ဒီည ဖူလ်ဟမ် – မန်စီးတီး ပွဲ စဉ် အတွက် ဆရာကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ် ဟောကိန်းထုတ်မှု

မန်ချက်စတာစီးတီးဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ လန်ဒန် တစ်သင်း ဖြစ်တဲ့ ဖူလ်ဟမ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားမှာ ဖြစ်ပါတယ်။ ပွဲကတော့ ဒီနေ့ တနင်္ဂနွေနေ့ ည ၇ နာရီခွဲ အချိန်မှာပါ။

ဝါရင့် သုံးသပ်ဆရာကြီး ပေါမာဆန်ကတော့ ဖူလ်ဟမ် – မန်စီးတီး ပွဲ အတွက် ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အာဆင်နယ်ကို ရင်ဆိုင်ကစားခဲ့တဲ့ မန်စီးတီးရဲ့ ခြေစွမ်းကို ကြည့်ပြီး သူတို့ကို ဘယ်အသင်းကများ အနိုင်ယူနိုင်မလဲလို့ တွေးမိ ပါတယ်။ သူတို့က အခြားသော ပြိုင်ဘက်တွေထက် ခေါင်းတလုံး ပိုသာနေပါတယ်။

စီတီးက သိပ်ကိုကောင်းနေတာပါ။ သူတို့က လိဂ် ဦးဆောင်သူ ဖြစ်လာဖို့ ရှိနေပြီး အခုကစလို့ ပွဲတိုင်းကို အနိုင်ရတော့မယ့် ပုံစံပါပဲ။

ချန်ပီယံနေရာ အဆုံးအဖြတ်ပေးမယ့် စီးတီးပွဲမှာ အာဆင်နယ်က ဘယ်လိုမှ မတုန့်ပြန်နိုင်ခဲ့ပါဘဲ အနိုင်ယူခြင်း ခံခဲ့ရပါတယ်။ ပက် ဂွာဒီယိုလာရဲ့ အသင်းက နောက်ထပ် အဆင့်တစ်ခုကို ရောက်နေပါပြီ။

ကျဉ်းထဲကြပ်ထဲ အခြေအနေတွေမှာ သိပ်ကောင်းပါတယ် ဆိုတဲ့ အာဆင်နယ်ကို သူတို့ အနိုင်ယူပြခဲ့တာက အံ့အား သင့်ဖို့တောင် ကောင်းပါတယ်။

မန်စီးတီးက ပြီးခဲ့တဲ့ ရလဒ်ကို ကျေနပ် အားရနေခြင်း မရှိဘူးဆိုရင် ဒီပွဲမှာ သူတို့ သက်သောင့်သက်သာ အနိုင်ရပါလိမ့်မယ်။ ဖူလ်ဟမ်က ဘောလုံးကစားနေတာ ကောင်းပေမယ့် မန်စီးတီးကို ယှဉ်နိုင်မယ်တော့ မထင်မိပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဖူလ်ဟမ် 1-3 မန်စီးတီး