အာဆင္နယ္အသင္းထံ ေရာက္လာဖို႔ ပို နီးစပ္လာေနတဲ့ ပီအက္စ္ဂ်ီ ခံစစ္မွဴး

ပီအက္စ္ဂ်ီ ဘယ္ေနာက္ခံကစားသမား ကာဇဝါ ဟာ ဒီရာသီကုန္မွာ ျပင္သစ္ခ်န္ပီယံကလပ္အသင္းနဲ႔ စာခ်ဳပ္ သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ လိုအပ္ေနတဲ့ ဘယ္စြန္ ခံစစ္မွဴး ေနရာ အတြက္ ကူဇဝါ ကို ပစ္မွတ္ထားေနၿပီး ေခၚယူဖို႔ ကမ္းလွမ္းမႈ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

အာဆင္နယ္ အသင္းရဲ႕ ခံစစ္ဟာ အားနည္းမူေတြမ်ားစြာရွိေနၿပီး ဒဏ္ရာရ ကစားသမားေတြလည္း မ်ားျပားေနတာပါ။ ဘယ္ေနာက္ခံ ေနရာ အတြက္ ကိုလာစီနက္ ကလည္း ဒဏ္ရာရရွိေနသလို ဆာကာ ဟာလည္း ထိုေနရာအတြက္ လုံေလာက္မႈ သိပ္မရွိေသးတာကို ေတြ႕ရပါတယ္။

ပီအက္စ္ဂ်ီ အသင္းဘက္ကေတာ့ ကာဇဝါ ကို ဒီ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အာဆင္နယ္ ဝယ္ယူမယ္ရင္ ေျပာင္းေရႊ႕ေၾကး အျဖစ္ ယူ႐ို ၆ သန္း ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ ရာသီကုန္မွ ေခၚယူမယ္ဆိုရင္ အာဆင္နယ္က ကာဇဝါ ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကး နဲ႔ ရရွိမွာျဖစ္ေပမယ့္ နည္းျပ အာတီတာ က လက္က်န္ ရာသီဝက္အတြက္ ကစားသမားကို အလိုရွိေနျပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ အသက္ (၂၇) ႏွစ္အ႐ြယ္ရွိ ခံစစ္မွဴး ကူဇဝါ ကို အာဆင္နယ္ အသင္းက (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေႏြတုန္းကလည္း ထိုစဥ္က အာဆင္နယ္နည္းျပ အမ္မရီ ဟာ အသင္းရဲ႕ ခံစစ္အတြက္ ျပင္ဆင္ခဲ့ၿပီး ေဒးဗစ္လုဇ္၊ ဆာကာ၊ ဆလီဘာ တို႔ကို အာဆင္နယ္ အသင္းအတြက္ ေခၚယူအားျဖည္႔ထားခဲ႔ပါတယ္။

ဒါေပမယ့္ ထူးျခားတဲ့ သက္ေရာက္မႈ မရွိေသးဘဲ အာဆင္နယ္ အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ ရဲ႕ အဆင့္ (၁၀) ေနရာကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

Unicode – ပီအက်စ်ဂျီ ဘယ်နောက်ခံကစားသမား ကာဇဝါ ဟာ ဒီရာသီကုန်မှာ ပြင်သစ်ချန်ပီယံကလပ်အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လိုအပ်နေတဲ့ ဘယ်စွန် ခံစစ်မှူး နေရာ အတွက် ကူဇဝါ ကို ပစ်မှတ်ထားနေပြီး ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်းရဲ့ ခံစစ်ဟာ အားနည်းမူတွေများစွာရှိနေပြီး ဒဏ်ရာရ ကစားသမားတွေလည်း များပြားနေတာပါ။ ဘယ်နောက်ခံ နေရာ အတွက် ကိုလာစီနက် ကလည်း ဒဏ်ရာရရှိနေသလို ဆာကာ ဟာလည်း ထိုနေရာအတွက် လုံလောက်မှု သိပ်မရှိသေးတာကို တွေ့ရပါတယ်။

ပီအက်စ်ဂျီ အသင်းဘက်ကတော့ ကာဇဝါ ကို ဒီ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ် ဝယ်ယူမယ်ရင် ပြောင်းရွှေ့ကြေး အဖြစ် ယူရို ၆ သန်း တောင်းဆိုထားတယ်လို့ သိရပါတယ်။ ရာသီကုန်မှ ခေါ်ယူမယ်ဆိုရင် အာဆင်နယ်က ကာဇဝါ ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ရရှိမှာဖြစ်ပေမယ့် နည်းပြ အာတီတာ က လက်ကျန် ရာသီဝက်အတွက် ကစားသမားကို အလိုရှိနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် အသက် (၂၇) နှစ်အရွယ်ရှိ ခံစစ်မှူး ကူဇဝါ ကို အာဆင်နယ် အသင်းက (၅) နှစ်စာချုပ်ချုပ်ဆိုသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေတုန်းကလည်း ထိုစဉ်က အာဆင်နယ်နည်းပြ အမ်မရီ ဟာ အသင်းရဲ့ ခံစစ်အတွက် ပြင်ဆင်ခဲ့ပြီး ဒေးဗစ်လုဇ်၊ ဆာကာ၊ ဆလီဘာ တို့ကို အာဆင်နယ် အသင်းအတွက် ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။

ဒါပေမယ့် ထူးခြားတဲ့ သက်ရောက်မှု မရှိသေးဘဲ အာဆင်နယ် အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ရဲ့ အဆင့် (၁၀) နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။