အာတီတာနဲ့ သူ့ရဲ့ ပြောင်းလဲသွားတဲ့ ဆက်ဆံရေးကို နည်းပြ ဂွာဒီယိုလာ ဖွင့်ဟ လာ

ယခင်က ဆရာတပည့်၊ အလုပ် အတူ လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေကြပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း အာတီတာနဲ့ သူ့ရဲ့ ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို ပက်ဂွာဒီယိုလာက ပြောပြခဲ့ပါတယ်။

သူတိုနှစ်ယောက်ဟာ အီတီဟက်ကွင်းမှာ အတူတကွ တွဲလုပ်ရင်း ပရီးမီးယားလိဂ် ၂ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ကြိမ်နဲ့ အက်ဖ်အေဖလား စတဲ့ အောင်မြင်မှုတွေများစွာ ရခဲ့ပေမယ့် ၂၀၁၉ ဒီဇင်ဘာမှာ အာတီတာက ဂွာဒီယိုလာရဲ့ လက်ထောက်နေရာကနေ နုတ်ထွက်ပြီး အမ်းမရိတ်စ်ကွင်းမှာ နည်းပြအဖြစ် ပြောင်းရွှေ့လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

မြောက်လန်ဒန်မှာ ခက်ခဲကြမ်းတမ်းတဲ့ တာထွက်ကို ကြုံခဲ့ရပေမယ့်လဲ စပိန်သားဟာ နောက်ဆုံးမှာ သူ့ကြိုးစားမှုရဲ့ အသီးအပွင့်ကို ခံစားခဲ့ရပြီဖြစ်ပြီး ဒီရာသီမှာ ဂန်းနားတွေနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်နေပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိချန်ပီယံ မန်စီးတီးထက် ၅မှတ်အသာရထားပေမယ့်လဲ သူတို့က ၂ပွဲ ပိုကစားထားတာပါ။

အာတီတာနဲ့ လမ်းခွဲလိုက်ပြီးနောက်ပိုင်း သူတို့ကြားက ဆက်ဆံရေးက ဘယ်လို ပြောင်းလဲသွားလဲလို့ မေးမြန်းခဲ့ရာ ဂွာဒီယိုလာက ခုလို ပြောဆိုလာပါတယ်။

“ပြောင်းလဲသွားတယ်။ ဘာလို့လဲဆိုတော့ သူက လန်ဒန်မှာ။ ကျွန်တော်က မန်ချက်စတာမှာ။ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် သိပ်မတွေ့ရဘူး။ သူလဲ အလုပ်ရှုပ်။ ကျွန်တော်လဲ အလုပ်ရှုပ်တာကိုး။ ဒါပေမယ့် သူနဲ့ ကျွန်တော့်ကြားက လေးစားမှု၊ ရင်းနှီးမှုတွေက အမြဲတမ်း ရှိနေမှာပါ။ ဒါကို သူလဲသိပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi – ယခင္က ဆရာတပည့္၊ အလုပ္ အတူ လုပ္တဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ ျဖစ္ေနၾကေပမယ့္ ျပီးခဲ့တဲ့ နွစ္ေတြအတြင္း အာတီတာနဲ႔ သူ႔ရဲ႕ ဆက္ဆံေရးက ဘယ္လိုေျပာင္းလဲသြားလဲဆိုတာကို ပက္ဂြာဒီယိုလာက ေျပာျပခဲ့ပါတယ္။

သူတိုႏွစ္ေယာက္ဟာ အီတီဟက္ကြင္းမွာ အတူတကြ တြဲလုပ္ရင္း ပရီးမီးယားလိဂ္ ၂ႀကိမ္၊ ကြန္ျမဴနတီဒိုင္း ၂ႀကိမ္နဲ႔ အက္ဖ္ေအဖလား စတဲ့ ေအာင္ျမင္မႈေတြမ်ားစြာ ရခဲ့ေပမယ့္ ၂၀၁၉ ဒီဇင္ဘာမွာ အာတီတာက ဂြာဒီယိုလာရဲ႕ လက္ေထာက္ေနရာကေန ႏုတ္ထြက္ၿပီး အမ္းမရိတ္စ္ကြင္းမွာ နည္းျပအျဖစ္ ေျပာင္းေ႐ႊ႕လုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။

ေျမာက္လန္ဒန္မွာ ခက္ခဲၾကမ္းတမ္းတဲ့ တာထြက္ကို ႀကဳံခဲ့ရေပမယ့္လဲ စပိန္သားဟာ ေနာက္ဆုံးမွာ သူ႔ႀကိဳးစားမႈရဲ႕ အသီးအပြင့္ကို ခံစားခဲ့ရၿပီျဖစ္ၿပီး ဒီရာသီမွာ ဂန္းနားေတြနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္ေနၿပီ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ လက္ရွိခ်န္ပီယံ မန္စီးတီးထက္ ၅မွတ္ အသာရထားေပမယ့္လဲ သူတို႔က ၂ပြဲ ပိုကစားထားတာပါ။

အာတီတာနဲ႔ လမ္းခြဲလိုက္ၿပီးေနာက္ပိုင္း သူတို႔ၾကားက ဆက္ဆံေရးက ဘယ္လို ေျပာင္းလဲသြားလဲလို႔ ေမးျမန္းခဲ့ရာ ဂြာဒီယိုလာက ခုလို ေျပာဆိုလာပါတယ္။

“ေျပာင္းလဲသြားတယ္။ ဘာလို႔လဲဆိုေတာ့ သူက လန္ဒန္မွာ။ ကြၽန္ေတာ္က မန္ခ်က္စတာမွာ။ ဆိုေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ သိပ္မေတြ႕ရဘူး။ သူလဲ အလုပ္ရႈပ္။ ကြၽန္ေတာ္လဲ အလုပ္ရႈပ္တာကိုး။ ဒါေပမယ့္ သူနဲ႔ ကြၽန္ေတာ့္ၾကားက ေလးစားမႈ၊ ရင္းႏွီးမႈေတြက အၿမဲတမ္း ရွိေနမွာပါ။ ဒါကို သူလဲသိပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။