ဘယ်လင်ဟမ်၊ ကိုလ်ဝဲ၊ စီးတီးကို အလေးပေးလာတဲ့ စူပါကွန်ပျူတာ၊ အင်တာနောက်ခံလူကို ချိန်ရွယ်ခြင်းနဲ့ မန်စီးတီး သတင်းတိုများ

အာဆင်နယ် အသင်းရဲ့ မနေ့ညက ဝက်စ်ဟမ်းကို သရေကျတဲ့ ပွဲ အပြီးမှာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ အလေးပေးမှုက များစွာ မြင့်တက်လာပြီ ဖြစ်ပါတယ်။
စူပါကွန်ပျူတာရဲ့ နောက်ဆုံးထွက် ခန့်မှန်းမှုမှာ ရာသီကုန်ရင် မန်စီးတီးက အာဆင်နယ်ထက် ၁ မှတ် အသာနဲ့ ချန်ပီယံ ဖြစ်လာမယ် လို့ ဖော်ပြထားပြီး ချန်ပီယံ ဖြစ်နိုင်ခြေမှာ စီးတီးက ၆၆% အာဆင်နယ်က ၃၄% ထိ ကွာဟလာပါတယ်။
မန်စီးတီးဟာ ဒီနွေမှာ ဒေါ့မွန်ကနေ ဂျူ့ဒ်ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အနီးစပ်ဆုံး အနေအထား ဖြစ်နေပေမယ့် ၁၉နှစ် သား ကွင်းလယ်လူ ဟာ ပက် ဂွာဒီယိုလာနဲ့ အလုပ် တွဲလုပ်ချင်တာ သေချာစေချင် နေပါတယ်။
စီးတီးနဲ့ လီဗာပူးဟာ လက်ရှိ ဘရိုက်တန်မှာ အငှားချထားတဲ့ ချယ်ဆီး နောက်ခံလူ လက်ဗီ ကိုလ်ဝဲကို ခေါ်ဖို့ အပြိုင် မျက်စိကျနေပါတယ်။ ကိုလ်ဝကို ချယ်ဆီးကတော့ ရောင်းချလိုခြင်း မရှိဘဲ နောက်နှစ်မှာ အသင်းကြီးဆီ ခေါ်ပြီး နေရာပေးဖို့ ရည်ရွယ်နေပါတယ်။
မန်စီးတီးဟာ ပို့စ်မောက်ရဲ့ ၁၆နှစ်သား တောင်ပံနောက်ခံလူ ကိုဘီမော့တိုကို စောင့်ကြည့်နေတဲ့ ကလပ်များစွာထဲ ပါဝင်နေပါတယ်။
ဘာစီလိုနာဟာ ဂန်ဒိုဂမ်အတွက် မန်စီးတီးနဲ့ အပြောင်းအရွှေ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူကတော့ ဘယ်အသင်းနဲ့မှ အတည်ပြုချက် မရှိသေးကြောင်း ဆိုနေပါတယ်။
မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ဟာ အင်တာမီလန် ဗဟိုနောက်ခံလူ ဘာစတိုနီကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။