မာတင္နယ္လီကို ခ်ီးက်ဴးခဲ့ေပမယ့္ အာဆင္နယ္ ေပါ့ဆလို႔ ၂မွတ္ ဆံုးခဲ့ရေၾကာင္း အာတီတာ သံုးသပ္ေျပာဆို

အာဆင္နယ္အသင္းဟာ ဒီရာသီ ေျခစြာေနတဲ့ ရွက္ဖီးယူနိုက္တက္ကို အိမ္ကြင္းမွာ ဧည့္ခံ ကစားခဲ့ရာ ဦးေဆာင္ဂိုးသြင္းယူနုိင္ခဲ့ေသာ္လည္း ပြဲျပီးခါနီးမွာ ေခ်ပဂိုး ျပန္လည္ ခြင့္ျပဳခဲ့ရတာေၾကာင့္ သေရ တစ္မွတ္နဲ႕ ေက်နပ္ခဲ့ရပါတယ္။ ဒီပြဲမွာ အာဆင္နယ္တိုုက္စစ္မွဴး အူဘာမီးယန္း ပြဲပယ္ေၾကာင့္ မပါ၀င္နိုင္ခ်ိန္မွာ လူငယ္ကစားသမား မာတီနယ္လီမွ ပြဲထြက္လာခဲ့ပါတယ္။

ပထမပုိင္းျပီးခါနီး မိနစ္ပုိင္းအလုိမွာ မာတီနယ္လီမွ အာဆင္နယ္အသင္းအတြက္ အဖြင့္ဂိုးကုိ စတင္သြငး္ယူခဲ့သလုိ၊ ဒီဂိုးဟာ သူ႔အတါက္ေတာ့ ဒီရာသီ ၉ ဂိုးေျမာက္သြင္းဂိုးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ပြဲခ်ိန္ မိနစ္ ၉၀ ျပည့္ခါနီး ၇ မိနစ္အလုိမွာေတာ့ ရွက္ဖီးကြင္းလယ္လူ ဘလိတ္၏ အျပင္းကန္သြင္းခ်က္ေၾကာင့္ ေခ်ပဂိုးျပန္ေပးခဲ့ရပါတယ္။

ရွက္ဖီးနဲ႕ သေရက်တဲ့ ပြဲအျပီးမွာ အာဆင္နယ္နည္းျပ အာတီတာက ဂိုးသြင္းရွင္ မာတင္နယ္လီကို ခ်ီးက်ဴးေျပာဆိုခဲ့ေပမယ့္ အာဆင္နယ္အသင္း ေပါ့ဆမႈေၾကာင့္ အမွတ္ေလ်ာ့ခဲ့ရေၾကာင္း အားမလုိအားမရ ဖြင့္ဟသြားခဲ့ပါတယ္။

” မာတင္နယ္လီ က အသက္ ၁၈ ႏွစ္အရြယ္ ကေလးတစ္ေယာက္ဆုိေပမယ့္ တက္ၾကြမႈ အျပည့္ရွိပါတယ္။ ဒါ့အျပင္ ရဲရဲရင့္ရင့္နဲ႔ ဆံုးျဖတ္ခ်က္ေတြခ်ႏုိင္သလုိ၊ ျပိဳင္ဘက္ကုိလည္း တခ်ိန္လံုး ဒုကၡေပးႏုိင္တယ္။ အခ်ိန္တုိင္း ျပိဳင္ဘက္အသင္းရဲ႕ ဂိုးေပါက္အလယ္မွာ ရွိေနျပီးေတာ့ ရလာမယ့္ အခြင့္အေရးကုိ ေစာင့္ဆုိင္းေနတက္သူပါ။

ဒဏ္ရာရကတည္းက ဒီေကာင္ေလးဟာ မိနစ္ ၉၀ ျပည့္ မကစားရေသးပါဘူး။ ဒါေပမယ့္ ဒီေန႔ပြဲမွာေတာ့ သူကစားသြားတဲ့ ကစားဟန္က အားလံုးကုိ အထင္ၾကီးေစပါတယ္ ” လို႕ အာတီတာက မာတင္နယ္လီကို ခ်ီးက်ဴးခဲ့ပါတယ္။

ပြဲရလဒ္နဲ႕ ပတ္သတ္ျပီး ေက်နပ္မႈ မရွိေၾကာင္းကိုလည္း အာတီတာက ” ဒီေန႔ပြဲ ရလဒ္ကို က်ေနာ္ အေတာ္ေလး စိတ္ပ်က္မိတယ္။ က်ေနာ္တုိ႔ ကစားတဲ့ ေျခစြမ္းနဲ႔ဆုိ ဒီေန႔ပြဲက အႏုိင္ရဖုိ႔ ထုိက္တန္တယ္လုိ႔ ထင္ပါတယ္။ အခုေတာ့ ၂ မွတ္ဆံုးရႈံးခဲ့ရပါျပီ။ ပရီးမီးယားလိဂ္မွာ ကစားရင္ ပြဲျပီးခါနီး ၁၀ မိနစ္၊ ၁၅ မိနစ္ေလာက္ကုိ ေပါ့ေပါ့ဆဆလုပ္ေနလုိ႔ မရပါဘူး။ အခုေတာ့ အမွတ္ေတြ ခြဲေပးလိုက္ရပါျပီ” လုိ႔ ပြဲ အျပီးမွာ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္က ရွက္ဖီးကို သေရက်လိုက္တာေၾကာင့္ ၂၃ ပြဲ ကစားျပီးခ်ိန္မွာ ရမွတ္ ၂၉ မွတ္သာ ရထားျပီး အဆင့္ ၁၀ ေနရာမွာ ဆက္လက္ ရပ္တည္ေနခဲ့ပါတယ္။

Unicode – အာဆင်နယ်အသင်းဟာ ဒီရာသီ ခြေစွာနေတဲ့ ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီးခါနီးမှာ ချေပဂိုး ပြန်လည် ခွင့်ပြုခဲ့ရတာကြောင့် သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ဒီပွဲမှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီးယန်း ပွဲပယ်ကြောင့် မပါဝင်နိုင်ချိန်မှာ လူငယ်ကစားသမား မာတီနယ်လီမှ ပွဲထွက်လာခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီး မိနစ်ပိုင်းအလိုမှာ မာတီနယ်လီမှ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူခဲ့သလို၊ ဒီဂိုးဟာ သူ့အတါက်တော့ ဒီရာသီ ၉ ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၉၀ ပြည့်ခါနီး ၇ မိနစ်အလိုမှာတော့ ရှက်ဖီးကွင်းလယ်လူ ဘလိတ်၏ အပြင်းကန်သွင်းချက်ကြောင့် ချေပဂိုးပြန်ပေးခဲ့ရပါတယ်။

ရှက်ဖီးနဲ့ သရေကျတဲ့ ပွဲအပြီးမှာ အာဆင်နယ်နည်းပြ အာတီတာက ဂိုးသွင်းရှင် မာတင်နယ်လီကို ချီးကျူးပြောဆိုခဲ့ပေမယ့် အာဆင်နယ်အသင်း ပေါ့ဆမှုကြောင့် အမှတ်လျော့ခဲ့ရကြောင်း အားမလိုအားမရ ဖွင့်ဟသွားခဲ့ပါတယ်။

” မာတင်နယ်လီ က အသက် ၁၈ နှစ်အရွယ် ကလေးတစ်ယောက်ဆိုပေမယ့် တက်ကြွမှု အပြည့်ရှိပါတယ်။ ဒါ့အပြင် ရဲရဲရင့်ရင့်နဲ့ ဆုံးဖြတ်ချက်တွေချနိုင်သလို၊ ပြိုင်ဘက်ကိုလည်း တချိန်လုံး ဒုက္ခပေးနိုင်တယ်။ အချိန်တိုင်း ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်အလယ်မှာ ရှိနေပြီးတော့ ရလာမယ့် အခွင့်အရေးကို စောင့်ဆိုင်းနေတက်သူပါ။

ဒဏ်ရာရကတည်းက ဒီကောင်လေးဟာ မိနစ် ၉၀ ပြည့် မကစားရသေးပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ သူကစားသွားတဲ့ ကစားဟန်က အားလုံးကို အထင်ကြီးစေပါတယ် ” လို့ အာတီတာက မာတင်နယ်လီကို ချီးကျူးခဲ့ပါတယ်။

ပွဲရလဒ်နဲ့ ပတ်သတ်ပြီး ကျေနပ်မှု မရှိကြောင်းကိုလည်း အာတီတာက ” ဒီနေ့ပွဲ ရလဒ်ကို ကျနော် အတော်လေး စိတ်ပျက်မိတယ်။ ကျနော်တို့ ကစားတဲ့ ခြေစွမ်းနဲ့ဆို ဒီနေ့ပွဲက အနိုင်ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ အခုတော့ ၂ မှတ်ဆုံးရှုံးခဲ့ရပါပြီ။ ပရီးမီးယားလိဂ်မှာ ကစားရင် ပွဲပြီးခါနီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ကို ပေါ့ပေါ့ဆဆလုပ်နေလို့ မရပါဘူး။ အခုတော့ အမှတ်တွေ ခွဲပေးလိုက်ရပါပြီ” လို့ ပွဲ အပြီးမှာ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်က ရှက်ဖီးကို သရေကျလိုက်တာကြောင့် ၂၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂၉ မှတ်သာ ရထားပြီး အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။