အာဆင်နယ် စီးတီးကို ရှုံးတော့ မရှုံးဘူး ဆိုတဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ဒီညပွဲ ခန့်မှန်းချက် ထွက်ပါပြီ

ဒီကြားရက်မှာတော့ မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ အီတီဟက်မှာ ပရီးမီးယားလိဂ် ပွဲ ကစားဖို့ ရှိနေပြီး ဒီပွဲက ချန်ပီယံ အဆုံးအဖြတ် ဖိုင်နယ် ပွဲ တစ်ပွဲလို အသက်ဝင်နေတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ဒီနှစ်သင်းဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့် တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ ဒီည မန်စီးတီးနဲ့ အာဆင်နယ်တို့ ပွဲ အတွက် အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

ဒီပွဲက အာဆင်နယ်တို့ ရှုံးလို့မရတဲ့ ပွဲစဉ်ပါပဲ။ အကယ်လို့ သူတို့ ဒီပွဲကို ရှုံးခဲ့ရင် ဖလားပြိုင်ပွဲက ပြီးသွားပါပြီ။ မန်စီးတီးက ခြေချော်ခံမှာ မဟုတ်ပါဘူး။

ပွဲတွေ ကစားရဖို့ ကျန်ရှိနေပေမယ့်လို့ မန်စီးတီးက ရလဒ်ကောင်းတွေ ဆက်တိုက် ယူနေပါပြီ။ သူတို့ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဦးမယ်ဆိုပေမယ့် ၂ ကျော့ ကစားရမှာကို အရေးနိမ့်ရင် ယုံကြည်မှုပိုင်း ထိခိုက်နိုင်ပါတယ်။

စီးတီးအတွက် အကီ ကစားနိုင်မှာ မဟုတ်ပါဘူး။ သူက ဆာကာကို ထိန်းနိုင်မယ့်သူ ဖြစ်ပြီး သူမပါနိုင်တာက မန်စီးတီးအတွက် ကြီးမားတဲ့ လိုအပ်ချက်ပါ။ ဘိုင်ယန်ပွဲတုန်းက ဆာနေးနဲ့ ကိုမန်းတို့က စီးတီးကို အန္တရာယ်တွေ ပေးခဲ့ပါတယ်။ အာဆင်နယ်က တောင်ပံတွေမှာ အင်အားကောင်းပြီး ဆာကာနဲ့ မာတင်နယ်လီတို့က မန်စီးတီးကို ပြဿနာတွေ ပေးနိုင်ပါတယ်။

အာဆင်နယ်က ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားရမှာဖြစ်ပေမယ့် မန်စီးတီးကလည်း ပွဲပန်းနေပြီလို့ ဂွာဒီယိုလာက ပြောထားပါတယ်။ ဒီပွဲ သရေကျမယ်ဆိုရင် မန်စီးတီးက လက်ကျန်ပွဲ ၂ ပွဲလုံးကို အနိုင်ရမှ ဖြစ်မှာပါ။ မန်စီးတီးက ကောင်းပေမယ့် သူတို့လည်း စိုးရိမ်စိတ်တွေနဲ့အတူ ဖိအားတွေ ဝင်နေမှာပါ။

အာဆင်နယ်က ယုံကြည်မှုရှိရှိ ကစားမှာပါ။ သူတို့ ပရီးမီးယားလိဂ် ဖလားအတွက် ကစားနေရာမှာ ရမှတ်တွေ လျော့လို့ မရနိုင်တော့ပါဘူး။ အာဆင်နယ်ရဲ့ ကစားသမားတွေက မန်စီးတီးကို နာကျင်အောင် လုပ်နုငိပါတယ်။ ဒီပွဲမှာ အာဆင်နယ် က ရလဒ်တစ်ခု ရယူနိုင်မှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 1-1 အာဆင်နယ်