အာဆင်နယ်အသင်းထံ ဂျေဆုနဲ့ ဇင်ချန်ကို ရောင်းချတဲ့အပေါ် ဂွါဒီယိုလာ နောင်တ ရနေသလား ဖြေကြား

မန်စီးတီးအသင်းဟာ နောက်ခံလူ ဇင်ချန်ကိုနဲ့ တိုက်စစ်မှူး ဂါဘရီယယ် ဂျေဆုတို့ကို အာဆင်နယ်အသင်းဆီ ရောင်းချခဲ့တာ အတွက် နောင်တရစရာမရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်မှူး ဂျေဆုနဲ့ နောက်ခံလူ ဇင်ချန်ကိုတို့ကို ခေါ်ယူအားဖြည့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ မန်စီးတီး အသင်းကို အဓိကစိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာခဲ့ပြီး ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်လာခဲ့တာပါ။

အာဆင်နယ် နည်းပြ အာတီတာ ကိုယ်တိုင်လည်း စီးတီးကနေ ထို ကစားသမား ၂ဦး ကို ခေါ်ယူခဲ့တာက အာဆင်နယ် အသွင်ပြောင်းမှုမှာ အရေးပါခဲ့ပြီး စိတ်ဓာတ်ပိုင်း ပြောင်းလဲတိုးတက်မှုတွေ များစွာ ဖြစ်ထွန်းခဲ့ကြောင်း ဝန်ခံထားခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အသင်းရဲ့ ကစားသမားနှစ်ဦးကို ရောင်းချခဲ့တာဟာ ကလပ်နှစ်သင်းနဲ့ ကစားသမား သုံးဦး၊ သုံးဖက်စလုံးအတွက် အကောင်းဆုံးဖြစ်ခဲ့ပြီး နောင်တရစရာ မရှိကြောင်း ပြောခဲ့တာပါ။

ဂျေဆုနဲ့ ဇင်ချန်ကိုတို့ဟာ အသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့ကြသူတွေဖြစ်ပြီး မကျေနပ်စရာ မရှိကြောင်း၊ သူတို့ရဲ့ အပြောင်းအရွှေ့ဟာ အားလုံးအတွက် အဆင်ပြေတဲ့ ပြောင်းရွှေ့မှုသာ ဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောဆို သွားခဲ့ပါတယ်။

Zawgyi – မန္စီးတီးအသင္းဟာ ေနာက္ခံလူ ဇင္ခ်န္ကိုနဲ႔ တိုက္စစ္မွူး ဂါဘရီယယ္ ေဂ်ဆုတို႔ကို အာဆင္နယ္အသင္းဆီ ေရာင္းခ်ခဲ့တာ အတြက္ ေနာင္တရစရာမရွိေၾကာင္း မန္စီးတီးနည္းၿပ ဂြါဒီယိုလာက ေျပာပါတယ္။

အာဆင္နယ္ဟာ တိုက္စစ္မွူး ေဂ်ဆုနဲ႔ ေနာက္ခံလူ ဇင္ခ်န္ကိုတို႔ကို ေခၚယူအားျဖည့္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာ မန္စီးတီး အသင္းကို အဓိကစိန္ေခၚနိုင္တဲ့အသင္း ျဖစ္လာခဲ့ၿပီး ခ်န္ပီယံဆုအတြက္ အၿပိဳင္အဆိုင္ ျဖစ္လာခဲ့တာပါ။

အာဆင္နယ္ နည္းျပ အာတီတာ ကိုယ္တိုင္လည္း စီးတီးကေန ထို ကစားသမား ၂ဦး ကို ေခၚယူခဲ့တာက အာဆင္နယ္ အသြင္ေျပာင္းမႈမွာ အေရးပါခဲ့ျပီး စိတ္ဓာတ္ပိုင္း ေျပာင္းလဲတိုးတက္မႈေတြ မ်ားစြာ ျဖစ္ထြန္းခဲ့ေၾကာင္း ဝန္ခံထားခဲ့ပါတယ္။

မန္စီးတီးနည္းၿပ ဂြါဒီယိုလာကေတာ့ အသင္းရဲ့ ကစားသမားႏွစ္ဦးကို ေရာင္းခ်ခဲ့တာဟာ ကလပ္ႏွစ္သင္းနဲ႔ ကစားသမား သုံးဦး၊ သုံးဖက္စလုံးအတြက္ အေကာင္းဆုံးျဖစ္ခဲ့ၿပီး ေနာင္တရစရာ မရွိေၾကာင္း ေျပာခဲ့တာပါ။

ေဂ်ဆုနဲ႔ ဇင္ခ်န္ကိုတို႔ဟာ အသင္းအတြက္ အေကာင္းဆုံး ကစားေပးခဲ့ၾကသူေတြျဖစ္ၿပီး မေက်နပ္စရာ မရွိေၾကာင္း၊ သူတို႔ရဲ့ အေျပာင္းအေရႊ႕ဟာ အားလုံးအတြက္ အဆင္ေျပတဲ့ ေျပာင္းေရႊ႕မႈသာ ျဖစ္ေၾကာင္း နည္းျပဂြါဒီယိုလာက ေျပာဆို သြားခဲ့ပါတယ္။