လက်ရှိ မန်စီးတီးက ဖာဂူဆန်ရဲ့ ၉၉ က အသင်းလို အောင်မြင်သွားနိုင်တယ်လို့ နဗီးလ် သုံးသပ် ဝန်ခံလာ
မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ဂယ်ရီ နဗီးလ် ကတော့ ပက် ဂွာဒီယိုလာ ရဲ့ ဒီနှစ် မန်စီးတီး အသင်းဟာ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ ၁၉၉၉ တုန်းက လို ဖလား ၃ ထပ်ကွမ်း မဟာအောင်ပွဲမျိုး ရယူနိုင်ဖို့ အလားအလာ ကောင်းတွေ ပိုင်ဆိုင် ထားကြောင်း သုံးသပ် သွားခဲ့ ပါတယ်။
မန်စီးတီး ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နဲ့ FA ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၊ ပရီးမီးယားလိဂ်မှာ အဆင့် ၂ ရရှိထားပြီး ပြိုင်ပွဲ ၃ ခု စလုံးမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။
မန်စီးတီး ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ဂျာမန် ထိပ်သီး ဘိုင်ယန်မြုးနစ် ကို ၃-၀ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး နောက်တဆင့် တက်ဖို့ အလေးသာသွား သလို ပိတ်ရက်မှာလည်း လက်စတာ စီးတိး ကို ၃-၁ နဲ့ အနိုင်ယူခဲ့ ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နဲ့ အတူ ဖလား ၃ လုံးအောင်ပွဲ ကို ရယူပိုင်ဆိုင် ခဲ့ဖူးတဲ့ ဂယ်ရီ နဗီးလ် က မန်စီးတီး လည်း ဒီရာသီ ဖလား ၃ လုံး ယူသွားနိုင်တယ် ပြောဆိုလာခဲ့ ပါတယ်။
“ မန်စီးတီး ကစားပုံက တကယ် စစ်မှန်ပါတယ်။ ကစားတာလည်း အရမ်းကို ကောင်းပါတယ်။ ပုံစံကောင်းလည်း ရနေသလို အပြည့်အဝလည်း အာရုံစူးစိုက် ကစားနေကြတာပါ ။ ဟာလန်း ကလည်း အသင်းနဲ့ အသားကျ နေပါပြီ”
“ဖလား ၃ လုံးအောင်ပွဲ ၊ သူတို့ ရနိုင်ပါတယ်။ ပရီးမီးယားလိဂ် ၊ FA Cup နဲ့ ဥရောပ ဖလားတွေကို ရယူနိုင် လောက်တဲ့ အစွမ်းမျိုး သူတို့မှာ ပိုင်ဆိုင် နေပါပြီ။
ဒီလို ဖြစ်လာဖို့ ဆိုတာ တကယ်မလွယ်ပါဘူး။ အချိန်တွေ အများကြီးပေးပြီး ကြိုးစားရတာပါ။ အခု မန်စီးတီး ကတော့ ဒီအောင်ပွဲမျိုး နဲ့ အတော် နီးစပ်နေပြီလို့ ပြောရမှာပါပဲ” လို့ ဂယ်ရီ နဗီးလ် က ပြောဆို သွားခဲ့ ပါတယ်။