မန်စီးတီးရဲ့ ဒီည လက်စတာနဲ့ ပွဲစဉ် အတွက် ခရစ်ဆက်တန် သုံးသပ်ခန့်မှန်းချက် ထွက်ပါပြီ

မန်ချက်စတာ စီးတီးက ဒီအပတ် ပရီးမီးယားလိဂ်မှာ လက်စတာ အသင်းကို ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ အီတီဟက်ကွင်းမှာ ဒီနေ့ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ စီးတီး – လက်စတာပွဲ သုံးသပ် ခန့်မှန်းချက်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဒင်းစမစ်ရဲ့ လက်စတာမှာ ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ သူတို့ကို အမြန်ဆုံး ပုံမှန် ပြန်ဖြစ်အောင် လုပ်ဖို့ပါပဲ။ ဒါပေမယ့် ဒါမျိုး ဖြစ်လာဖို့ အနည်းဆုံး တစ်ပတ်လောက်တော့ စောင့်ရမှာပါ။ သူတို့မှာ ထူးချွန်တဲ့ ကစားသမားတွေ ရှိပေမယ့် မန်ချက်စတာ စီးတီးနဲ့ အတွေ့မှာတော့ ဒါက မဖြစ်နိုင်ပါဘူး။

ချန်ပီယံ ဆု က မန်စီးတီး လက်ထဲကို ရောက်လာပြန်ပါပြီ။ အာဆင်နယ် ဆီမှာလည်း အခွင့်အရေး ရှိတုန်းပါပဲ။ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကာကွယ်မယ့် မန်စီးတီးက ဘယ်ပွဲမှ ခြေချော်လို့ မရတော့ပါဘူး။

ပက် ဂွာဒီယိုလာ ဘယ်လို အသင်းကို ပွဲထုတ်လာမလဲ ဆိုတာက စိတ်ဝင်စားဖို့ ကောင်းပါမယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ကစားရဖို့ ရှိနေသေးတယ်။ ဒါပေမယ့် ပကျော့မှာ နိုင်ပွဲကြီး ရထားတာကြောင့် အတော် ခုသာ ခံသာ ရှိပြီး ဖိအားလျော့သွားမှာပါ။

ဒီ စနေပွဲကိုလည်း သူတို့ သိပ်ကြီး စိုးရိမ်ရမယ် မထင်ပါဘူး။ ပက် အသင်း ကစားပုံနဲ့ ဆိုရင် ဖြစ်လာနိုင်စရာ ရလဒ်က တစ်မျိုးပဲ ရှိပါတယ်။ အိမ်ကွင်းမှာ သက်တောင့်သက်သာ နိုင်ပွဲ ရပါလိမ့်မယ်။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၃-၀ လက်စတာ။

ZG – မန္ခ်က္စတာ စီးတီးက ဒီအပတ္ ပရီးမီးယားလိဂ္မွာ လက္စတာ အသင္းကို ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ အီတီဟက္ကြင္းမွာ ဒီေန႔ည ၁၁ နာရီ အခ်ိန္မွာ ယွဥ္ျပိဳင္ ၾကမွာပါ။

ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ခရစ္ဆက္တန္ရဲ႕ စီးတီး – လက္စတာပြဲ သံုးသပ္ ခန္႔မွန္းခ်က္က ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

ဒင္းစမစ္ရဲ႕ လက္စတာမွာ ပထမဆံုး လုပ္ရမယ့္ အလုပ္ကေတာ့ သူတို႔ကို အျမန္ဆံုး ပံုမွန္ ျပန္ျဖစ္ေအာင္ လုပ္ဖို႔ပါပဲ။ ဒါေပမယ့္ ဒါမ်ိဳး ျဖစ္လာဖို႔ အနည္းဆံုး တစ္ပတ္ေလာက္ေတာ့ ေစာင့္ရမွာပါ။ သူတို႔မွာ ထူးခၽြန္တဲ့ ကစားသမားေတြ ရွိေပမယ့္ မန္ခ်က္စတာ စီးတီးနဲ႕ အေတြ႔မွာေတာ့ ဒါက မျဖစ္နုိင္ပါဘူး။

ခ်န္ပီယံ ဆု က မန္စီးတီး လက္ထဲကို ေရာက္လာျပန္ပါျပီ။ အာဆင္နယ္ ဆီမွာလည္း အခြင့္အေရး ရွိတုန္းပါပဲ။ ပရီးမီးယားလိဂ္ ခ်န္ပီယံ ဆု ကာကြယ္မယ့္ မန္စီးတီးက ဘယ္ပြဲမွ ေျခေခ်ာ္လို႔ မရေတာ့ပါဘူး။

ပက္ ဂြာဒီယိုလာ ဘယ္လို အသင္းကို ပြဲထုတ္လာမလဲ ဆိုတာက စိတ္ဝင္စားဖို႔ ေကာင္းပါမယ္။ လာမယ့္ ဗုဒၶဟူးေန႔မွာက ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယ အေက်ာ့ ကစားရဖို႔ ရွိေနေသးတယ္။ ဒါေပမယ့္ ပေက်ာ့မွာ နိုင္ပြဲၾကီး ရထားတာေၾကာင့္ အေတာ္ ခုသာ ခံသာ ရွိျပီး ဖိအားေလ်ာ့သြားမွာပါ။

ဒီ စေနပြဲကိုလည္း သူတို႔ သိပ္ၾကီး စိုးရိမ္ရမယ္ မထင္ပါဘူး။ ပက္ အသင္း ကစားပံုနဲ႕ ဆိုရင္ ျဖစ္လာနိုင္စရာ ရလဒ္က တစ္မ်ိဳးပဲ ရွိပါတယ္။ အိမ္ကြင္းမွာ သက္ေတာင့္သက္သာ နိုင္ပြဲ ရပါလိမ့္မယ္။

ဆက္တန္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ မန္စီးတီး ၃-၀ လက္စတာ။