မန်စီးတီးရဲ့ ဒီရာသီ ဖလား ၃ လုံး လမ်းကြောင်းမှာ အကြီးမားဆုံး အတားအဆီးဖြစ်မယ့် အသင်း ရွိုင်ကိန်း ဖော်ထုတ်

မန်ချက်စတာစီးတီးအသင်းသာ ဒီရာသီမှာ ဆုဖလား(၃)လုံး မျှော်လင့်ချက်မှာ ရီးရဲလ်မက်ဒရစ်အသင်းက အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်နေစေလိမ့်မယ်လို့ ရွိုင်ကိန်း က သတိပေး ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းက လက်ရှိမှာ အက်ဖ်အေ ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ဆီ တတ်လှမ်းသွားခဲ့ရပြီ ဖြစ်သလို ပရီးမီးယားလိဂ် ဆိုရင်လည်း ကိုယ့်ကြမာ ကိုယ်ဖန်တီးနိုင်ခွင့် ရှိနေရတဲ့ အခြေအနေ ဖြစ်နေရပါတယ်။

ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်ထိ တတ်လှမ်းနိုင်ခဲ့ရပြီ ဖြစ်သလို ပြီးခဲ့တဲ့နှစ် ဆီမီးမှာ တွေ့ဆုံခဲ့တဲ့ ရီးရဲလ်အသင်းနဲ့ ထပ်မံ တွေ့ဆုံနေရပါတယ်။ ပြီးခဲ့တဲ့နှစ်က ခုလို တွေ့ဆုံမှုအတွင်း ရီးရဲလ်က မန်စီးတီးကို ကျော်ဖြတ်ရင်း ချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့ရပါတယ်။

စီးတီးအသင်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သတ်ပြီး သရဲနီဟောင်းကြီး ရွိုင်ကိန်းက “စီးတီးသာ ဒီရာသီထဲ ဖလား(၃)လုံး ဆွတ်ခူးမယ်ဆိုရင်တော့ ကျွန်တော် စိတ်ပျက်မိမှာပေါ့ (ရယ်လျက်)။

မဟုတ်ပါဘူး။ ကျွန်တော် ဘယ်အသင်းကိုမှ အဲ့လို ဖြစ်မိမှာ မဟုတ်ပါဘူး။ ကျွန်တော်က အဲ့ဒီလို လူအမျိုးအစား မဟုတ်ပါဘူး။ ဒီလို ဖလား(၃)လုံးကို ဆွတ်ခူးဖို့ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို ကျွန်တော်ကိုယ်တိုင် သိပါတယ်။ ဒါပေမယ့် သူတို့က အဟန့်အတား အနည်းငယ်လောက်နဲ့တော့ ရင်ဆိုင်သွားရပါဦးမယ်။ အထူးသဖြင့် ဆိုရင်တော့ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ပါ”

“စီးတီးက အက်အေဖလားနဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ဖို့ အရမ်း ရေပန်းစားနေတယ် ဆိုပေမယ့်လည်း ရီးရဲလ်အသင်းက သူတို့အသင်းအတွက် အကြီးမားဆုံးသော ပြသာနာကြီးတစ်ခု ဖြစ်စေလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ရွိုင်ကိန်းရဲ့စကားကို နောက်ထပ် ဘောလုံးသမားဟောင်းကြီး အီယန်ရိုက်က လက်ခံသွားခဲ့ပြီး စီးတီးအနေနဲ့ ဖလား(၃)လုံး ရယူဖို့ဆိုတာ မလွယ်ကူနိုင်ပဲ တကယ်လို့သာ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ မယုံကြည်နိုင်စရာ အောင်မြင်မှု ဖြစ်လာလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။