စီးတီးက ရီးရဲလ်ထက် သာတယ်ဆိုတဲ့ ဝင်းဂါး၊ လာပေါ့ထ် ကို ခွင့်ပြုခြင်း၊ ဝဲလ်ကော့ရဲ့ အံ့ဖွယ်မှတ်ချက်နဲ့ မန်စီးတီး သတင်းတိုများ

ဆောက်သမ်တန် ကစားသမား သီယို ဝဲလ်ကော့ က သူ့အသင်းဟောင်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အသင်း ဖြစ်ပြီး ပြိုင်ဘက် မန်ချက်စတာ စီးတီးထက်တောင် အများကြီး ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။
မန်ချက်စတာစီးတီး အသင်းရဲ့ ထိပ်တန်းကစားသမားတွေအနေနဲ့ ဒီရာသီမှာ သမိုင်းဝင်ဖလား ၃ လုံး ရရှိခဲ့မယ် ဆိုရင်တော့ တစ်ယောက်ကို အပိုဆုကြေး ပေါင် ၂ သန်းစီ ရရှိမယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ မန်စီးတီး အသင်းခေါင်းဆောင် ဂန်ဒိုဂမ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်မှုတွေ တိုးလာပါတယ်။
ဗင်းဆင့် ကွန်ပနီ ကို စပါးအသင်းနဲ့ ချယ်ဆီးအသင်းတို့က နည်းပြ ရာထူးအတွက် ချိန်ရွယ်နေကြပေမယ့် ဘန်လေဟာ သူ့ကို ဆက်ထိန်း ထားဖို့ ထပ်တိုး စာချုပ်နဲ့သာ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး အာစင်ဝင်းဂါးက မန်စီးတီးအသင်း အနေနဲ့ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ထက် အနည်းငယ် အသာစီးရနေတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ခံစစ်မှူး လာပေါ့ထ် အနေနဲ့ အသင်းကနေ ထွက်ခွာချင်တယ် ဆိုရင် မန်စီးတီးက တားဆီး ပိတ်ပင်သွားမှာ မဟုတ်ပါဘူး။
မန်စီးတီးဟာ အသင်းရဲ့ကွင်းကို ပရိသတ်ဦးရေ ၆ သောင်း ဝင်ဆန့်အောင် အဆင့်မြှင့်တင်ဖို့ ပြင်ဆင်နေပြီး ဟိုတယ်၊ ပြတိုက်နဲ့ အခြားအရာတွေအတွက်ပါအပါ ပေါင်သန်း ၃၀၀ လောက် အသုံးပြုမယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ဒီနောက်ပိုင်း ၃ ပွဲမှာ ပေးဂိုး ၇ ဂိုးထိ ရှိထားတာမို့ မန်စီးတီးက အာဆင်နယ်အသင်းရဲ့ ခံစစ်ဟာ ထိုးနှက်လို့ရနေတာကို ကောင်းကောင်းကြီး နားလည်သွားလောက်ပြီလို့ နဗီးက ထောက်ပြ သတိပေးခဲ့ပါတယ်။