မန်စီးတီးက အာဆင်နယ်ကို ဘယ်လို နောက်ကောက်ချပစ်မလဲ အဘွန်လဟော ကြို ပြော

ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်း ပြိုင်ဆိုင်မှုက အကြိတ်အနယ် ရှိနေပါတယ်။ မန်စီးတီးဟာ အာဆင်နယ် ထက် တစ်ပွဲလျော့ ကစားထားပြီး ၆ မှတ် အကွာမှာ ရှိနေပါတယ်။
ဂန်းနားတွေအနေနဲ့ အာတီတာ လက်အောက်မှာ အလွန်ကောင်းမွန်တဲ့ရာသီပိုင်ဆိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ဖလားပြိုင်ပွဲမှာ နောက်ကောက်ကျ ကျန်ခဲ့နိုင်တယ်လို့ အက်စတန် ဗီလာကြယ်ပွင့်ဟောင်း အဘွန်လဟောက သုံးသပ် သတိပေးခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ယခုရာသီ လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ယူနိုင်စွမ်းရှိနေတဲ့ပုံပေါ်နေပြီး တကယ်လည်း နိုင်အောင် ကစားသွားကာ ဂန်းနားတွေကို ဖြုတ်ချသွားလိမ့်မယ်လို့ အဘွန်လဟောက မြင်နေပါတယ်။
ပက် ဂွါဒီယိုလာရဲ့အသင်းဟာ လက်ရှိမှာတော့ အင်္ဂါနေ့ညမှာ ဘွန်ဒက်စ်လီဂါဘီလူးကြီး ဘိုင်ယန်မြူးနစ်ကို ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် လက်ကျန် ၉ ပွဲစလုံးကို အနိုင်ကစားသွားနိုင်တော့မယ့်ပုံပေါ်နေတာဖြစ်ပါတယ်။
အဘွန်လဟောရဲ့ အမြင်မှာလည်း မန်ချက်စတာစီးတီးက လက်ကျန်ပွဲစဉ်တွေအားလုံးကို အနိုင်ကစားပြီး ဆုဖလား ၃ လုံး တပြိုင်နက်ရယူနိုင်ဖို့ အရာအားလုံးကို လုပ်ဆောင်သွားတော့မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“မနေ့ညက သူတို့အသင်းပုံစံက တစ်စုံတခု ပူးကပ်ခံထားခဲ့ရသလိုပဲနော် လော်ရာ။ သူတို့တွေ မနေ့ညက ဘယ်သူ့ကိုမဆို ကစားနိုင်ပြီး ငါတို့တွေ မင်းကို အနိုင်ယူမယ်။ ငါတို့တွေ ဘောလုံးထိန်းသိမ်းတဲ့ပုံစံ၊ ကြီးမားတဲ့ ကွင်း၊ ပရိသတ်တွေကလည်း ငါတို့ဘက်မှာရှိတယ်လို့ ပြောခဲ့တယ်။
ဒါက မန်ချက်စတာစီးတီးရဲ့ အချိန်ပဲ။ ကျွန်တော်သာ လောင်းကစားသမားဆိုရင် သူတို့တွေအခုကနေ ရာသီကုန်အထိ ပွဲစဉ်တိုင်း အနိုင်ရရှိလိမ့်မယ်လို့ ပြောမှာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ ၎င်းတို့ရဲ့ ဆုဖလားပြိုင်ဘက်တွေထက် တစ်ပွဲလျော့နေသေးတဲ့အပြင် ဧပြီလ ၂၆ ရက်နေ့ အီတီဟတ်မှာ ဂန်းနားတွေကို လက်ခံ ယှဉ်ပြိုင်ကစားသွားရဖို့လည်း ရှိနေသေးတာ ဖြစ်ပါတယ်။