အမွတ္ေပးဇယားကို ေမ့ထားလိုက္ဖို႔ အာဆင္နယ္အသင္းေဖာ္ေတြအား မူစတာဖီ တိုက္တြန္း

အာဆင္နယ္အသင္း ခံစစ္မွဴး မူစတာဖီကေတာ့ ကလပ္အသင္းဟာ အဆင့္ ၄ အတြင္း ၀င္ဖို႔ အမွတ္ေပးဇယားကို ၾကည့္ေနတာထက္ ေမ့ထားျပီး နည္းျပသစ္ အာတီတာနဲ႕အတူ အမ္းမရိတ္မွာ တိုးတက္မႈမ်ား ျဖစ္ထြန္းလာေအာင္ အာရံုစိုက္ လုပ္ေဆာင္သင့္ေၾကာင္း အသင္းေဖာ္ေတြ အား တိုက္တြန္း ေျပာဆိုလိုက္ပါတယ္။

စေနေန႔က ပဲေလ့စ္ကို သေရက်လိုက္တာေၾကာင့္ အာဆင္နယ္က အမွတ္ေပးဇယား အဆင့္ ၁၀ ေနရာမွာ ရွိေနျပီး အဆင့္ ၄ ေနရာမွ ခ်ယ္ဆီးနဲ႕ ၁၀ မွတ္ ကြာဟေနဆဲ ျဖစ္ကာ တန္းဆင္းဇုန္အထက္ ၈ မွတ္အကြာမွာ ရွိေနပါတယ္။ မူစတာဖီကေတာ့ အာဆင္နယ္ အသင္းအေနနဲ႕ တိုးတက္မႈမ်ားကိုသာ အာရံုစိုက္ လုပ္ေဆာင္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

” လိိဂ္မွာ အဆင့္ ၁ ဒါမွမဟုတ္ ၂ ေလာက္ဆို အမွတ္ေပးဇယား ကို တခ်ိန္လံုး ၾကည့္ေနခ်င္ၾကမယ္ ထင္တယ္။ ဒါၾကည့္ေနရင္ကို ေပ်ာ္စရာကိုး။ ဒါေပမယ့္ က်ေန္ာတို႔ အေနနဲ႕က ေလာေလာဆယ္ ဇယားကို ၾကည့္ေနဖို႔ အေရးမၾကီးဘူး။ အလုပ္ လုပ္ေနဖို႔သာ အေရးၾကီးတယ္။

ထရိန္နင္မွာ ပြဲထဲမွာ ေဘာ့စ္ ေျပာထားသလို အလိုရွိသလို ျဖစ္ေအာင္ လုပ္ျပ ကစားနိုင္ဖို႔ အေရးၾကီးတယ္။ အားလံုးကလည္း သူ႔ကို ယံုၾကည္မႈ ရွိသလို သူ ေျပာျပထားတဲ့ အိုင္ဒီယာေတြ ကစားေစခ်င္တဲ့ ပံုစံေတြကို သေဘာက်ၾကတယ္။ ဒါကပဲ အေရးၾကီးတဲ့ ကိစၥ တစ္ခု ျဖစ္ျပီး ပြဲခ်ိန္ မိနစ္ ၉၀ တြင္းမွာ လုပ္ျပဖို႔ လိုတယ္။ ” လို႔ မူစတာဖီက ေျပာၾကားခဲ့ပါတယ္။

အာတီတာဟာ ယာယီနည္းျပ ယြန္းဘတ္ထံမွ အာဆင္နယ္ကို ဆက္ခံျပီးေနာက္ အာဆင္နယ္ကို တိုးတက္မႈရွိေအာင္ စြမ္းေဆာင္ ထားနုိင္ခဲ့ပါတယ္။ အနိုင္ရမယ့္ အေနအထားကေန ခ်ယ္ဆီး၊ ပဲေလ့စ္နဲ႕ ရွက္ဖီးယူနုိက္တက္တို႔နဲ႔ ပြဲေတြမွာ အမွတ္ေလ်ာ့ခဲ့တာေၾကာင့္ အမွတ္ေပး ဇယားမွာေတာ့ သိသိသာသာ တိုးတက္လာျခင္း မရွိေသးတာလို႔ ဆိုရမွာပါ။

Unicode – အာဆင်နယ်အသင်း ခံစစ်မှူး မူစတာဖီကတော့ ကလပ်အသင်းဟာ အဆင့် ၄ အတွင်း ဝင်ဖို့ အမှတ်ပေးဇယားကို ကြည့်နေတာထက် မေ့ထားပြီး နည်းပြသစ် အာတီတာနဲ့အတူ အမ်းမရိတ်မှာ တိုးတက်မှုများ ဖြစ်ထွန်းလာအောင် အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း အသင်းဖော်တွေ အား တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

စနေနေ့က ပဲလေ့စ်ကို သရေကျလိုက်တာကြောင့် အာဆင်နယ်က အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာမှ ချယ်ဆီးနဲ့ ၁၀ မှတ် ကွာဟနေဆဲ ဖြစ်ကာ တန်းဆင်းဇုန်အထက် ၈ မှတ်အကွာမှာ ရှိနေပါတယ်။ မူစတာဖီကတော့ အာဆင်နယ် အသင်းအနေနဲ့ တိုးတက်မှုများကိုသာ အာရုံစိုက် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

” လိဂ်မှာ အဆင့် ၁ ဒါမှမဟုတ် ၂ လောက်ဆို အမှတ်ပေးဇယား ကို တချိန်လုံး ကြည့်နေချင်ကြမယ် ထင်တယ်။ ဒါကြည့်နေရင်ကို ပျော်စရာကိုး။ ဒါပေမယ့် ကျနေ်ာတို့ အနေနဲ့က လောလောဆယ် ဇယားကို ကြည့်နေဖို့ အရေးမကြီးဘူး။ အလုပ် လုပ်နေဖို့သာ အရေးကြီးတယ်။

ထရိန်နင်မှာ ပွဲထဲမှာ ဘော့စ် ပြောထားသလို အလိုရှိသလို ဖြစ်အောင် လုပ်ပြ ကစားနိုင်ဖို့ အရေးကြီးတယ်။ အားလုံးကလည်း သူ့ကို ယုံကြည်မှု ရှိသလို သူ ပြောပြထားတဲ့ အိုင်ဒီယာတွေ ကစားစေချင်တဲ့ ပုံစံတွေကို သဘောကျကြတယ်။ ဒါကပဲ အရေးကြီးတဲ့ ကိစ္စ တစ်ခု ဖြစ်ပြီး ပွဲချိန် မိနစ် ၉၀ တွင်းမှာ လုပ်ပြဖို့ လိုတယ်။ ” လို့ မူစတာဖီက ပြောကြားခဲ့ပါတယ်။

အာတီတာဟာ ယာယီနည်းပြ ယွန်းဘတ်ထံမှ အာဆင်နယ်ကို ဆက်ခံပြီးနောက် အာဆင်နယ်ကို တိုးတက်မှုရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့ပါတယ်။ အနိုင်ရမယ့် အနေအထားကနေ ချယ်ဆီး၊ ပဲလေ့စ်နဲ့ ရှက်ဖီးယူနိုက်တက်တို့နဲ့ ပွဲတွေမှာ အမှတ်လျော့ခဲ့တာကြောင့် အမှတ်ပေး ဇယားမှာတော့ သိသိသာသာ တိုးတက်လာခြင်း မရှိသေးတာလို့ ဆိုရမှာပါ။