စီးတီးက အာဆင်နယ် သွေးနံ့ ရသွားပြီ ဆိုတဲ့ နဗီး၊ နိုင်မယ် ပြောပြီး မနိုင်ရင် အာတီတာ ဘာပြောမှာလဲ ဆိုတဲ့ ကာရေဂါ

ဆောက်သမ်တန်ကို သရေကျတဲ့ ပွဲ အပြီး မှာ အာဆင်နယ် နည်းပြ အာတီတာက မန်စီးတီးကွင်းမှာ သွားရောက်ပြီး ပြိုင်ဘက်ကို အနိုင်ယူမယ်လို့ ခပ်စောစော ကြွေးကြော်လိုက်တာက မလိုအပ်သေးတဲ့ အရာလို့ လီဗာပူး လူဟောင်းကြီး ကာရေဂါက ယူဆထားပါတယ်။

မန်စီးတီးနဲ့ပွဲ မှ နိုင်မှ ဖလားအောင်မြင်ရေးဟာ အာဆင်နယ် လက်ထဲမှာ ရှိမှာဆိုပေမယ့် ရှုံးခဲ့မယ်ဆိုရင် အပြီးသတ် သွားပြီ ဖြစိလု့ မရှုံးရေးကို ဦးစားပေးအဖြစ် အာရုံစိုက်ဖို့ လိုကြောင်း ကာရေဂါ က ထောက်ပြခဲ့တယ်။

ကာရေဂါက ‘ ဟုတ်ပါတယ် အာဆင်နယ်က အီတီဟက်ကို သွားပြီး အနိုင်ကစားချင်မှာပါ၊ အနိုင်ရဖို့လည်း ကြိုးစားမှာပါ။ ဒါပေမယ့် သရေကျရင်ကော ပွဲအပြီးမှာ အာတီတာ ဘာပြောမှာလဲ?

မန်စီးတီးကလည်း ပွဲကြပ်တွေ ရှိပါတယ်။ သူတို့က ဘရိုက်တန်နဲ့ အဲဗာတန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ပွဲတွေက မလွယ်ပါဘူး။ အာဆင်နယ်ကလည်း ခက်ခဲတဲ့ ပွဲစဉ်တွေ ရှိနေဦးမှာပါ။

မန်စီးတီးကို သူတို့ နိုင်ချင်တာတော့ ဟုတ်ပါတယ် ဒါပေမယ့် ရှုံးလို့ မရပါဘူး။ အဲ့ပွဲကို ရှုံးတာနဲ့ ပြီးပါပြီ။ သရေကျတာက ကမ္ဘာကြီး အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ ဆက်ကြိုးစားဖို့ ဖြစ်နိုင်ချေ ရှိနေဆဲပါ။ နောက်ဆုံး ၃ ပွဲ ခြေချော်ပေမယ့် အခုချိန်ထိ အာဆင်နယ်ရဲ့ လက်ထဲမှာ ရှိနေဆဲပါ။ ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီနောက်ပိုင်း ၃ ပွဲမှာ ပေးဂိုး ၇ ဂိုးထိ ရှိထားတာမို့ မန်စီးတီးက ပြိုင်ဘက်ရဲ့ ခံစစ်ဟာ ထိုးနှက်လို့ ရနေတာကို ကောင်းကောင်းကြီး နားလည်နေပြီလို့ နဗီးက ရှင်းပြထောက်ပြခဲ့ပါတယ်။

ဂယ်ရီနဗီးက ‘ အခုချိန်ကစပြီး စိတ်ဓါတ်ရေးရာက စကားပြောလာပါပြီ။ မန်စီးတီးပွဲအတွက် သူတို့ရဲ့ စိတ်ဓါတ်ပိုင်းကို ပြင်ရပါမယ်။ အာဆင်နယ် အသင်းသားတွေက လွတ်လွတ်လပ်လပ် ကစားပြီး တစ်ရာသီလုံး ကစားခဲ့သလို စိတ်လှုပ်ရှားစရာ ဖြစ်နေရမယ်။

စိတ်ပူစရာက အာဆင်နယ်တို့ ဂိုးတွေ ပေးနေရတာပါ။ မန်စီးတီးက အတွေ့အကြုံရင်တဲ့ အသင်းဖြစ်ပြီး သူတို့ သွေးနံ့ ရသွားပါပြီ။ အာဆင်နယ်ကတော့ အောက်အသင်းအဖြစ်နဲ့ သူတို့ ကစားခဲ့သလို လွတ်လပ်စွာ ကစားမှုတွေကို ပြန်လုပ်ပြနိုင်ဖို့ လိုပါတယ် ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။