ဆီမီးမှာ ရီးရဲလ်ကို လက်စားချေ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ဖို့ ယုံကြည်ချက် ခိုင်မာနေတဲ့ ဘာနာဒို

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘိုင်ယန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် မန်စီးတီးကြယ်ပွင့် ဘာနာဒိုဆေးလ်ဗားက သူတို့ဟာ နောက်ထပ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ဦးတည်နေပြီလို့ အခိုင်အမာပြောကြား လိုက်ပါတယ်။

မန်စီးတီးဟာ ဂျာမန်မြေက ဒုတိယအကျော့ ၁-၁ သရေကန်ခဲ့ပြီးနောက် နှစ်ကျော့ပေါင်း ၄-၁ နဲ့ ဆီမီးဖိုင်နယ်ကို ထပ်မံတက်လှမ်းနိုင်ခဲ့တာပါ။

ဆီမီးဖိုင်နယ်မှာတော့ မနှစ်တုန်းက သူတို့ကို အံ့အားသင့်ဖွယ် နောက်ကောက်ချခဲ့တဲ့ လက်ရှိချန်ပီယံရီးရဲလ်နဲ့ ပြန်ဆုံနေပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဆီမီးမှာ မန်စီးတီးဟာ ဗိုလ်လုပွဲအတွက် ပို ရေပန်းစားခဲ့ပေမယ့် အချိန်ပိုထိရောက်ခဲ့ပြီး ပြဇာတ် ဆန်စွာနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

ဒါပေမဲ့ ဒီရာသီ အထူးခြေစွမ်းပြနေတဲ့ ဘာနာဒိုကတော့ ၂၀၂၁ တုန်းကလိုပဲ သူတို့ဗိုလ်လုပွဲရောက်ဦးမယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။

ပွဲအပြီးမှာ သတင်းထောက်က ရီးရဲလ် မက်ဒရစ် ကို လက်စားချေနိုင်မှာလား မေးတော့ ဘာနာဒိုက ခုလို ဖြေကြားခဲ့တာပါ။

”အဲဒီလိုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ သေချာပေါက်လုပ်ပြမှာပါ။ လက်ရှိအချိန်မှာ အသင်းက အရမ်း အရမ်းကို ယုံကြည်မှုရှိနေတယ်လို့ ခံစားမိပါတယ်။ ကျွန်တော်တို့ ဗိုလ်လုပွဲဆီ ချီတက်နိုင်မယ်လို့ ထင်ပါတယ်”လို့ ပြန်ဖြေခဲ့တာပါ။

မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် ၁၀ ကြိမ်ရောက်ခဲ့တဲ့ ပထမဆုံးနည်းပြဖြစ်လာပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ကို ချန်ပီယံလိဂ်မှာ ဆီမီး ၃ ကြိမ်မြောက် တက်နိုင်ခဲ့တာပါ။ သူ့ရဲ့အသင်းဟာ ဒီရာသီမှာ ဖလား ၃ လုံး လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါတယ်။

Zg – မေန႔ညက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ဘိုင္ယန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ မန္စီးတီးၾကယ္ပြင့္ ဘာနာဒိုေဆးလ္ဗားက သူတို႔ဟာ ေနာက္ထပ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲဆီ ဦးတည္ေနၿပီလို႔ အခိုင္အမာေျပာၾကား လိုက္ပါတယ္။

မန္စီးတီးဟာ ဂ်ာမန္ေျမက ဒုတိယအေက်ာ့ ၁-၁ သေရကန္ခဲ့ၿပီးေနာက္ ႏွစ္ေက်ာ့ေပါင္း ၄-၁ နဲ႔ ဆီမီးဖိုင္နယ္ကို ထပ္မံတက္လွမ္းႏိုင္ခဲ့တာပါ။

ဆီမီးဖိုင္နယ္မွာေတာ့ မႏွစ္တုန္းက သူတို႔ကို အံ့အားသင့္ဖြယ္ ေနာက္ေကာက္ခ်ခဲ့တဲ့ လက္ရွိခ်န္ပီယံရီးရဲလ္နဲ႔ ျပန္ဆုံေနပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက ဆီမီးမွာ မန္စီးတီးဟာ ဗိုလ္လုပြဲအတြက္ ပို ေရပန္းစားခဲ့ေပမယ့္ အခ်ိန္ပိုထိေရာက္ခဲ့ၿပီး ျပဇာတ္ ဆန္စြာနဲ႔ ၿပိဳင္ပြဲက ထြက္ခဲ့ရတာပါ။

ဒါေပမဲ့ ဒီရာသီ အထူးေျခစြမ္းျပေနတဲ့ ဘာနာဒိုကေတာ့ ၂၀၂၁ တုန္းကလိုပဲ သူတို႔ဗိုလ္လုပြဲေရာက္ဦးမယ္လို႔ အခိုင္အမာယုံၾကည္ေနပါတယ္။

ပြဲအၿပီးမွာ သတင္းေထာက္က ရီးရဲလ္ မက္ဒရစ္ ကို လက္စားေခ်ႏိုင္မွာလား ေမးေတာ့ ဘာနာဒိုက ခုလို ေျဖၾကားခဲ့တာပါ။

”အဲဒီလိုလုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ ေသခ်ာေပါက္လုပ္ျပမွာပါ။ လက္ရွိအခ်ိန္မွာ အသင္းက အရမ္း အရမ္းကို ယုံၾကည္မႈရွိေနတယ္လို႔ ခံစားမိပါတယ္။ ကြၽန္ေတာ္တို႔ ဗိုလ္လုပြဲဆီ ခ်ီတက္ႏိုင္မယ္လို႔ ထင္ပါတယ္”လို႔ ျပန္ေျဖခဲ့တာပါ။

မန္စီးတီးနည္းျပဂြါဒီယိုလာကေတာ့ ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္ ၁၀ ႀကိမ္ေရာက္ခဲ့တဲ့ ပထမဆုံးနည္းျပျဖစ္လာပါတယ္။

ဂြါဒီယိုလာဟာ မန္စီးတီးနဲ႔ကို ခ်န္ပီယံလိဂ္မွာ ဆီမီး ၃ ႀကိမ္ေျမာက္ တက္ႏိုင္ခဲ့တာပါ။ သူ႔ရဲ႕အသင္းဟာ ဒီရာသီမွာ ဖလား ၃ လုံး လမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းေနပါတယ္။