အာတီတာရဲ႕ အာဆင္နယ္အသင္းမွာ ျပံဳးရယ္ ေပ်ာ္ရႊင္ေနတဲ့ အိုေဇးလ္
အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ အိုေဇးလ္ဟာ နည္းျပသစ္ အာတီတာ ေရာက္လာျပီးေနာက္ အသင္းမွာ ျပံဳးေပ်ာ္႐ႊင္ေနတာ ျမင္ေတြ႕ရေၾကာင္း အသင္းေဖာ္ ခံစစ္မွဴး မစတာဖီက ဖြင့္ဟ ေျပာၾကားလိုက္ပါတယ္။
အိုေဇးလ္ဟာ ဂိုးဖန္တီးမႈေတြ၊ တိုက္စစ္လမ္းေၾကာင္းပုံေဖာ္မႈေတြမွာ အင္မတန္ထူးခြၽန္သူျဖစ္ေပမယ့္လည္း လုပ္အားႏႈန္း နည္းပါးသူ ထရိန္နင္မွာ ျငိမ္သက္လြန္းသူ တစ္ေယာက္ အျဖစ္ တခ်ိဳ႕နည္းျပေတြက သိပ္ သေဘာမက်ၾကပါဘူး။ အထူးသျဖင့္ လုပ္အားႏႈန္း ပိုသံုးရတဲ့ ဖိအားေပး ကစားကြက္ေတြ ေခတ္စားလာတာေၾကာင့္ အိုေဇးလ္တို႔လို ကြင္းလယ္ဖန္တီးရွင္ေတြ ႐ုန္းကန္ရလိမ့္မယ္လို႔လည္း နည္းစနစ္ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။
နည္းျပသစ္အာတီတာကေတာ့ အိုေဇးလ္ကို သေဘာက်သူ ျဖစ္ျပီး အဓိက ကစားသမားတစ္ေယာက္အျဖစ္ ပြဲထုတ္ ကစားေနခဲ့တာပါ။ အိုေဇးလ္ ကလည္း နည္းျပသစ္ အာတီတာလက္ထက္မွာ ေပ်ာ္႐ႊင္လ်က္ရွိေနတယ္လို႔ မူစတာဖီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
” အိုေဇးလ္နဲ႔ က်ေနာ္ နဲ႔က သူငယ္ခ်င္းအရင္းႀကီးေတြပါ။ က်ေနာ္ သူ႔ အေၾကာင္းကို ေကာင္းေကာင္းသိပါတယ္။ အာဆင္နယ္ ကစားသမား ဘဝ မတိုင္ခင္ကတည္းက က်ေနာ္တို႔ ရင္းႏွီးခဲ့ၾကတာပါ။ အိုေဇးလ္ရဲ႕ ပြဲတစ္ပြဲ အေပၚ ရႈျမင္ပုံက တစ္မ်ိဳး ျဖစ္တယ္။ က်ေနာ္တို႔နဲ႔ေတာ့ သိပ္ မတူဘူး။ ဒါေပမယ့္ အိုေဇးလ္က သူ႔နည္းသူ႔ဟန္နဲ႔ အသင္းကိုေရာ၊ အသင္းေဖာ္ေတြကိုေရာ ကူညီေပးႏိုင္တဲ့သူပါ။
အသင္း တစ္သင္းအေနနဲ႔ ပိုင္ဆိုင္ထားသင့္တဲ့ ကစားသမားေကာင္းတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ သူက နည္းျပအာတီတာ ေရာက္လာျပီးေနာက္ ေပ်ာ္႐ႊင္ေနတယ္။ အသင္းရဲ႕တိုက္စစ္ကို ပုံေဖာ္ေပးခ်င္တာက သူ႔ရဲ႕ဆႏၵျဖစ္ၿပီး အခု သူ႔စိတ္တိုင္းက် ကစားခြင့္ ရေနတာ ျဖစ္တဲ့အတြက္ သူေပ်ာ္ေနတာပါ။ အိုေဇးလ္ အေနနဲ႔ အသင္းကို အမ်ားႀကီး အေထာက္အကူျပဳႏိုင္ဦးမယ္လို႔ က်ေနာ္ ယုံၾကည္ေနပါတယ္ ” လို႔ မူစတာဖီက ေျပာၾကားခဲ့ပါတယ္။
အိုေဇးလ္ဟာ ဒီႏွစ္ေဘာလုံးရာသီ အာဆင္နယ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၇ ပြဲပါဝင္ကစားေပးထားရာမွာေတာ့ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ ေပးထားပါတယ္။
Unicode – အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ဟာ နည်းပြသစ် အာတီတာ ရောက်လာပြီးနောက် အသင်းမှာ ပြုံးပျော်ရွှင်နေတာ မြင်တွေ့ရကြောင်း အသင်းဖော် ခံစစ်မှူး မစတာဖီက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
အိုဇေးလ်ဟာ ဂိုးဖန်တီးမှုတွေ၊ တိုက်စစ်လမ်းကြောင်းပုံဖော်မှုတွေမှာ အင်မတန်ထူးချွန်သူဖြစ်ပေမယ့်လည်း လုပ်အားနှုန်း နည်းပါးသူ ထရိန်နင်မှာ ငြိမ်သက်လွန်းသူ တစ်ယောက် အဖြစ် တချို့နည်းပြတွေက သိပ် သဘောမကျကြပါဘူး။ အထူးသဖြင့် လုပ်အားနှုန်း ပိုသုံးရတဲ့ ဖိအားပေး ကစားကွက်တွေ ခေတ်စားလာတာကြောင့် အိုဇေးလ်တို့လို ကွင်းလယ်ဖန်တီးရှင်တွေ ရုန်းကန်ရလိမ့်မယ်လို့လည်း နည်းစနစ်ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
နည်းပြသစ်အာတီတာကတော့ အိုဇေးလ်ကို သဘောကျသူ ဖြစ်ပြီး အဓိက ကစားသမားတစ်ယောက်အဖြစ် ပွဲထုတ် ကစားနေခဲ့တာပါ။ အိုဇေးလ် ကလည်း နည်းပြသစ် အာတီတာလက်ထက်မှာ ပျော်ရွှင်လျက်ရှိနေတယ်လို့ မူစတာဖီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
” အိုဇေးလ်နဲ့ ကျနော် နဲ့က သူငယ်ချင်းအရင်းကြီးတွေပါ။ ကျနော် သူ့ အကြောင်းကို ကောင်းကောင်းသိပါတယ်။ အာဆင်နယ် ကစားသမား ဘဝ မတိုင်ခင်ကတည်းက ကျနော်တို့ ရင်းနှီးခဲ့ကြတာပါ။ အိုဇေးလ်ရဲ့ ပွဲတစ်ပွဲ အပေါ် ရှုမြင်ပုံက တစ်မျိုး ဖြစ်တယ်။ ကျနော်တို့နဲ့တော့ သိပ် မတူဘူး။ ဒါပေမယ့် အိုဇေးလ်က သူ့နည်းသူ့ဟန်နဲ့ အသင်းကိုရော၊ အသင်းဖော်တွေကိုရော ကူညီပေးနိုင်တဲ့သူပါ။
အသင်း တစ်သင်းအနေနဲ့ ပိုင်ဆိုင်ထားသင့်တဲ့ ကစားသမားကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူက နည်းပြအာတီတာ ရောက်လာပြီးနောက် ပျော်ရွှင်နေတယ်။ အသင်းရဲ့တိုက်စစ်ကို ပုံဖော်ပေးချင်တာက သူ့ရဲ့ဆန္ဒဖြစ်ပြီး အခု သူ့စိတ်တိုင်းကျ ကစားခွင့် ရနေတာ ဖြစ်တဲ့အတွက် သူပျော်နေတာပါ။ အိုဇေးလ် အနေနဲ့ အသင်းကို အများကြီး အထောက်အကူပြုနိုင်ဦးမယ်လို့ ကျနော် ယုံကြည်နေပါတယ် ” လို့ မူစတာဖီက ပြောကြားခဲ့ပါတယ်။
အိုဇေးလ်ဟာ ဒီနှစ်ဘောလုံးရာသီ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲပါဝင်ကစားပေးထားရာမှာတော့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် ပေးထားပါတယ်။