ဟိုက်ဘူရီရဲ့ စိတ်ဝိဉာဉ်ကို တမ်းတစကား ပြောဆိုလိုက်တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်မန်နေဂျာဟောင်းကြီး အာဆင်ဝင်းဂါးက လက်ရှိမန်နေဂျာ အာတီတာကို ထောက်ခံမှု ပေးခဲ့သလို ကလပ်အသင်းရဲ့ အနေအထားအပေါ် သုံးသပ်မှုလည်း လုပ်ခဲ့တယ်။

အာဆင်ဝင်းဂါးလက်ထက် အာဆင်နယ်ဟာ ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်စွမ်းရှိပြီး အသင်းသားတွေနဲ့ ပရိသတ်တွေကြား ပေါင်းကူးပေးတဲ့ ဟိုက်ဘူရီကွင်းက ပြင်းပြမှုတွေဟာ အမ်းမရိတ်မှာတော့ ရှာမတွေ့တော့ဘူးလို့ သူက ပြောပါတယ်။

အာဆင်နယ်ဝင်းဂါးက ” ကျနေ်ာတို့ရဲ့ ဟိုက်ဘူရီကွင်းက လီဗာပူးရဲ့ အန်ဖီးကွင်းနဲ့ ဆင်တူပါတယ်။ ဟိုက်ဘူရီကနေ ကွင်းသစ်ကို ပြောင်းလာချိန်မှာတော့ ကျနေ်ာတို့ရဲ့ စိတ်ဝိညာဉ်တွေက ကွင်းသစ်ကို ပါမလာခဲ့ပါဘူး။ ကျနေ်ာတို့ ကွင်းသစ်ကြီးကို တည်ဆောက်နိုင်ခဲ့ပေမယ့် အသင်းရဲ့ စိတ်ဝိညာဉ်တွေ ပြန်ရှာမတွေ့တော့ပဲ ဟိုက်ဘူရီမှာပဲ ကျန်နေခဲ့တယ် ” ကဆိုပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ရံှူးပွဲမရှိ စံချိန်နဲ့အတူ အမှတ်ပေးဖလားကို အနိုင်ရခဲ့တဲ့ တစ်သင်းတည်သော အသင်းအဖြစ် အာဆင်နယ်က ရွှေဖလားကို ရယူထားတာပါ။ ဒီရာသီမှာတော့ အဆိုပါလို အခြေအနေမျိုး ပိုင်ဆိုင်ဖို့ လီဗာပူးက အကောင်းဆုံး လုပ်ပြနေပြီး ဒီအတွက်လည်း အာဆင်ဝင်းဂါးက ချီးကျူးခဲ့ပါတယ်။

ဝင်းဂါးကြီးက ” လီဗာပူး သွင်းယူထားတဲ့ သွင်းဂိုးနဲ့ ပေးဂိုးတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ အရမ်ကောင်းတာကို မြင်ရပါမယ်။ သူတို့က ပါးနပ်မှုရှိသလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလည်း လုပ်နိုင်တယ်။

ကျနော်ရဲ့ အတွေ့အကြုံအရ နိုင်ပွဲတွေ ဆက်တိုက် ရယူလာနိုင်တဲ့အခါ ဒီရာသီတော့ မရံှူးအောင် ကစားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် ရလာပါလိမ့်မယ်။ အဲ့တာက အရမ်းခက်ပေမယ့် လီဗာပူးက လုပ်ပြနေပါပြီ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္မန္ေနဂ်ာေဟာင္းၾကီး အာဆင္ဝင္းဂါးက လက္ရွိမန္ေနဂ်ာ အာတီတာကို ေထာက္ခံမႈ ေပးခဲ့သလို ကလပ္အသင္းရဲ႕ အေနအထားအေပၚ သံုးသပ္မႈလည္း လုပ္ခဲ့တယ္။

အာဆင္ဝင္းဂါးလက္ထက္ အာဆင္နယ္ဟာ ျပိဳင္ဘက္တုိင္းကို အႏုိင္ယူႏုိင္စြမ္းရွိျပီး အသင္းသားေတြနဲ႔ ပရိသတ္ေတြၾကား ေပါင္းကူးေပးတဲ့ ဟိုက္ဘူရီကြင္းက ျပင္းျပမႈေတြဟာ အမ္းမရိတ္မွာေတာ့ ရွာမေတြ႔ေတာ့ဘူးလို႔ သူက ေျပာပါတယ္။

အာဆင္နယ္ဝင္းဂါးက ” က်ေန္ာတို႔ရဲ႕ ဟိုက္ဘူရီကြင္းက လီဗာပူးရဲ႕ အန္ဖီးကြင္းနဲ႔ ဆင္တူပါတယ္။ ဟိုက္ဘူရီကေန ကြင္းသစ္ကို ေျပာင္းလာခ်ိန္မွာေတာ့ က်ေန္ာတို႔ရဲ႕ စိတ္ဝိညာဥ္ေတြက ကြင္းသစ္ကို ပါမလာခဲ့ပါဘူး။ က်ေန္ာတုိ႔ ကြင္းသစ္ၾကီးကို တည္ေဆာက္ႏုိင္ခဲ့ေပမယ့္ အသင္းရဲ႕ စိတ္ဝိညာဥ္ေတြ ျပန္ရွာမေတြ႔ေတာ့ပဲ ဟိုက္ဘူရီမွာပဲ က်န္ေနခဲ့တယ္ ” ကဆိုပါတယ္။

ပရီးမီးယားလိဂ္သမိုင္းမွာ ရံွဴးပြဲမရွိ စံခ်ိန္နဲ႔အတူ အမွတ္ေပးဖလားကို အႏုိင္ရခဲ့တဲ့ တစ္သင္းတည္ေသာ အသင္းအျဖစ္ အာဆင္နယ္က ေရႊဖလားကို ရယူထားတာပါ။ ဒီရာသီမွာေတာ့ အဆိုပါလို အေျခအေနမ်ိဳး ပိုင္ဆုိင္ဖို႔ လီဗာပူးက အေကာင္းဆံုး လုပ္ျပေနျပီး ဒီအတြက္လည္း အာဆင္ဝင္းဂါးက ခ်ီးက်ဴးခဲ့ပါတယ္။

ဝင္းဂါးၾကီးက ” လီဗာပူး သြင္းယူထားတဲ့ သြင္းဂိုးနဲ႔ ေပးဂိုးေတြကို ၾကည့္လိုက္မယ္ဆိုရင္ သူတို႔ အရမ္ေကာင္းတာကို ျမင္ရပါမယ္။ သူတို႔က ပါးနပ္မႈရွိသလို မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြလည္း လုပ္ႏုိင္တယ္။

က်ေနာ္ရဲ႕ အေတြ႔အၾကံဳအရ ႏိုင္ပြဲေတြ ဆက္တုိက္ ရယူလာႏုိင္တဲ့အခါ ဒီရာသီေတာ့ မရံွဴးေအာင္ ကစားႏုိင္မယ္ဆိုတဲ့ ယံုၾကည္ခ်က္ ရလာပါလိမ့္မယ္။ အဲ့တာက အရမ္းခက္ေပမယ့္ လီဗာပူးက လုပ္ျပေနပါျပီ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။