတော့ ပြတ်သားပါတယ်။ အသင်းဟောင်း မန်စီးတီးကို သစ္စာမမဲ့ပါဘူး။ ကွင်းထဲကို ဝင်မယ့် လျှောက်လှမ်းမှာ မန်စီးတီးအသင်းရဲ့ လိုဂိုကို နင်းဖြတ်သွားရမယ့်အစား ရှောင်ကွင်းပြီးတော့ သွားခဲ့ပါတယ်။
မန်စီးတီးလိုဂိုကို နင်းချသွားရတဲ့အထိ သစ္စာမမဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါကို မသိခဲ့တဲ့ ပရိသတ်တွေက ကန်ဆယ်လိုကို Boo လုပ် လှောင်ပြောင်ခဲ့ချိန်မှာတော့ အနည်းငယ်တော့ စိတ်မကောင်းဖြစ်ခဲ့တဲ့ပုံကို ရုပ်သံတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
မန်စီတီး ပရိသတ်တွေဘက်ကကြည့်ရင်တော့ အသင်းအလိုအပ်ဆုံးအချိန်မှာ ကန်ဆယ်လို အငှားထွက်သွားတာက ဘယ်လိုမှ လက်ခံပေးစရာ မရှိပါဘူး။ ဂွါဒီယိုလာဆိုရင် ခံစစ်ကစားပုံကို ပြောင်းလဲခဲ့ရပြီး၊ အကီတို့၊ စတုန်းတို့ဆိုရင် ခံစစ်လား ကွင်းလယ်လားတောင် မသဲကွဲတော့ပါဘူး။
နည်းစနစ်မာစတာ ဆရာပတ်ကတော့ သူကြွယ်တိုင်း လိုသလို လုပ်ပြနေလို့ ပရိသတ်တွေ လိုက်မမီပေမဲ့ အလုပ် ကတော့ဖြစ်နေဆဲပါ။
မန်စီးတီးဟာ ကွာတားဖိုင်နယ် ပကျော့မှာ (၃-ဝ)နဲ့ ဘိုင်ယန်မြူးနစ်ကို ဦးဆောင်ထားလိုက်ပြီမလို့ အဝေးကွင်းမှာ သရေ ထိန်း ကန်နိုင်ရင်ကို တက်ပြီ ဖြစ်ပါတယ်။
Zawgyi – ဒီတပတ္ ၾကားရက္မွာ ခ်န္ပီယံလိဂ္ ပြဲအျဖစ္ ဘိုင္ယန္နဲ႕ အတူ အီတီဟတ္ကို အိမ္ျပန္လာခဲ့တဲ့ ကန္ဆယ္လိုရဲ႕ အလည္ခရီးက ထင္ထားသလိုမျဖစ္ခဲ့ပါဘူး။ မန္စီးတီးကို ရင္ဆိုင္ခဲ့တဲ့ပြဲမွာ အရန္အျဖစ္နဲ႔ပဲ လူစားဝင္ခဲ့ရသလို ဝင္ခဲ့ရတဲ့ အခိုက္အတန႔္မွာလည္း ပရိသတ္ေတြရဲ႕ ၿငိဳျငင္မႈကိုခံခဲ့ရပါတယ္။
ကန္ဆယ္လိုကို တူခ်ယ္က လူစားထည့္ခ်ိန္မွာ တစ္ကြင္းလုံးက ဘူး လုပ္တာခံခဲ့ရပါတယ္။ နည္းျပ ပက္ ဂြာဒီယိုလာ နဲ႔ ပြဲထြက္ခြင့္ျပႆနာတက္လို႔ အသင္းကေန ဘိုင္ယန္ကို အငွားထြက္သြားရေပမဲ့ အငွားထြက္ခ်ိန္မွာလည္း ပြဲထြက္ခြင့္ မရခဲ့လို႔ပါ။
ဒါေပမဲ့ ကန္ဆယ္လိုဘက္က သေဘာထားကေတာ့ ျပတ္သားပါတယ္။ အသင္းေဟာင္း မန္စီးတီးကို သစၥာမမဲ့ပါဘူး။ ကြင္းထဲကို ဝင္မယ့္ ေလွ်ာက္လွမ္းမွာ မန္စီးတီးအသင္းရဲ႕ လိုဂိုကို နင္းျဖတ္သြားရမယ့္အစား ေရွာင္ကြင္းၿပီးေတာ့ သြားခဲ့ပါတယ္။
မန္စီးတီးလိုဂိုကို နင္းခ်သြားရတဲ့အထိ သစၥာမမဲ့ဘူးဆိုတဲ့ အဓိပၸာယ္ပါ။ ဒါကို မသိခဲ့တဲ့ ပရိသတ္ေတြက ကန္ဆယ္လိုကို Boo လုပ္ ေလွာင္ေျပာင္ခဲ့ခ်ိန္မွာေတာ့ အနည္းငယ္ေတာ့ စိတ္မေကာင္းျဖစ္ခဲ့တဲ့ပုံကို ႐ုပ္သံေတြမွာ ျမင္ေတြ႕ခဲ့ရပါတယ္။
မန္စီတီး ပရိသတ္ေတြဘက္ကၾကည့္ရင္ေတာ့ အသင္းအလိုအပ္ဆုံးအခ်ိန္မွာ ကန္ဆယ္လို အငွားထြက္သြားတာက ဘယ္လိုမွ လက္ခံေပးစရာ မရွိပါဘူး။ ဂြါဒီယိုလာဆိုရင္ ခံစစ္ကစားပုံကို ေျပာင္းလဲခဲ့ရၿပီး၊ အကီတို႔၊ စတုန္းတို႔ဆိုရင္ ခံစစ္လား ကြင္းလယ္လားေတာင္ မသဲကြဲေတာ့ပါဘူး။
နည္းစနစ္မာစတာ ဆရာပတ္ကေတာ့ သူႂကြယ္တိုင္း လိုသလို လုပ္ျပေနလို႔ ပရိသတ္ေတြ လိုက္မမီေပမဲ့ အလုပ္ ကေတာ့ျဖစ္ေနဆဲပါ။
မန္စီးတီးဟာ ကြာတားဖိုင္နယ္ ပေက်ာ့မွာ (၃-၀)နဲ႔ ဘိုင္ယန္ျမဴးနစ္ကို ဦးေဆာင္ထားလိုက္ၿပီမလို႔ အေဝးကြင္းမွာ သေရ ထိန္း ကန္ႏိုင္ရင္ကို တက္ၿပီ ျဖစ္ပါတယ္။