မန်စီးတီးနဲ့ မန်ယူ အသင်းတို့ ထိပ်တိုက်တွေ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ အကြောင်း သိထားစရာ အချက်များ

ဒီရာသီ အက်ဖ်အေဖလား ဖိုင်နယ်ပွဲမှာတော့ မန်ချက်စတာ မြို့ခံ နှစ်သင်း ဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင် ဖလား လုရတော့မှာပါ။

ဒါဟာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ အက်ဖ်အေဖလား ဖိုင်နယ်မှာ ပထမဆုံးအကြိမ် ထိပ်တိုက် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ ဇွန်လ ၃ ရက်နေ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်ရမှာပါ။

ဒီရာသီမှာတော့ ကလပ်နှစ်သင်းကြား ထိပ်တိုက်တွေ့မှုအဖြစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလ အီသီဟက်ကွင်းမှာ မန်စီးတီးက ၆-၃ ဖြင့် ယူနိုက်တက်ကို အနိုင်ယူခဲ့တယ်။ ဒုတိယအကြိမ် တွေ့ဆုံမှုအဖြစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီ အိုးထရတ်ဖိုဒ့်ကပွဲမှာ ယူနိုက်တက်က ၂-၁ ဖြင့် အနိုင်ယူခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလားကို ၁၂ ကြိမ်တိုင် အနိုင်ရခဲ့ဖူးပြီး နောက်ဆုံးအကြိမ် အနိုင်ရခဲ့တာက ၂၀၁၅-၂၀၁၆ ဘောလုံးရာသီတုန်းက ဖြစ်ပါတယ်။ ဒါဟာ ပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ အာဆင်နယ် (၁၄ ကြိမ်) ပြီးနောက် ဒုတိယ အအောင်မြင်ဆုံး အသင်းနေရာမှာ ယူနိုက်တက်ကို ရှိနေစေပါတယ်။

မန်စီးတီးကလည်း ဒီပြိုင်ပွဲကို ၆ ကြိမ် အနိုင်ရထားတာဖြစ်ပြီး နောက်ဆုံး အနိုင်ရခဲ့တာက ၂၀၁၈-၂၀၁၉ ဘောလုံး ရာသီမှာဖြစ်ကာ ၇ ကြိမ်မြောက် အနိုင်ရရေးကို အာရုံစိုက်နေဖို့ ရှိပါတယ်။

အကယ်လို့ ဒီရာသီ မန်စီးတီး အနိုင်ရရင် ၁၉၉၉ ခုနှစ်တုန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ တစ်ရာသီ ဖလား ၃ လုံး စံချိန်ကို လိုက်မှီနိုင်တာမို့ ဒါဘီပြိုင်ဘက်ကို ဟန့်တားရေး တန်ဟက်ရဲ့ အသင်းက အတော်လေး အားထုတ်လာဖို့ ရှိနေပါတယ်။