ဟာလန်း ဂိုးသွင်းစက် ဖြစ်နေလည်း အာဆင်နယ်က မလိုချင်ဘူး လို့ ဂန်းနားဟောင်းကြီး ပြောဆို
ဂန်းနားဟောင်းကြီး အီယန်ရိုက်ကတော့ လက်ရှိ အာဆင်နယ် အသင်းဟာ ပြိုင်ဘက်တွေကို ဘက်ပေါင်းစုံ ခြိမ်းခြောက်နိုင်တဲ့ အရည်အသွေး ရှိနေပြီး ဟာလန်း လို ဂိုးသွင်းစက် တိုက်စစ်မှုးမျိုး မလိုဘူးလို့ ယုံကြည်နေပါတယ်။
လက်ရှိ မန်စီးတီးမှာ တစ်ပွဲ ၂ဂိုးလောက်ကို သွင်းကာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး ဟာလန်း ကို ရမယ် ဆိုရင်တောင် အာဆင်နယ် အသင်း ဟန်ချက်ပျက်သွားမှာကြောင့် မခေါ်သင့်ဘူးလို့ အီရန်ရိုက်က သူ့အမြင်ကို ရှင်းပြ ပြောဆိုလာပါတယ်။
” ဘောလုံးဟာ နောက်တန်းကနေ စပြီး တည်လာတယ် ဆိုရင် သောမတ်စ် ပါတေး၊ အိုဒီဂတ်၊ ဆာကာ၊ ထရော့ဆက်၊ မာတင်နယ်လီ၊ ဂျေးဆု တောက်လျောက်ဗျာ.. ပြိုင်ဘက်အသင်းကို ခြိမ်းခြောက် နိုင်တဲ့ နည်းတွေ အများကြီး ရှိနေပြီ။
အဲဒီလို အများကြီး ကျေနပ်မှု ရှိသလို တချိန်တည်းမှာပဲ အသင်းအတွက် အဓိက တိုက်စစ်မှုး အဖြစ် တယောက်ယောက် ရှိစေချင်တယ်။ အသင်းမှာ တစ်ရာသီ ၁၅ ဂိုး ၂၅ ဂိုးလောက် ပုံမှန် သွင်းနိုင်မယ့်သူ ဆိုတာ လိုချင်ကြတာပဲ။ ဒါပေမယ့် တစ်သင်းလုံးက ဂိုးသွင်းနေကြတဲ့ အခါ ပြိုင်ဘက်တွေက ဒါကို ရပ်တန့်ဖို့ မစီမံတတ်ကြတော့ဘူး။
ဟုတ်ပြီ၊ အာလင်း ဟာလန်းကို ကြည့်လိုက်ဦး၊ တကယ့်ကို လန်းတာဗျာ။ သူ လုပ်ပြနေတာတွေက အံ့ဖွယ် ဖြစ်ပြီး ကံကောင်းနေပါစေလည်း ဆန္ဒပြုပါတယ်။
ဒါပေမယ့် သူလို ဂိုးတွေ တောက်လျောက် သွင်းနိုင်နေတဲ့သူ ကို ခေါ်ပြီး အာဆင်နယ်က ပြောင်းလဲမှုတွေ လုပ်ရမယ် ဆိုရင် ကျနော်တော့ လုပ်သင့်တယ် မထင်ဘူး။ အသင်းရဲ့ အရှိန်အဟုန်နဲ့ လက်ရှိ ကောင်းနေတဲ့ ဟန်ချက်ကို ပျက်သွားစေနိုင်တယ်။ ကျနော်တော့ မပြောတတ်ဘူးဗျာ.. ဟုတ်တယ်မလား။ ” လို့ ရိုက်က The Athletic သတင်းဌာနမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းဟာ ဒီရာသီ မန်စီးတီးနဲ့ ပွဲဦးထွက် ရာသီ ဖြစ်ပေမယ့် မယုံနိုင်စရာ ကောင်းအောင် ဂိုးသွင်း မှတ်တမ်း ကောင်းတွေ ရနေပြီး ဒီရာသီ ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားပြီးချိန်မှာ ၄၇ ဂိုးထိ သွင်းယူထားတာပါ။
ZG – ဂန္းနားေဟာင္းႀကီး အီယန္႐ိုက္ကေတာ့ လက္ရွိ အာဆင္နယ္ အသင္းဟာ ၿပိဳင္ဘက္ေတြကို ဘက္ေပါင္းစုံ ၿခိမ္းေျခာက္ႏိုင္တဲ့ အရည္အေသြး ရွိေနျပီး ဟာလန္း လို ဂိုးသြင္းစက္ တိုက္စစ္မႈးမ်ိဳး မလိုဘူးလို႔ ယုံၾကည္ေနပါတယ္။
လက္ရွိ မန္စီးတီးမွာ တစ္ပြဲ ၂ဂိုးေလာက္ကို သြင္းကာ ေျခစြမ္းျပေနတဲ့ တိုက္စစ္မႈး ဟာလန္း ကို ရမယ္ ဆိုရင္ေတာင္ အာဆင္နယ္ အသင္း ဟန္ခ်က္ပ်က္သြားမွာေၾကာင့္ မေခၚသင့္ဘူးလို႔ အီရန္ရိုက္က သူ႔အျမင္ကို ရွင္းျပ ေျပာဆိုလာပါတယ္။
” ေဘာလုံးဟာ ေနာက္တန္းကေန စၿပီး တည္လာတယ္ ဆိုရင္ ေသာမတ္စ္ ပါေတး၊ အိုဒီဂတ္၊ ဆာကာ၊ ထေရာ့ဆက္၊ မာတင္နယ္လီ၊ ေဂ်းဆု ေတာက္ေလ်ာက္ဗ်ာ.. ၿပိဳင္ဘက္အသင္းကို ၿခိမ္းေျခာက္ ႏိုင္တဲ့ နည္းေတြ အမ်ားႀကီး ရွိေနၿပီ။
အဲဒီလို အမ်ားႀကီး ေက်နပ္မႈ ရွိသလို တခ်ိန္တည္းမွာပဲ အသင္းအတြက္ အဓိက တိုက္စစ္မႈး အျဖစ္ တေယာက္ေယာက္ ရွိေစခ်င္တယ္။ အသင္းမွာ တစ္ရာသီ ၁၅ ဂိုး ၂၅ ဂိုးေလာက္ ပုံမွန္ သြင္းႏိုင္မယ့္သူ ဆိုတာ လိုခ်င္ၾကတာပဲ။ ဒါေပမယ့္ တစ္သင္းလုံးက ဂိုးသြင္းေနၾကတဲ့ အခါ ၿပိဳင္ဘက္ေတြက ဒါကို ရပ္တန႔္ဖို႔ မစီမံတတ္ၾကေတာ့ဘူး။
ဟုတ္ၿပီ၊ အာလင္း ဟာလန္းကို ၾကည့္လိုက္ဦး၊ တကယ့္ကို လန္းတာဗ်ာ။ သူ လုပ္ျပေနတာေတြက အံ့ဖြယ္ ျဖစ္ၿပီး ကံေကာင္းေနပါေစလည္း ဆႏၵျပဳပါတယ္။
ဒါေပမယ့္ သူလို ဂိုးေတြ ေတာက္ေလ်ာက္ သြင္းႏိုင္ေနတဲ့သူ ကို ေခၚၿပီး အာဆင္နယ္က ေျပာင္းလဲမႈေတြ လုပ္ရမယ္ ဆိုရင္ က်ေနာ္ေတာ့ လုပ္သင့္တယ္ မထင္ဘူး။ အသင္းရဲ႕ အရွိန္အဟုန္နဲ႔ လက္ရွိ ေကာင္းေနတဲ့ ဟန္ခ်က္ကို ပ်က္သြားေစႏိုင္တယ္။ က်ေနာ္ေတာ့ မေျပာတတ္ဘူးဗ်ာ.. ဟုတ္တယ္မလား။ ” လို႔ ႐ိုက္က The Athletic သတင္းဌာနမွာ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
ဟာလန္းဟာ ဒီရာသီ မန္စီးတီးနဲ႔ ပြဲဦးထြက္ ရာသီ ျဖစ္ေပမယ့္ မယုံႏိုင္စရာ ေကာင္းေအာင္ ဂိုးသြင္း မွတ္တမ္း ေကာင္းေတြ ရေနၿပီး ဒီရာသီ ၿပိဳင္ပြဲစုံ ပြဲ ၄၀ ကစားၿပီးခ်ိန္မွာ ၄၇ ဂိုးထိ သြင္းယူထားတာပါ။