မန်စီးတီး အတော် ခြေကုန်လက်ပန်းကျနေပြီ လို့ ဝန်ခံစကား ဆိုလာတဲ့ ပက် ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ကတော့ သူ့ အသင်းဟာ ဘိုင်ယန်နဲ့ ပွဲ ပြီးတဲ့နောက် ဆုဖလား ပြိုင်ပွဲ ၂ ခုအတွက် အရေးပါတဲ့ ပွဲစဉ်တွေ အဖြစ် ရှက်ဖီးယူနိုက်တက်နဲ့ အာဆင်နယ်တို့ကို ဆက်တိုက် ယှဉ်ပြိုင်ရမယ့်အပေါ် အတော် ခြေကုန်လက်ပန်းကျနေပြီလို့ ပြောလာပါတယ်။

ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ၄-၁ ဖြင့် အနိုင်ရတဲ့နောက် စီးတီးတို့ရဲ့ ဖလား ၃ လုံး အိပ်မက်က အသက်ဝင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအရ မန်စီးတီးဟာ ပင်းပန်းမှုတွေတော့ ရှိနေဟန် တူပါတယ်။

‘ ကျနော်တို့ အတော်ကြီး မောပန်းနေပါတယ်။ ရှက်ဖီးပွဲအတွက် ဘယ်လို အားပြန်ဖြည့်ရမယ် မသိသေးပါဘူး။ စနေနေ့ပွဲအတွက် ကျနော်တို့မှာ ခက်ခဲမှုတွေ ရှိနေပါတယ် ’ လို့ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူအပြီးမှာ ဂွာဒီယိုလာက ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ထိပ်တိုက်တွေ့ခြင်းအတွက်လည်း ‘ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၃ နှစ်ဆက်တိုက် တက်နိုင်ခဲ့တာကို ပျော်ပါတယ်။ ဒီပြိုင်ပွဲမှာ ကျနော်တို့ အတွေ့အကြုံ အတော်လေး များနေပါပြီ။ အသင်းသားတွေက အတော်လေး ကြိုးစားလိုခဲ့ကြပါတယ် ’ လို့ ဂွာဒီယိုလာက ပြောပါတယ်။

မန်စီးတီးက ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့အပြိုင် စိန်ခေါ်နေရတာပါ။ ဒီအတွက် လိဂ်ပွဲတိုင်းကလည်း အမှတ်လျော့ခံ အမှားခံလို့ မရပါဘူး။

ဒီသီတင်းပတ်ကုန်မှာ စီးတီးက ရှက်ဖီးနဲ့ အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် ပွဲ အဖြစ် ဝင်ဘာလေမှာ ကစားရမှာ ဖြစ်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ရင် တဖက်က မန်ယူ – ဘရိုက်တန် အတွဲကနေ တက်လာတဲ့ အသင်းနဲ့ ဖလား လုရမှာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ စီးတီး နည္းျပ ပက္ ဂြာဒီယိုလာ ကေတာ့ သူ႔ အသင္းဟာ ဘိုင္ယန္နဲ႕ ပြဲ ျပီးတဲ့ေနာက္ ဆုဖလား ၿပိဳင္ပြဲ ၂ ခုအတြက္ အေရးပါတဲ့ ပြဲစဥ္ေတြ အျဖစ္ ရွက္ဖီးယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ကို ဆက္တိုက္ ယွဥ္ၿပိဳင္ရမယ့္အေပၚ အေတာ္ ေျခကုန္လက္ပန္းက်ေနျပီလို႔ ေျပာလာပါတယ္။

ဘိုင္ယန္ျမဴးနစ္ကို ႏွစ္ေက်ာ့ေပါင္း ၄-၁ ျဖင့္ အႏိုင္ရတဲ့ေနာက္ စီးတီးတို႔ရဲ႕ ဖလား ၃ လုံး အိပ္မက္က အသက္ဝင္ေနဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာအရ မန္စီးတီးဟာ ပင္းပန္းမႈေတြေတာ့ ရွိေနဟန္ တူပါတယ္။

‘ က်ေနာ္တို႔ အေတာ္ၾကီး ေမာပန္းေနပါတယ္။ ရွက္ဖီးပြဲအတြက္ ဘယ္လို အားျပန္ျဖည့္ရမယ္ မသိေသးပါဘူး။ စေနေန႔ပြဲအတြက္ က်ေနာ္တို႔မွာ ခက္ခဲမႈေတြ ရွိေနပါတယ္ ’ လို႔ ဘိုင္ယန္ျမဴးနစ္ကို အႏိုင္ယူအၿပီးမွာ ဂြာဒီယိုလာက​ ေျပာပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ အဆင့္မွာ ထိပ္တိုက္ေတြ႕ျခင္းအတြက္လည္း ‘ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ကို ၃ ႏွစ္ဆက္တိုက္ တက္ႏိုင္ခဲ့တာကို ေပ်ာ္ပါတယ္။ ဒီၿပိဳင္ပြဲမွာ က်ေနာ္တို႔ အေတြ႕အႀကဳံ အေတာ္ေလး မ်ားေနပါၿပီ။ အသင္းသားေတြက အေတာ္ေလး ႀကိဳးစားလိုခဲ့ၾကပါတယ္ ’ လို႔ ဂြာဒီယိုလာက ေျပာပါတယ္။

မန္စီးတီးက ပရီးမီးယားလိဂ္မွာ အာဆင္နယ္နဲ႔အၿပိဳင္ စိန္​ေခၚေနရတာပါ။ ဒီအတြက္ လိဂ္ပြဲတိုင္းကလည္း အမွတ္ေလ်ာ့ခံ အမွားခံလို႔ မရပါဘူး။

ဒီသီတင္းပတ္ကုန္မွာ စီးတီးက ရွက္ဖီးနဲ႕ အက္ဖ္ေအ ဖလား ဆီမီးဖိုင္နယ္ ပြဲ အျဖစ္ ဝင္ဘာေလမွာ ကစားရမွာ ျဖစ္ျပီး ဗိုလ္လုပြဲ တက္နုိင္ခဲ့ရင္ တဖက္က မန္ယူ – ဘရိုက္တန္ အတြဲကေန တက္လာတဲ့ အသင္းနဲ႕ ဖလား လုရမွာ ျဖစ္ပါတယ္။