အာတီတာနဲ့ အူဘာကိုယ်တိုင် အကြိုက်တွေ့နေတဲ့ ဂန်းနားသွေးသစ်လေး မာတင်နယ်လီ

အာဆင်နယ်မန်နေဂျာ အာတီတာနဲ့ တိုက်စစ်သမား အူဘာမီယန်တို့က အသင်းက ဆယ်ကျော်သက် တိုက်စစ်သမား မာတင်နယ်လီကို ထိပ်တန်းအဆင့်ကို ရောက်လာမယ့် တိုက်စစ်မှူးအဖြစ် ချီးကျူးမှုတွေ လုပ်ခဲ့တယ်။

ရှက်ဖီးကို အိမ်ကွင်းမှာ သရေကျတဲ့ပွဲမှာ ဂိုးရယူနိုင်ခဲ့တဲ့နောက် မာတင်နယ်လီဟာ ဒီရာသီမှာ သွင်းဂိုး ၉ ဂိုးထိ ရယူထားနိုင်ခဲ့ပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ သူဟာ အာဆင်နယ်အတွက် အရန်လူအဖြစ် အဓိက ပွဲထွက်ပေးနေပြီး အတွေ့အကြုံကောင်းတွေ ရှာဖွေနေသူဖြစ်တယ်။

အူဘာမီယန်က ” မာတင်နယ်လီက အာဆင်နယ်မှာ ထိပ်တန်းတစ်ဦး ဖြစ်လာမှာပါ။ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကလည်း ချီးကျူးစရာပါပဲ။ သူက သွင်းဂိုးတင် မကပဲ လှုပ်အားနှုန်းနဲ့ စိတ်ဓါတ်ပိုင်းမှာလည်း ချီးကျူးဖို့ ကောင်းပါတယ် ” လို့ လူငယ်တိုက်စစ်သမားလေးကို မှတ်ချက်ပေးခဲ့တာဖြစ်တယ်။

မန်နေဂျာ အာတီတာကလည်း ” သူက ၁၈ နှစ်ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင်ကို ထူးချွန်ပါတယ်။ အတွေ့အကြုံ အရမ်း မများသေးပေမယ့် ပွဲဖတ်မှုနဲ့ ဆုံးဖြတ်ချက်လုပ်ရာမှာ သိပ်ကောင်းပါတယ်။ သူကစားတာကို စောင့်ကြည့်နေရတာက စိတ်လှုပ်ရှားစရာပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ဂန်းနားတိုက်စစ်သမား အူဘာဟာ လာမယ့် ပွဲ နှစ်ပွဲကိုလည်း လွဲချော်ဦးမှာဖြစ်လို့ အာတီတာအနေနဲ့ မာတင်နယ်လီကို ဆက်လက် နေရာပေးဖို့ ရှိနေပါတယ်။ အာဆင်နယ်တိုက်စစ်ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ တိုက်စစ်သမား ဖြစ်လာမလား စောင့်ကြည့်ဖို့ လိုအပ်ပေမယ့် မာတင်နယ်လီဟာ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်လာဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

ZAWGYI – အာဆင္နယ္မန္ေနဂ်ာ အာတီတာနဲ႔ တိုက္စစ္သမား အူဘာမီယန္တို႔က အသင္းက ဆယ္ေက်ာ္သက္ တိုက္စစ္သမား မာတင္နယ္လီကို ထိပ္တန္းအဆင့္ကို ေရာက္လာမယ့္ တိုက္စစ္မွဴးအျဖစ္ ခ်ီးက်ဴးမႈေတြ လုပ္ခဲ့တယ္။

ရွက္ဖီးကို အိမ္ကြင္းမွာ သေရက်တဲ့ပြဲမွာ ဂိုးရယူႏုိင္ခဲ့တဲ့ေနာက္ မာတင္နယ္လီဟာ ဒီရာသီမွာ သြင္းဂိုး ၉ ဂိုးထိ ရယူထားႏုိင္ခဲ့ျပီး ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ ျပဳလုပ္ထားႏုိင္ခဲ့ပါတယ္။ သူဟာ အာဆင္နယ္အတြက္ အရန္လူအျဖစ္ အဓိက ပြဲထြက္ေပးေနျပီး အေတြ႔အၾကံဳေကာင္းေတြ ရွာေဖြေနသူျဖစ္တယ္။

အူဘာမီယန္က ” မာတင္နယ္လီက အာဆင္နယ္မွာ ထိပ္တန္းတစ္ဦး ျဖစ္လာမွာပါ။ သူ႔ရဲ႕ ဂိုးသြင္းမွတ္တမ္းကလည္း ခ်ီးက်ဴးစရာပါပဲ။ သူက သြင္းဂိုးတင္ မကပဲ လႈပ္အားႏႈန္းနဲ႔ စိတ္ဓါတ္ပိုင္းမွာလည္း ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္ ” လို႔ လူငယ္တိုက္စစ္သမားေလးကို မွတ္ခ်က္ေပးခဲ့တာျဖစ္တယ္။

မန္ေနဂ်ာ အာတီတာကလည္း ” သူက ၁၈ ႏွစ္ဆိုတဲ့ အရြယ္နဲ႔ မလိုက္ေအာင္ကို ထူးခၽြန္ပါတယ္။ အေတြ႔အၾကံဳ အရမ္း မမ်ားေသးေပမယ့္ ပြဲဖတ္မႈနဲ႔ ဆံုးျဖတ္ခ်က္လုပ္ရာမွာ သိပ္ေကာင္းပါတယ္။ သူကစားတာကို ေစာင့္ၾကည့္ေနရတာက စိတ္လႈပ္ရွားစရာပါပဲ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ဂန္းနားတိုက္စစ္သမား အူဘာဟာ လာမယ့္ ပြဲ ႏွစ္ပြဲကိုလည္း လြဲေခ်ာ္ဦးမွာျဖစ္လို႔ အာတီတာအေနနဲ႔ မာတင္နယ္လီကို ဆက္လက္ ေနရာေပးဖို႔ ရွိေနပါတယ္။ အာဆင္နယ္တိုက္စစ္ကို ဦးေဆာင္ႏုိင္စြမ္းရွိတဲ့ တိုက္စစ္သမား ျဖစ္လာမလား ေစာင့္ၾကည့္ဖို႔ လိုအပ္ေပမယ့္ မာတင္နယ္လီဟာ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္လာဖို႔ အလားအလာေကာင္းေတြ ပိုင္ဆုိင္ေနျပီျဖစ္ပါတယ္။