မန်စီးတီး တိုက်စစ်မှုး ဟာလန်းကို အာဆင်နယ်တို့ ဘယ်လို ရပ်တန့်မလဲ လမ်းပြပေးလိုက်တဲ့ ဝိန်းရွန်းနီ

မန်ချက်စတာ ယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက လာမယ့် ကြားရက် အီတီဟတ်မှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ဘယ်လိုရပ်တန့်နိုင်မလဲ ဆိုတာ အကြံပေးစကား ထုတ်ပြောလာပါတယ်။

ဒီရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံမှာ ၄၈ ဂိုး သွင်းယူထားတဲ့ ဟာလန်းဟာ ရပ်တန့်မရဖြစ်နေပြီး ဂွာဒီယိုလာရဲ့ အသင်း ဖလား ၃ လုံး အောင်မြင်ဖို့ရာ အဓိကကျသူ အဖြစ် စွမ်းဆောင်ပေးနေတာပါ။

ပရီးမီးယားလိဂ် ဦးဆောင်သူ အာဆင်နယ်ကို စီးတီးတို့ အနိုင်ရမယ်ဆိုရင် မန်စီးတီးက ဇယားထိပ်ကို ကျော်တက် နိုင်ရေး အရေးသာမှာဖြစ်ပါတယ်။ ၎င်းတို့ဟာ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်နဲ့ အက်ဖ်အေဖလားမှာ ဖိုင်နယ်အဆင့်တွေကို ရောက်ရှိနေပါပြီ။

ရွန်းနီက ‘ ဟာလန်းကို ဘယ်လို ရပ်တန့်နိုင်မလဲ? ဆာလီဘာ ဒဏ်ရာရနေတော့ ဟာလန်းရဲ့ အရှိန်နဲ့ တစ်ဦးချင်း တိုးအားတွေကို ယှဉ်ပြိုင်နိုင်မယ့်သူ မရှိတော့ပါဘူး။ တစ်ခုတည်းသော နည်းလမ်းက အီသီဟက်ကိုသွားပြီး အာဆင်နယ်က သူတို့ နည်းလမ်းအတိုင်း ကစားနိုင်အောင် ကြိုးစားဖို့ပါပဲ။

စီးတီးဟာ အကူးအပြောင်းတွေမှာ ထိခိုက်မှုရှိနိုင်ပြီး ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ကစားတုန်းက ဘောလုံးပိုင်ဆိုင်မှု ပြန်ရချိန်မှာ ဆာနေးက ဂိုးသွင်းနိုင်ခဲ့သင့်တာပါ။ မန်စီးတီးကို ရင်ဆိုင်ရင် အဲ့လို ထိုးဖောက်လို့ရပြီး ဘိုင်ယန်မှာ မရှိတဲ့ ဆာကာ၊ မာတင်နယ်လီ၊ ဂျေးဆုလို ကစားသမားတွေနဲ့အတူ အာဆင်နယ်မှာ အခွင့်အရေး ရှိပါတယ်။

အာဆင်နယ်အနေနဲ့ ဟာလန်းကို ဂရုစိုက်နေတာထက် စီးတီးခံစစ်သမားတွေကို ဘယ်လို ကျော်ဖြတ်မလဲ အာရုံစိုက်သင့်ပါတယ်။ ဖလားအတွက် ကန်နေတာဆိုတဲ့ စိတ်ခံစားချက်နဲ့အတူ ဒီပွဲကို ချဉ်းကပ်ကစားရပါမယ်။

သူတို့ အဲ့လို ကစားရင် ပွဲကောင်းဖြစ်မယ်။ စီးတီးကို ခံစစ်အထိုင်ချပြီး သွားကစားရင် ဖြေးဖြေးချင်း ညှင်းသတ်ခံရပါလိမ့်မယ်။ နောင်တတရား မရှိပါဘဲ ကစားရာမှာပါ ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီး ဘယ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မလဲ ဒီအပတ်မှာပဲ အဖြေပေါ်သလောက် ရှိလာပါလိမ့်မယ်။