အာကြီးနဲ့ ပွဲမှာ ရပ်တန့်မရအောင် အစွမ်းပြခဲ့တဲ့ မန်စီးတီး အသင်းသား ၃ ဦးကို ဂွာဒီယိုလာ အထူး သဘောကျနေ

အာဆင်နယ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ မန်စီးတီးအသင်း ကစားဟန်ကို ဂွာဒီယိုလာက သိပ်သဘောကျနေပြီး ရပ်တန့်လို့မရတဲ့ အသင်းသား အချို့ကိုပါ ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

စီးတီးရဲ့ ခြိမ်းခြောက်မှုတွေ စတင်ရာဖြစ်ခဲ့တဲ့ ဒီဘရိုင်းက ဂွာဒီယိုလာ မပါမဖြစ် ချီးကျူးရသူဖြစ်ပြီး တိုက်စစ် တွဲလုံးတွေဟာ မျှော်လင့်ထားတဲ့အတိုင်း အပြည့်အဝ ဖြစ်ခဲ့တယ်လို့ စပိန်သားနည်းပြက မြင်ပါတယ်။

” ကီဗင် ဒီဘရိုင်းက ထူးရှယ် ကစားသမားပါပဲ။ ဒီနေ့ပွဲမှာ အာဆင်နယ်တို့ အမြင့်ဆုံး ဖိအားပေးလာမှာကို ကျနော်တို့ မျှော်လင့်ထားခဲ့တယ်။ အမြင့်ဆုံး ဖိအားပေးမှုမှာ အဝေးဘောကော၊ second balls တွေကောကို ကယ်ဗင်နဲ့ ချိတ်ဆက်ပြီး အနိုင်ရအောင် လုယူနိုင်ခဲ့တယ်။ ပြီးတော့ ဟာလန်းနဲ့အတူ ပြေးလွှားမှုတွေ လုပ်နိုင်ခဲ့တယ်။

တိုက်စစ်က မယုံနိုင်လောက်အောင် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဟာလန်းက မယုံနိုင်အောင် ခြိမ်းခြောက်နိုင်သူ ဖြစ်ပါတယ်။ တိုက်စစ်သမားတွေကြား ချိတ်ဆက်ခဲ့ကြပြီး ကီဗင်က သိပ်ကို ထူးချွန်ခဲ့ပါတယ် ” လို့ ဂွာဒီယိုလာက ချီးကျူးခဲ့တာပါ။

မန်စီးတီးက သိပ်ကောင်းခဲ့သလို သူတို့ဟာ အာဆင်နယ်မှာ အတော်လေး ခြေစွမ်းထက်နေတဲ့ ဆာကာကို ထိန်းနိုင်ခဲ့ခြင်းကလည်း ပြိုင်ပွဲ အနိုင်ရခြင်းရဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ ဆာကာကို ထိန်းဖို့အတွက် အခန်ဂျီကို ဘယ်ခြမ်း ပြောင်းကစားစေတဲ့ ရွေးချယ်မှုက ပြီးပြည့်စုံခဲ့ပါတယ်။

” အခန်ဂျီကို ဘယ်အစွန်မှာ ထားဖို့ ဆုံးဖြတ်ရတာက အတော်လေး ခက်ခဲပါတယ်။ ဘိုင်ယန်ပွဲမှာ သူက ကိုးမန်းနဲ့ ဆာနေးတို့ကို ကောင်းကောင်းကြီး ရင်ဆိုင်ကစားခဲ့တာ မြင်ခဲ့ရသလို တစ်ဦးချင်း ခံစစ်ကာကွယ်တဲ့ အနေအထားမှာ သူသိပ်ကို သန်မာတာကို မြင်လို့ ကျနော် ဆုံးဖြတ်ခဲ့တာပါ။

ဆာကာက မယုံနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သူပါ။ တစ်ဦးချင်း စိန်ခေါ်မှုတွေနဲ့ စီးချင်းထိုးမှုတွေမှာ ကျနော်တို့ အနိုင်ရဖို့ လိုပါတယ် ” လို့ ဂွာဒီယိုလာက ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။