အီသီဟက်မှာ မန်စီးတီးကို အနိုင်ယူလိုက်ရင် အာဆင်နယ် ဖလားပဲလို့ ရှာခါ ကြွေးကြော်

အာဆင်နယ်အသင်းက နောက်ဆုံး ပွဲစဉ် ၂ ပွဲကို သရေကျခဲ့တာကြောင့် ရမှတ်တွေ နစ်နာခဲ့ပြီး မန်စီးတီးရဲ့ ကပ်လိုက်ခြင်းကို ရင်ဆိုင်လာနေရပါပြီ။
နောက်အပတ် မန်စီးတီးကို အီသီဟက်မှာ ရင်ဆိုင်ရမယ့်ပွဲကို အရေးနိမ့်ခဲ့ရင် အာဆင်နယ်ရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်က ထိခိုက်မှု ရှိလာမှာပါ။ အဆိုပါပွဲက ဒီရာသီ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ ဆိုတာအတွက် အတော်လေး အရေးပါတဲ့ ပွဲစဉ် ဖြစ်လာနေပါပြီ။
မန်စီးတီးက နောက်ကလိုက်လာတဲ့အပေါ် စိုးရိမ်မိလားဆိုတဲ့ အပေါ်မှာ ရှာကာက
“ အဆင်ပြေပါတယ်။ ကျွန်တော်တို့က သူတို့ကို သိပ်ပြီး ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ ကိုယ်ကစားရမယ့် ပွဲတွေကိုပဲ အရင်ဆုံး အနိုင်ယူကြရအောင်လား။
ကျွန်တော်တို့တွေ အသင်းရဲ့ လက်ကျန်ပွဲတွေကို အနိုင်ရရင်၊ အမှတ်တွေ ထပ်ပြီး မဆုံးရှုံးဘူး ဆိုရင် နောက်ဆုံးမှာ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော့်ထက် ခင်ဗျားတို့ ကောင်းကောင်းသိမှာပါ ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးပွဲကို အနိုင် ဒါမှမဟုတ် သရေကျပြီး လက်ကျန် အမှတ်ပေးပွဲ အားလုံးကို အနိုင်ရမယ်ဆိုရင် မန်စီးတီးရဲ့ ရလဒ်တွေကို ကြည့်စရာမလိုဘဲ ချန်ပီယံဖြစ်မှာပဲ ဖြစ်ပါတယ်။