အက်ဖ်အေ ဗိုလ်လုပွဲ ရောက်တာနဲ့ မန်စီးတီးကို တန်း စိန်ခေါ်လိုက်တဲ့ မန်ယူ ဂိုးသမား ဒီဂီယာ

စီးတီးရဲ့ မြို့ခံ ပြိုင်ဘက်မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဝင်ဘာလေမှာ ဘရိုက်တန်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင်ခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ်မှာ ၇-၆နဲ့ အနိုင်ရပြီး ဖိုင်နယ်ပွဲကို တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်မှာ မန်ချက်စတာ ယူနိုက်တက်အတွက် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ဒီဂီယာက အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာ တွေ့နေတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို အနိုင်ယူဖို့ စိတ်ပြင်းပြနေပြီး ကြိုတင် စိန်ခေါ်စကား ဆိုလာပါတယ်။
မန်စီးတီးကလည်း စနေနေ့မှာ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ရှက်ဖီးယူနိုက်တက်ကို ၃-၀ နဲ့ သက်တောင့် သက်သာ အနိုင်ယူပြီး ဖိုင်နယ်တက်ရောက်ထားတာပါ။
မန်ချက်စတာနှစ်သင်းမြို့ခံ ဟာ ဒီရာသီမှာ ၂ ကြိမ် တွေ့ဆုံရာမှာ တစ်ကြိမ်စီ အနိုင်ရထားတာ ဖြစ်ပါတယ်။
မန်ယူ ဂိုးသမား ဒီဂီယာ က ‘ ဖိုင်နယ်ပွဲ ကစားရဖို့ အဝေးကြီး လိုနေပါသေးတယ်။ ဥရောပရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းကို ကျနော်တို့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရာသီ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပွဲတုန်းက မန်စီးတီးကို ကျနော်တို့ အနိုင်ယူ ပြခဲ့ပြီးပါပြီ။ ဖိုင်နယ်မှာ အစွမ်းကုန် အားထုတ် ကြိုးစားမှာပါ။ ’ လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အက်ဖ်အေ ဖလား ဗိုလ်လုပွဲကို ဇွန် ၃ ရက်နေ့ ဝင်ဘာလေကွင်းမှာ မန်စီးတီးနဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင် ဖလား လုကြရမှာ ဖြစ်ပါတယ်။
ZG – စီးတီးရဲ႕ ျမိဳ႕ခံ ျပိဳင္ဘက္မန္ခ်က္စတာ ယူႏိုက္တက္ဟာ မေန႔ညက ဝင္ဘာေလမွာ ဘ႐ိုက္တန္နဲ႔ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲ ယွဥ္ၿပိဳင္ခဲ့ရာ ပင္နယ္တီ အဆုံးအျဖတ္မွာ ၇-၆နဲ႕ အႏိုင္ရၿပီး ဖိုင္နယ္ပြဲကို တက္ေရာက္ခဲ့ၿပီ ျဖစ္ပါတယ္။
ဆီမီးဖိုင္နယ္မွာ မန္ခ်က္စတာ ယူႏိုက္တက္အတြက္ လက္စြမ္းျပခဲ့တဲ့ ဂိုးသမား ဒီဂီယာက အက္ဖ္ေအဖလား ဗိုလ္လုပြဲ မွာ ေတြ႕ေနတဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကို အႏိုင္ယူဖို႔ စိတ္ျပင္းျပေနၿပီး ႀကိဳတင္ စိန္ေခၚစကား ဆိုလာပါတယ္။
မန္စီးတီးကလည္း စေနေန႔မွာ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲမွာ ရွက္ဖီးယူနိုက္တက္ကို ၃-၀ နဲ႕ သက္ေတာင့္ သက္သာ အနိုင္ယူျပီး ဖိုင္နယ္တက္ေရာက္ထားတာပါ။
မန္ခ်က္စတာႏွစ္သင္းျမိဳ႕ခံ ဟာ ဒီရာသီမွာ ၂ ႀကိမ္ ေတြ႕ဆုံရာမွာ တစ္ႀကိမ္စီ အႏိုင္ရထားတာ ျဖစ္ပါတယ္။
မန္ယူ ဂိုးသမား ဒီဂီယာ က ‘ ဖိုင္နယ္ပြဲ ကစားရဖို႔ အေဝးႀကီး လိုေနပါေသးတယ္။ ဥေရာပရဲ႕ အေကာင္းဆုံးေတြထဲက တစ္သင္းကို က်ေနာ္တို႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဒီရာသီ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားတဲ့ ပြဲတုန္းက မန္စီးတီးကို က်ေနာ္တို႔ အႏိုင္ယူ ျပခဲ့ၿပီးပါၿပီ။ ဖိုင္နယ္မွာ အစြမ္းကုန္ အားထုတ္ ႀကိဳးစားမွာပါ။ ’ လို႔ သတိေပးခဲ့တာ ျဖစ္ပါတယ္။
အက္ဖ္ေအ ဖလား ဗိုလ္လုပြဲကို ဇြန္ ၃ ရက္ေန႔ ဝင္ဘာေလကြင္းမွာ မန္စီးတီးနဲ႔ မန္ယူအသင္းတို႔ ယွဥ္ၿပိဳင္ ဖလား လုၾကရမွာ ျဖစ္ပါတယ္။