ဒီပွဲပြီးတာနဲ့ ၁ဝ နှစ်လောက်ကို အိုစာသွားတော့တာပဲ ဆိုတဲ့ ပက် ဂွာဒီယိုလာရဲ့ ရင်ဖွင့် စကား

အီတီဟက်ကွင်းမှာ ကစားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ ပွဲမှာ မန်စီးတီးက ဘိုင်နယ်မြူးနစ်ကို ၃ဂိုးထိ သွင်းပြီး ဂိုးပြတ် နိုင်ပွဲ ယူခဲ့ပါတယ်။

ထိုပွဲက မန်စီးတီး အသင်း စွမ်းဆောင်ရည်ကို နည်းပြ ပက် ဂွာဒီယိုလာကတော့ အားရ ကျေနပ်နေပြီး သူ ကိုယ်တိုင်လည်း စိတ်ရော ကိုယ်ပါနှစ်ကာ ကြိုးစားခဲ့တာကြောင့် ပွဲ အပြီးမှာ အတော် အိုစာသွားခဲ့ရပြီလို့ ပက် က ဆိုလာပါတယ်။

” ဘယ် အေးဆေးသက်သာမလဲဗျာ။ စိတ်ပိုင်းဆိုင်ရာအရ ကျနော် တကယ်ကို ထိတာပေါ့။ ဒီနေ့မှာ အသက် ၁၀ နှစ်လောက် ပိုအိုသွားသလိုပါပဲ။

အရမ်းကို တောင်းဆိုမှု များလွန်းခဲ့တယ်။ အခုတော့ ကျနော် စိတ်သက်သာရာရနေပါပြီ။ တစ်ရက် အနားပေးထား ပါတယ်။ ပြီးရင်တော့ လက်စတာကို ခရီးဆက်ကြတာပေါ့။

ကျနော်တို့ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ အကယ်လို့ ကျနော်တို့ စွမ်းဆောင်ရည်များ မကောင်းခဲ့ရင် ဘိုင်ယန်မြူးနစ် က ၁ ဂိုး ၂ ဂိုး ၃ ဂိုးလောက်ထိ သွင်းသွားမှာပါ။ ဒါကို ကျနော် သိတယ်၊ အသင်းသားတွေလည်း သိပါတယ်။

သိပ်ကို ကောင်းလွန်းတဲ့ ရလဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ အကျင့်စရိုက် ကောင်းကောင်းတွေနဲ့ ဒီပွဲကို ကျနော်တို့ ကစားခဲ့ပါတယ်။ ဒီရသီမှာ ကိုယ်ရတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။ ဘိုင်ယန်ကို ရင်ဆိုင်ရချိန်မှာကောပါပဲ။

ကျနော် ဘိုင်ယန်မှာ ၃ နှစ်လောက် ရှိခဲ့တာမို့ ဒီပြိုင်ပွဲဟာ သူတို့အတွက် ဘယ်လို အဓိပ္ပာယ်လဲဆိုတာကို သိပါတယ်။ ကျနော်တို့ ဂိုးတွေကို သွင်းပြီး အနိုင်ရဖို့ ကြိုးစားနိုင်ခဲ့တာပါ။ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီ ဂိုးပြတ် နိုင်ပွဲကြောင့် ဆီမီးဖိုင်နယ် သို့ ခြေတစ်ဖက်လှမ်းထားနိုင်ခဲ့ပြီ လို့ ဆိုနိုင်ပြီး ဒုတိယ အကျော့ကို အမှားမခံဘဲ ထိန်း ကစားသွားဖို့သာ လိုအပ်တော့တာ ဖြစ်ပါတယ်။