မန်စီးတီး ဖလား ၃ လုံး ယူသွားမှာ သိပ်လန့်မနေပါနဲ့ဗျာ .. ဟဲဟဲ.. လို့ မန်ယူဖန်တွေအား ပက် နှစ်သိမ့်

မန်စီးတီးကတော့ မနေ့ညက ဝင်ဘာလေမှာ ရှက်ဖီးယူနိုက်တက် ကို ၃-၀ နဲ့ ဂိုးပြတ် နိုင်ကာ အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်သွားပြီ ဖြစ်ပါတယ်။

စီးတီးဟာ ပရီးမီးယားလိဂ် မှာ အာဆင်နယ်ကို နောက်ကောက်ချကာ ချန်ပီယံ ဖြစ်ဖို့ အခြေအနေ ကောင်းလာသလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ် ထိ ရောက်ထားပြီး ရေပန်းစား အသင်း ဖြစ်နေတာကြောင့် ဒီရာသီ ဖလား ၃ လုံး ရယူသွားနိုင်နေပါတယ်။

စီးတီးရဲ့ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တချို့က စီးတီး ဖလား ၃လုံး ရသွားမှာ စိုးရိမ်နေကြပြီ ထင်တယ်လို့ မနေ့ညက ပွဲ အပြီး သတင်းထောက်က ဆိုခဲ့ရာ ဂွာဒီယိုလာက အခုလို အရွှန်းဖောက် ဖြေကြား သွားပါတယ်။

” ယူနိုက်တက် ပရိသတ်တွေ ((စီးတီး ဖလား၃လုံး ရသွားမှာကို) သိပ် ပူပင်နေဖို့ မလိုပါဘူး။ ကျနော်တို့က အိမ်နီးချင်းတွေပဲဗျာ..ဟဲဟဲ.. ဟုတ်တယ်မလား ” လို့ ဂွာဒီယိုလာက ရယ်မောရင်း ဆိုခဲ့ပါတယ်။

” ကျနော်တို့ ဖလား ၃ လုံးနဲ့ အဝေးကြီး လိုပါသေးတယ်။ ဒီလို ပြောနေရတာ ရယ်စရာကြီးပါ။ ပြောလို့ ရတယ် ဆိုပေမယ့် တကယ့် လက်တွေ့မှာက ကစားရမယ့် ပွဲကို လာ ကစားသွားတာပဲ ရှိပါတယ်။

” ကျနော် အထင်ကြီးမိတာက ဒီကလပ်အသင်းမှာ အကြီးအကဲတွေ၊ ဝန်ထမ်းတွေက အစ ဆုဖလားတွေကို နိုင်ပြီးရင်း နိုင်လိုကြတာပါ။ ဒါကို မန်နေဂျာ တစ်ယောက် အနေနဲ့ ကျနော် ဂုဏ် အယူရဆုံးပဲ။

တစ်နှစ် လုပ်ပြနိုင်တယ်။ ကျနော်က ချန်ပီယံလိဂ် ဒီနှစ် ရ၊ နောက်နှစ် အောက်ဆုံးထိ ရောက်သွားတာမျိုး မလိုချင်ဘူး။ ဒီကလပ်အသင်းက သိပ်ကို တည်ငြိမ်ပါတယ်။ ဖလားတွေ ရနေလို့လည်း ကျနော် ဒီမှာ ရှိနေတာပါ၊ မဟုတ်ရင် ဘယ်ရှိမလဲ။

အခု နောက်ဆုံး သီတင်းပတ် ၇ ပတ် ကို ကျော်ဖြတ်ရမယ်။ ဆုဖလားတွေ အကြီးဆုံး ဖလားတွေကို ကျနော်တို့ ရယူဖို့ ကြိုးစား တိုက်ပွဲ ဝင်နေတုန်းပဲ။ ဒါကပဲ အသင်းအတွက် အရေးကြီးဆုံး ဆုဖလား တစ်ခုပါ။ ” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။