ဟာလန်း ဂိုး ၅ဝ သွင်းတဲ့ထိ လုပ်ပြနိုင်မယ် မထင်ခဲ့ဘဲ အံ့သြနေရတဲ့ အသင်းဖော် ဝေါ်ကာ
ဒီရာသီမှာ မယုံနိုင်ဖွယ်ရာ ဂိုး ၅၀ သွင်းယူပြီးနောက် ဟာလန်းဟာ နောက်ထပ် စံချိန်သစ်တွေ ဆက် ချိုးသွားနိုင်တယ် လို့ မန်စီးတီးအသင်းဖော် ကိုင်လီဝေါ်ကာက ထောက်ခံ စကားဆိုလိုက်ပါတယ်။
ဟာလန်းဟာ တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းယူပြီးနောက် မန်စီးတီး အတွက် ဂိုး ၅၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။
ဟာလန်းမှာ ကြီးမားတဲ့ အရည်အသွေးရှိပေမယ့်လဲ အခုလောက်ထိ ဂိုး ၅၀ သွင်းလိမ့်မယ်လို့ မထင်ခဲ့ဘူးဘူလို့ ကိုင်လီ ဝေါ်ကာက ဝန်ခံခဲ့ပါတယ်။
ဒါပေမယ့် လာမယ့်ရာသီတွေမှာ ဟာလန်းအနေနဲ့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကို ဆက်လက် ထိန်းသိမ်းနိုင်မယ်လို့ ဝေါ်ကာက ထင်မြင်နေပြီး စံချိန်သစ်တွေ ရေးထိုးဖို့ ထောက်ခံအားပေးခဲ့ပါတယ်။
“ချန်ပီယံလိဂ်မှာ သူနဲ့ရင်ဆိုင်ကစားရကတည်းက သူ့ရဲ့ အရည်အချင်းကို ကျွန်တော်တို့ မြင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းမှာ သူ ချက်ချင်းကြီး အထိုင်ကျပြီးတော့ ဒီလောက် ဂိုးတွေရလိမ့်မယ်လို့ မထင်ခဲ့ဘူး။
လိဂ်အသစ်၊ အသင်းသစ်ကို လာကစားရတာက အမြဲတမ်း ခက်ခဲတယ်လေ။ ဒါက ကစားသမားရဲ့ အဆင့်အတန်း၊ အသက်၂၂ နှစ် အရွယ် လူငယ်တစ်ယောက်ရဲ့ ရင့်ကျက်မှုကို ပြနေတာ။ ဒီပုံစံ အစွန့်ရှည်ပါစေပေါ့။ သူ လုပ်ပြခဲ့တာတွေက တကယ်ကို ထူးခြားအံ့ဩစရာပါ။
ဟာလန်း၊ ကိန်းတို့လို အကောင်းဆုံး နံပါတ် ၉ ကစားသမားတွေနဲ့ တွဲကစားခဲ့ရတာ ကျွန်တော့်အတွက် အခွင့်ထူးပါပဲ။ သူတို့သွင်းတဲ့ ဂိုးတွေက အရမ်းအားကောင်းတယ်။
ဟာလန်းက အခုဆိုရင် နောက်တဆင့်ကို တက်သွားပြီ။ သူ့အသက် ငယ်ငယ်လေးပဲ ရှိသေးတာဆိုတော့ ဒီအတိုင်း ဆက် လုပ်သွားရင် သူ စံချိန်တွေအများကြီး ထပ်ချိုးနိုင်ပါလိမ့်မယ်။ ” လို့ ဝေါ်ကာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။